Pages

Wednesday, December 11, 2013

iOS 7 ၏အောင်မြင်မှု

Screen_Shot_2013-12-05_at_6.04.06_PM
Apple အနေနဲ့ မကြာသေးမှီအချိန်ကာလက iOS Device များအတွက် နောက်ဆုံးထွက် Version ဖြစ်တဲ့ iOS7 ကိုစိတ်လှူပ်ရှားစရာတွေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။

iOS7 ဟာ iOS6 ပဲပြုပြင်ပြောင်းလဲလိုက်တာမဟုတ်တော့ပဲနဲ့ လုံးဝကို အသစ်ဖြစ်သွားခဲ့ပါတယ်။
Flat UI ကိုအဓိကထား ပြောင်းလဲအသုံးပြုခဲ့ပြီး မှူန်ဝါးသောမြင်ကွင်းပုံစံ Blur Effect များကိုလည်း လှပစွာ ထည့်သွင်းအသုံးပြုထားခဲ့ပါတယ်။Design ပဲပြောင်းလဲတာလား ဆိုတော့ မဟုတ်ပါဘူး။ ထူးခြားဆန်းသစ်သော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။

iOS7 ကို Apple ရဲ့ New Product တွေဖြစ်တဲ့ iPhone 5s , iPhone 5C , iPad Air , iPad Mini with Retina သောထူးခြားကောင်းမွန်တဲ့ Device တွေနဲ့ ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။
မကြာခင်ကပဲ Apple တို့ အနေနဲ့ သူတို့ ရဲ့ iOS7 ကို User အသုံးပြုမှူ နှူန်းထား ကို ဖော်ပြပေးခဲ့ပါတယ်။
User တွေအနေနဲ့ သူတို့ရဲ့ iDevice တွေမှာ iOS7 ကိုအသုံးပြုမှူရာခိုင်နှူန်းကတော့ 74% ဖြစ်ပါတယ်။
iOS6 ကိုအသုံးပြုနေမှူရာခိုင်နှူန်းကတော့ 22% ဖြစ်ပါတယ်။

အခြားသော iOS5,4 စတဲ့ Version တွေကိုအသုံးပြုမှူရာခိုင်နှူန်းကတော့ 4% ပဲဖြစ်ပါတယ်။
ဒါကြောင့် iOS7 ဟာဆိုရင်ဖြင့် နောက်ဆုံးထွက် Version ဖြစ်သလို.. User တွေရဲ့အကြိုက်ဆုံး iOS Version တစ်ခုလည်းဖြစ်တာကြောင့် Apple တို့ရဲ့  iOS7 ဟာအောင်မြင်မှူရခဲ့ပါတယ်။

Credit To : Apple 4 MM

No comments:

Post a Comment

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.