-->

Friday, December 13, 2013

Zawgyi-One Flip Font New Version


Android မှာ Font စတိုင် လှလှလေးတွေနဲ့သုံးလို့ရအောင် Zawgyi Flip Font ကိုသုံးခဲ့ကြပါတယ်.. အဲဒီတုန်းက Android 4.1.2 ထိသာ Support ပေးတဲ့အတွက် ခုနောက်ပိုင်းထွက်လာတဲ့ Android ဗားရှင်းသစ်တွေမှာ အဆင်မပြေခဲ့ပါဘူး.. ခု ဒီဗားရှင်းမှာတော့ 4.2.2 နဲ့ 4.3 ထိ Support ပေးထားပါတယ်.
ဖုန်းအားလုံးနဲ့ အဆင်ပြေမယ်လို့တော့ မပြောနိုင်ပါဘူး.. အသုံးလိုရင်တော့ ယူနိုင်ပါတယ်..

Download >> Link 1 / Link 2

တတ်နိုင်သလောက် GooglePlay မှာ ဒေါင်းပေးကြပါ..
GooglePlay လင့်ကတော့ >> https://play.google.com/store/apps/details?id=com.monotype.android.font.myanmar.flipfont


 

Description
- Supported S4 and android 4.2.2 up.
- Beautiful zawgyi-one 14 font pack
- Very easy to change myanmar font for your galaxy devices.
- No need root.
- Low memory space
- Move to SD card or phone.

Developer Myo Min Latt ကို Credit ပေးပါတယ်ခင်ဗျာ..

အဆင်ပြေပါစေ..

Monday, November 25, 2013

Samsung Zawgyi Enabler v1.0 for Android


နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store (www.myanmarmobileapp.com) မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍ Language တွင် Myanmar (Zawgyi) ကိုရွေးချယ်၍ မြန်မာဘာသာစကားဖြင့် ဖုန်းတွင်းစနစ်တစ်ခုလုံးကိုစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတွေအတွက်အခု Samsung Zawgyi Enabler ဆော့ဝဲလေးက အတော်လေးလွယ်ကူအဆင်ပြေသွားစေလိမ့်မယ်လို့ထင်ပါတယ်။ Samsung Zawgyi Enabler ကိုရေးသားဖန်တီးသူကတော့ Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ Samsung Zawgyi Enabler v1.0 for Android ကိုအောက်က link များမှာ download ရယူနိုင်ပါတယ်။
Samsung Zawgyi Enabler v1.0 for Android (Link 1)
Samsung Zawgyi Enabler v1.0 for Android (Link 2)

Friday, November 22, 2013

Samsung တော်တော်များများမှာ Myanmar Font ကို Root မလိုဘူး..


Samsung Note 2 မှာ မြန်မာစာထည့်မရဘူးဆိုလို့.. ဒီကောင်လေးကို ဒေါင်းပြီး Install လုပ်လိုက်ပါ.. ပြီးရင် Setting ထဲက Display မှာ Font ကိုနှိပ်ပြီး Zawgyi ကိုရွေးပေးလိုက်ရင်ရပါပြီ.. ကီးဘုတ်တွေကတော့ ဒီမှာ ရှိတယ်ဗျာ.. ကြိုက်တာသာ တင်.. ဘယ်အမျိုးအစားတွေမရလဲတော့ မသိဘူး. ကျွန်တော်လုပ်ပေးတာကတော့ Android 4.0 အထက်တွေလို့ထင်တာပဲ. root ဖောက်စရာတောင် မလိုပါဘူး.. အဆင်ပြေပါစေ..

Download >> Link 1 / Link 2

Tuesday, November 12, 2013

Jelly Bean တွေ မြန်မာစာ 100% မှန်ပြီ (Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း)



Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D

ဒီဖုန်းတွေမှာ စမ်းသပ်ြ့ပီးဖြစ်ပါတယ်။

Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sony,G510,Y320
Download >> Link 1 / Link 2 / Link 3
Credit To : Tr-Tech (အဓိပတိ)

Saturday, November 9, 2013

Android ဖုန်းတွေအတွက် မြန်မာကီးဘုတ် Sulfur’s အသစ်ထွက်ရှိ


Android ဖုန်းတွေအတွက် Sulfur’s Myanmar Keyboard လို့ ခေါ်တဲ့ မြန်မာကီးဘုတ် အသစ်ထွက်ရှိလာပါပြီ။ဗားရှင်း 1.0.12 ပါ။Keyboard Theme ကိုလည်း မိမိစိတ်ကြိုက်ပြောင်းနိုင်ပါတယ်။စာလုံး အဆင့်တွေရိုက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့စာလုံးက ဖိထားလိုက်ပါ။ဒါဆိုစာလုံးအဆင့်တွေ ပေါ်လာပါလိမ့်မယ်။ကီးဘုတ်ကို English-Myanmar ပြောင်းချင်ရင်Space Bar ကိုဖိပြီး ဘယ်ညာ ပွတ်ဆွဲရုံနဲ့  Keyboard ပြောင်းနိုင်ပါတယ်။လိုချင်ရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

Download >> Link 1 / Link 2

        ကီးဘုတ်ကို English-Myanmar ပြောင်းချင်ရင်Space Bar ကိုဖိပြီး ဘယ်ညာ 
                                 ပွတ်ဆွဲရုံနဲ့  Keyboard ပြောင်းနိုင်ပါတယ်

            Keyboard Setting ပါ။ဒီ Setting ကနေ တစ်ဆင့် Keyboard Theme                                                                          တွေပြောင်းလို့ ရပါတယ်။     
        

