Pages

Sunday, December 8, 2013

WIFI Password v1.1 for Android

 
WIFI Password v1.1.Apk (for android rooted) Wifi Password ဆိုတဲ့ android သုံး App လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဒီ App လေးဟာ Wifi Hack တဲ့ဆော့ဖ်ဝဲ မဟုတ်ပါဘူး။ Wifi ကို ကိုယ့်ဖုန်းလေးနဲ့ နေရာမျိုးစုံတွေမှာ အသုံးပြုခဲ့ပြီး Password တွေကို မေ့နေတဲ့ အခါမျိုးမှာ ဒီ App ထဲပြန်ဝင်ရှာပြီး တိုက်ရိုက်ချိတ်ဆက် အသုံးပြုစေနိုင်မှာပါ။ မိမိဝင်ရောက်အသုံးပြုခဲ့တဲ့ wifi password တွေကို ဒီ App လေးကနေ သိမ်းဆည်း ပေးထားမှာပဲ ဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ်။ကိုယ်ဝင်သုံးခဲ့တဲ့ wifi ပိုင်ရှင်က password မပြောင်းသရွေ့ပေါ့ဗျာ။ ပိုင်ရှင်က password ပြောင်းပလိုက်ထားရင် တော့ ပြန်ဝင်သုံးလို့ရမှာ မဟုတ်ပါဘူး။ ကိုယ်ဝင်သုံးခဲ့တဲ့ wifi password တွေကို သိမ်းမှတ်ပေးထားတဲ့ App လို့ ခေါ်ရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အသုံးလိုမယ်ထင်ရင်တော့ အောက်မှာ ဒေါင်းလင့်ခ် ချပေးလိုက်ပါမယ်။ Apk File Size 208KB လေးပဲရှိပြီး Android OS Version1.6 နှင့်အထက်ရှိ ထားသော ဖုန်းများမှာ ထည့်သွင်းချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ တစ်ခုရှိသေးတယ်နော်။ဖုန်းက Rooted ဖြစ်ထားဖို့လိုပါသေးတယ်။ အောက်မှာ ဒေါင်းယူသွားလိုက်ပါ။

Download >> Link 1 / Link 2

Credit To :ကိုဇော်သွင် စန္ဒယားနှင့်ကီးဘုတ်
                 Myanmar Mobile Users Group

No comments:

Post a Comment

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.