
နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ် လုပ်ဖြန့် ချိရောင်းချပေးတော့ မှာပါ။
ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေကအမွန်းတင်ထားပါတယ်။
Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင်
မျက်နှာပြင်ထိခိုက်ခြင်းမရှိတာကို စမ်းသပ်တွေ့ရှိထားပါတယ်။
ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေဖြစ်တဲ့ Gorilla Glass တွေထက်
ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေဖြစ်တဲ့ Gorilla Glass တွေထက်
ပိုမိုကြံ့ခိုင်ပြီး တို့ထိအာရုံခံစနစ် ကိုလည်းအနှောက်အယှက် မပေးဘူးလို့သိရပါတယ်။
သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5C တို့မှာသာတပ်ဆင်
သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5C တို့မှာသာတပ်ဆင်
အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အခြားစမတ်ဖုန်းတွေမှာ ရမရဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ရောင်းဈေး အမေရိကန် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဈေးနဲ့ ဖြန့်ချိရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ခွန်နေ(AMMG)
Ref:DailMail
Stuff Myanmar Magazine
Stuff Myanmar Magazine
No comments:
Post a Comment
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.