-->

Saturday, September 7, 2013

iPhone 6 ကို Screen size ၆ လက်မဖြင့်ထုတ်လုပ်ရန်စမ်းသပ်နေဟုဆို


ကမ္ဘာကျော် နည်းပညာ Magazine ဖြစ်သော Wall Street Journal မှ ထုတ်ဖော်ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာထွက်ရှိလာမယ့် iPhone 5S နဲ့ 5C တို့ပြီးလျှင် ထွက်ရှိလာမယ့် iPhone 6 အတွက် 5 လက်မအနည်းရှိမည့် Screen ဖြင့်ထုတ်လုပ်ရန် စီစဉ်ပြီး လက်ရှိ iPhone အတွက် Display တို့ကိုထောက်ပံ့ပေးသူများထံမှ အရွယ်အစားကြီးမားသော Display 5.3 နှင့် 6 inch screen များစမ်းသပ်မှာယူနေသည်ဟုဆိုသည်။ 
 
အကယ်၍ ယခုသတင်းသာ အတည်ဆိုပါက Apple ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုသမိုင်းမှာ အကြီးအကျယ်ပြောင်းလဲမယ့်အနေအထားတစ်ရပ်လို့ မိုဘိုင်းဖုန်းဆိုင်ရာဝေဖန်သုံးသပ်သူများက ဆိုပါတယ်။ iPhone 5 မတိုင်ခင်ကအထိ Apple သည် Screen size ၃.၅ လက်မခန့်သာရှိသော iDevice များကိုသာထုတ်လုပ်ခဲ့ရာမှာ စတိဂျော့ဘ်စ်အလွန်ခေတ်တွင် Apple သည် Screen size ၄လက်မဖြင့် iPhone 5 အသစ်ကိုမိတ်ဆက်ပွဲထုတ်လာခဲ့သည်။

“ဒီဖြစ်ရပ်ဟာ Samsung ရဲ့ဈေးကွက်ကိုပြန်လည်လုယူဖို့ကြိုးစားတဲ့ အနေအထားဖြစ်နိုင်ပါတယ်။ လက်ရှိမှာ Samsung ဟာ Screen size 6.3 လက်မထိရှိတဲ့ ဖုန်း Galaxy Mega အထိထုတ်လုပ်နေပြီဖြစ်ပါတယ်။ နောက်တစ်ချက်က ကမ္ဘာ့ Smart ဖုန်းဈေးကွက်မှာ Screen size အနေနဲ့ အနည်းဆုံး ၅ လက်မခန့်နဲ့ထုတ်လုပ်လာကြပြီဖြစ်တာကြောင့် Screen size ၅ လက်မဟာ ကြီးတယ်လို့မဆိုနိုင်တော့ပါဘူး ။ ဒါကြောင့် ဈေးကွက်လိုအပ်ချက်အရရော ၊ ပြိုင်ဆိုင်မှုအရပါ Apple က Display အကြီးနဲ့ထုတ်ဖို့စဉ်းစားတာဖြစ်ပါလိမ့်မယ်လို့” Wall Street Journal မှရေးသားခဲ့သည်။

ရေးသားသူ- သက်နိုင်စိုး

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.