Pages

Friday, December 6, 2013

မျက်နှာပြင် နှစ်ဖက်လုံး သုံးလို့ရတဲ့ Yota smartphone (Review)


 
၂၀၁၃ ခုနှစ် အတွက် ထူးခြားသော ဖုန်းတစ်လုံး ဖြစ်ပါတယ်။မျက်နှာပြင် နှစ်ဖက်လုံး သုံးလို့ရပြီး အခြားဖုန်းများထက်ထူးခြားသော အရည်အသွေးနှင့် ဒီဇိုင်းများကို ၎င်းဖုန်းတွင်တွေ့ရ ပါတယ်လို့ ဆိုပါတယ်။

ဒီဇိုင်း
ဒီဇိုင်းပိုင်း အနေနဲ့ကလည်း အလွန်ပင် ဆန်းပြားပါတယ်။ဖုန်းနောက်ဖက် မျက်နှာပြင်ကို LED မဟုတ်ဘဲ
E Ink ဖြစ် ပြသ ထားတယ်လို့ ဆိုပါတယ်။ ထို့ကြောင့် မျက်နှာပြင်နှစ်ဖက်လုံး ကြည့်ကောင်းအောင် ဖန်တီးပေး ထာပါတယ်။၎င်းဖုန်း၏ စုစုပေါင်း အတိုင်းအတာ 133.6 x 67 x 9.99 mm ဖြစ်ပါတယ်။ ဖုန်း၏ စုစုပေါင်း အလေးချိန်ကတော့ ၁၄၆ ဂရမ် ဖြစ်ပါတယ်။

မျက်နှာပြင်

ဖုန်းနောက် မျက်နှာပြင် အကျယ်ကတော့ 4.3 လက်မ E Ink ဖြစ်ပါတယ်။နောက်ဖက်တွင် မြေပုံ၊ ဖုန်းကွန်တက်၊ သတင်းအချက်အလက်စသည်တို့ကို ပြသပေးပါတယ်။ မျက်နှာပြင် resolution ကတော့
360 x 640 ဖြစ်ပါတယ်။ရှေ့ဖက် မျက်နှာပြင် အကျယ်ကတော့ 4.3 လက်မ LED ဖြစ်ပါတယ်။
ကြည်လင်ပြတ်သားမှု piexl အစိတ်ပေါင် 314 ဖြစ်ပါတယ်။အရောင်တောက်တယ်၊ ဓာတ်ပုံတွေ ကြည်လင်ပြတ်သားမှု ရှိတယ်လို့ဆိုပါတယ်။

ပြသမှု
Android ဗားရှင်း 4.2.2 ဖြစ်ပြီး Qualcomm Snapdragon S4 processor 1.7GHz ဖြစ်ပါတယ်။

ကင်မရာ
ရှေ့ကင်မရာ အနေနဲ့ကတော့ 1-megapixel ဖြစ်ပြီး နောက်ကင်မရာ 13-megapixel ဖြစ်ပါတယ်။

ဘတ္တရီ
ဘတ္တရီကတော့ 1800mAh ဖြစ်ပြီး 32GB storage ဖြစ်ပါတယ်။နောက်ဖက်မျက်နှာပြင်တွင် ဘတ္တရီ ကုန်သွားသောအခါ မြေပုံ၊ ဖုန်းကွန်တက်နှင့်သတင်းအချက်အလက် စသည့်တို့ကို သုံးလို့ ရအောင် ပြုလုပ်ထားပါတယ်။

နိဂုံးချုပ်
မျက်နှာပြင်လည်း ထူးခြားစွာ နှစ်ဖက်စလုံး သုံးလို့ ရတဲ့ အပြင် ဘတ္တရီလည်း မစားခြင်း ဒီဇိုင်းပိုင်းကလည်း နှစ်သက်ဖွယ်ကောင်းတဲ့ အတွက် ၎င်းဖုန်းဟာ ၂၀၁၃ ခုနှစ် အတွက် လူကြိုက်များစေမယ့် ဖုန်းတစ်လုံးဆိုလည်း မမှားပါဘူး။ ဈေးနှုန်းကလည်း ယူရို ၄၉၉ ဖြစ်သည့်အတွက် သုံးစွဲနိုင်မှာပါ။
ထို့သို့ အကြောင်းအရာများကြောင့် မျက်နှာပြင် နှစ်ဖက်လုံး သုံးလို့ရတဲ့ Yota smartphone လူကြီးမင်းတို့ အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။

ကျော်လင်းနိုင် ( smart.com.mm )
Ref & Credit: Smart Pro Journal

No comments:

Post a Comment

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.