Facebook ဟာ ပြီးခဲ့တဲ့ မတ်လကုန်က ကယ်လီဖိုးနီးယား ပြည်နယ် Melon Park မှာ ရှိတဲ့ Facebook ရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး Facebook ရဲ့ အဓိက ရုံးချုပ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ စတုရန်းပေ ၄သိန်း၃သောင်းကျယ်တဲ့ ယင်းနေရာဟာ မြစ်ကြီးကိုလည်း မျက်နှာမူထားပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင် အကုန်ကျခံလို့တည်ဆောက်ထားတဲ့ နေရာ ဖြစ်ပါတယ်။ သစ်ပင်ပေါင်း ၄၀၀ ကျော်လည်း စိုက်ပျိုးထားပြီးသဘာဝ ပန်းခြံများလည်း ထားရှိထား ပါတယ်။ လုပ်သားအင်အားပေါင်း ၂၈၀၀ ကျော် ၃၀၀ နီးပါးအတွက် အလုပ်လုပ်စရာ နေရာ ဖြစ်ပြီး အချို့ နိုင်ငံရပ်ခြားမှ လာသူများအတွက် နေစရာပါ ဖန်တီးထားပေးတဲ့ နေရာ ဖြစ်ပါတယ်။
Facebook ရဲ့ ရုံးချုပ်တည်ဆောက်မှုကြောင့် Melon Park နေရာ အနီးတစ်ဝိုက်က အိမ်ခြံမြေ ဈေးတွေဟာလည်း တက်ခဲ့ပါတယ်။ Facebook ရဲ့ အဓိက ရုံးချုပ်က ယင်းနေရာ ဖြစ်ပြီး ဒုတိယ ရုံး အနေနဲ့ ကတော့ ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်ကျွန်းရှိ ဒူဘလင်မြို့မှ ရုံး ဖြစ်ပါတယ်။ သူတို့ရဲ့ ရုံးများကို လေ့လာလိုက်မယ်ဆိုရင် Art ဆန်ဆန် ဖန်တီးထားပြီး ရုံးနဲ့မတူပဲ ပြတိုက်ကြီး တစ်ခုပမာ၊ အပန်းဖြေစရာ ကြီး တစ်ခုပမာ တူညီနေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.