အဆိုပါဂျီအက်စ်အမ်ဆင်းမ်ကတ်များသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိအသုံးပြုမည်ဖြစ်ပြီး
ငွေဖြည့်ကတ်များကိုမူ ကိုယ်တိုင်ဝယ်ယူအသုံးပြုရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြောသည်။
အခမဲ့ထောက်ပံ့ပေးသည့် ဂျီအက်စ်အမ်ဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်းကျင်းပမည့် မသန်မစွမ်း အားကစားပွဲတော်အတွက်ပါ အသုံးပြုသွားရန် ရည်ရွယ်ထားပြီး ဆင်းမ်ကတ်များကို ယခုအခါ၌ မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ မြန်မာ့ဆက်သွယ်ရေးမှ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံခြားသားများ အသုံးပြုနိုင်ရန် ငွေကျပ် ၂ သောင်းပါဝင်သည့် တစ်ခါသုံးဂျီအက်စ်အမ်ဆင်းမ်ကတ်များကိုလည်း ရန်ကုန်၊ နေပြည်တော်၊မန္တလေး စသည့် လေဆိပ်များ၌ ရောင်းချပေးသွားမည်ဖြစ်ပြီး အားကစားကွင်းများအတွင်းရှိ Social Zone များ၌လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဦးကျော်စိုးဝင်းက ပြောဆိုထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းအားကစားပွဲအတွက် ရည်ရွယ်၍ အင်တာနေရှင်နယ် အိတ်ချိန်း၌ လိုင်းအင်အားများ တိုးချဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။ နိုင်ငံအတွင်းရှိ အင်တာနေရှင်နယ် အိတ်ချိန်းနှစ်ခု၌ လိုင်းအင်အား ၁၁၇၉၀ ခန့်သာ အသုံးပြုနိုင်သည့်အတွက် အင်တာနေရှင်နယ်အိတ်ချိန်းအသစ်တစ်ခုကို တိုးချဲ့တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
တိုးချဲ့တည်ဆောက်နေသည့် အင်တာနေရှင်နယ် အိတ်ချိန်းအသစ်သည် နိုဝင်ဘာအတွင်း ပြီးစီးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုထားပြီး အိတ်ချိန်းအသစ်၌ လိုင်းအင်အား ၉၀၀၀ တိုးချဲ့ အသုံး ပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားကွင်းများအနီး၌ အိတ်ချိန်းများတိုးချဲ့တပ်ဆင်ပြီး ဖုန်းလိုင်းအင်အားများ ပိုမိုအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟုသိရသည်။
မြင့်ကျော်လှိုင်
Credit to:Internet Journal

No comments:
Post a Comment
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.