အင်္ဂံလိပ်စာလေ့လာနေသူများအတွက် Developer Poe Poe Myit Swe ရေးထားတဲ့အခြေခံအကျဆုံး အသံထွက်နဲ့ ဆန္ဒတွေပြောနိုင်တဲ့ Speak Your Wishes ဆိုတဲ့ app ကိုပြန်လည်မျှဝေပါတယ်။
***Developer Poe Poe Myit Swe ရေးထားတဲ့အတိုင်းဖတ်နိုင်ပါတယ်၊ဘာမှမပြင်ထားပါ***
အင်္ဂလိပ်စကားပြော လေ့လာနေသူများအတွက်...Admin ကိုယ်တိုင် ရေးသားထားသော Android APK
ဒီ Speak Your Wishesဆိုတဲ့ APP တွင် English စကားပြော လေ့လာနေသူများအတွက် အခြေခံအကျဆုံး အသံထွက်နဲ့ ဆန္ဒတွေ ပြောနည်းကို ရေးပေးထားပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝ စကားပြော စသင်ချိန်မှာ ဆန္ဒလေးတွေ ပြောပြီး စခဲ့ရတာ မဟုတ်လား။ စကားပြောတတ်ခါစ “ရေ..ရေ” တို့၊ နောက် နည်းနည်းပြောတတ်လာတော့ “ရေ သောက်ချင်တယ်”တို့ ဖြစ်လာတာပါ။ ဒါကြောင့် ဆန္ဒတွေကို
ပြောတတ်စေဖို့ ရည်ရွယ်ပြီး would like to သင်ခန်းစာများကို ရေးသားပေးလိုက်ရပါတယ်။ Text to Speechပါတဲ့ ဖုန်းတွေမှာ အသံထွက်နားထောင်လို့ ရမှာ ဖြစ်ပြီး မပါတဲ့ ဖုန်းတွေမှာတော့ အသံထွက်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ အသံထွက်ဟာ စာကို စက်နဲ့ ဖတ်တာ ဖြစ်တဲ့အတွက် တန်းတန်းကြီး ဖတ်သွားတာ
တွေ့ရမှာပါ။တကယ်တန်း ပြောတဲ့အခါ လေသံအနိမ့်အမြင့်၊ အတက်အကျနဲ့ ပြောလေ့ရှိပါတယ်။
လေ့ကျင့် ရွတ်ဆိုတဲ့အခါ သံနေသံထားနဲ့ လေ့ကျင့်ကြည့်ပါ။ဒီ app ထဲမှာ နမူနာ စာကြောင်းပေါင်း ၁၂၀ ပါဝင်ပြီး ဒါတွေကို မိမိညဏ်နဲ့ ချဲ့ထွင်ရေးသားလို့ ရပါတယ်။
သင်ယူခြင်းရဲ့ သဘောက အချက်အလက်တွေကို ကျက်မှတ်ဖို့ မဟုတ်ဘဲ ကိုယ်ပိုင် ချဲ့ထွင်တွေးတော တတ်ဖို့ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများဟာ အင်္ဂလိပ်စာကို မသိဘူးလားဆိုတော့ သိတယ်၊ ပြောတတ်လားဆိုတော့ မပြောတတ်ဘူး၊ ဘယ်လိုပြောရမယ် မသိဘူးဆိုတဲ့လူများအတွက် စတင်နိုင်ဖို့ အစပါ။ ဒီသင်ခန်းစာများကို ရေးသားသူက ကျွန်တော် Developer ကိုယ်တိုင်ဖြစ်ပြီး ကျွန်တော့်ဖခင် ဆရာဦးမြင့်ဆွေရဲ့ အခြေခံ အင်္ဂလိပ်စကားပြောသင်ရိုးကို မှီငြမ်း ရေးသားထားတာ ဖြစ်ပါတယ်။ အမှားအယွင်း တစုံတရာ ရှိခဲ့ရင် ကျွန်တော် Developer ကိုယ်တိုင် တာဝန်ခံမည် ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော လေ့လာသူများအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။
*****************************
Google Play ကဒေါင်းလုပ်ဖို့အဆင်မပြေတဲသူများအောက်မှာဒေါင်းနိုင်ပါပြီ
No comments:
Post a Comment
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.