Pages

Monday, November 25, 2013

3D အာရုံခံစနစ် ကုမ္ပဏီ PrimeSense ကို ဝယ်ယူခဲ့ကြောင်း Apple အတည်ပြု

http://www.myanmarmobileapp.com/wp-content/uploads/2013/11/1465344_10152007482416422_805189910_n-418x215.jpg 
Apple သည် 3D အာရုံခံစနစ် ထုတ်လုပ်သော အစ္စရေးနိုင်ငံ အခြေစိုက် PrimeSense ကုမ္ပဏီအား ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။PrimeSense သည် Microsoft ၏ Xbox 360 ဂိမ်းစက်တွင် ကိုယ်အမှုအရာဖြင့် ထိန်းချုပ် ကစားနိုင်သည့် Kinect sensor အတွက် ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။
 
Apple ၏ ပြောရေးဆိုခွင့်ရှိသူ Kristin Huguet က Apple အနေဖြင့် PrimeSense အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း AllThingsD သို့ အတည်ပြုသွားခဲ့သည်။ သို့သော် ဝယ်ယူသည့် တန်ဖိုးအား ထုတ်ပြန်ရန် ၎င်းက ငြင်းဆိုခဲ့သည်။ Huguet က Apple အနေဖြင့် နည်းပညာ ကုမ္ပဏငယ်များကို ရံဖန်ရံခါ ဆိုသလို ဝယ်ယူနေပြီး မိမိတို့၏ အစီအစဉ်များ နှင့် ရည်ရွယ်ချက်များကို ဆွေးနွေးလေ့ မရှိကြောင်း ပြောကြား သွားခဲ့သည်။

PrimeSense ကုမ္ပဏီ၏ နည်းပညာများကို 3D scanner, iRobot ၏ Ava, Asus ၏ Xtion တို့တွင်လည်း အသုံးပြုခဲ့သည်။ PrimeSense ကုမ္ပဏီကို အစ္စရေးနှင့် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်သော Canaan Partners Global, Gemini Israel နှင့် Genesis Partners တို့က ဒေါ်လာ ၈၅ သန်းဖြင့် စတင် တည်ထောင်ခဲ့သည်။

Ref: CNET
Credit to:Internet Journal

No comments:

Post a Comment

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.