Jelly Bean Fix ဆိုတာကို on ထားပါ။


ကီးဘုတ်အတွက် အကို Soe Minn Minn အား Credit ပေးရင်း ကျေးဇူးအရမ်းတင်ပါတယ်

Saturday, October 26, 2013

Myanmar Mobile Zawgyi Changer 2 v1.0.5 for Android




Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင်သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားဖန်တီးထားပါတယ်။
MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature တွေအနေနဲ့

-Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြင်း
-Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ
-ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ်
မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စနစ်
G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အဆင်ပြေစေမည့်စနစ်တွေပါဝင်ပါတယ်။
-MMAS Zawgyi Changer 2 ရဲ့ အခြား feature တွေအနေနဲ့ကတော့ Smart Zawgyi နေရာမှာ အခြား font တွေဖြစ်တဲ့ Zawgyi font , Zawgyi Flower font, Zawgyi Dancing font , Sony Zawgyi font နဲ့ စံမြန်မာဖောင့်တွေပါဝင်ပြီး ယင်း font ခြောက်မျိုးစလုံးကိုစိတ်ကြိုက်ပြောင်းသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
-အရင် version တွေလို မူရင်းဖောင့်(ဥပမာ-တရုတ်ဖောင့်များ)ပျောက်မသွားအောင်လည်း ပြုလုပ်ပေးထားပါတယ်။

MMAS Zawgyi Changer 2 သည် www.myanmarmobileapp.com ၏ Product တစ်ခုဖြစ်ပါသည်။ MMAS Zawgyi Changer 2 v1.0.5 ကို Android version 4.0 မှ Android 4.3 အထိရှိသော ဖုန်းအားလုံးတွင်အသုံးပြုနိုင်မှာဖြစ်ပြီး Android 4.4 ထွက်ရှိလာပါကလည်း MMAS Zawgyi Changer 2 v1.0.5 နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ယခု Font Changer ကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။Myanmar Mobile Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 1)
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 2)





အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Credit To: သက်နို်င်စိုး (Founder of Myanmar Mobile App Store)
               www.myanmarmobileapp.com

Monday, October 7, 2013

Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။

Screenshot_2013-06-18-11-56-02
အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။Y320, G610 ကဲ့သို့သောဖုန်းတွေ
ဝလုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .မည့်သည့် Font မှမပျက်ပါဘူး Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။အဆင်ပြေပါေ

Credit: Phyo Chan (MMSD)
www.myanmarmobilesoftwaredeveloper.com
 
1098074_586902108019682_1617524580_n

Screenshot_1980-01-06-08-21-41 Screenshot_1980-01-06-08-21-47 Screenshot_1980-01-06-08-22-39 Screenshot_1980-01-06-08-22-56

Wednesday, September 18, 2013

Bagan Keyboard Pro 1.6.9

Frozen ကပိုက်ပိုက်နဲ့စရောင်းတော့ဘာသုံးရမှန်းမသိတော့ဘူး ဖြစ်နေသူများအတွက်
Bagan Keyboard Pro လေးသုံးကြည့်ပါ လို့တိုက်တွန်းချင်ပါတယ်။
နီးစပ်လို့ အဆင်ပြေရင် တော့ Frozen ဝယ်သုံးလိုက်ပေါ့ဗျာ။ ဒါမှမဟုတ်
Frozen မှ Frozen ဆိုရင်တော့ ရှာဝယ်ပေါ့နော်..Crack တော့မသုံးစေချင်ဘူးဗျာ..ဘာလို့မသုံးစေချင်လဲ
လို့မေးရင်လဲအဖြေရှိပါတယ်... မြန်မာ Developer တွေကိုအားပေးစေချင်လို့
မြန်မာ IT လောကဒီထက်တိုးတက်ဖို့ အတွက်လို့ဆိုပါရစေ...။
သူ့မှာကျွန်တော်ကြိုက်တာတစ်ခုက Version အနိမ့် Android တွေမှာအလုပ်လုပ်တာပါ။
Official Site မှာတော့ 1.5 ကနေ 4.2 အထိရတယ်လို့ရေးထားတယ်ဗျ။
စာလုံးလဲမှန်တယ် သဝေထိုး (ေ) ရှေ့နောက်ရောက်တဲ့ ပြဿနာလဲမရှိဘူး
သုံးရတာလဲ အဆင်ပြေတယ်... အိုဗျာ Free ဆိုလာထားပဲ အားလုံးအဆင်ပြေတယ်
ခိုးမသုံးရတာတစ်ခုက တော်တော်အဆင်ပြေနေပြီ Official Site ကဒေါင်းချင်ရင်ဒေါင်း မဒေါင်းချင်ရင် 
ကျနော်တင်ထားတဲ့ Upload ကိုအောက်မှာဒေါင်းနိုင်ပါတယ်

ဘယ်ကဒေါင်းဒေါင်း Play Store မှာဝင်ပြီး rate ပေးပါ။ကျေးဇူးတင်ပါတယ်... 
 
Credit To : Tr Tech
trtech-mm.com မှာ မန်ဘာဝင်ခြင်း သို့ Facebook မှာ like လုပ်ချင်းဖြင့်အားပေးနိုင်ပါတယ်။

Android 4.2.2 အထက်ထိ မြန်မာစာ မှန်တဲ့ MMSD Smart Zawgyi V1.2


အရင် version v1.0 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ် Android version 1.6 ကနေ
4.2.2 အထိအသုံးပြုနိုင်ပါတယ်။Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။Y320, G610 ကဲ့သို့သောဖုန်းတွေ
ဝလုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။iMobile istyle များနှင့်
တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့ Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .မည့်သည့် Font မှမပျက်ပါဘူး Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။


MMSD Smart Zawgyi ကိုဖန်တီးပေးကြတဲ့ Myanmar Mobile Software Developer ကအကိုတွေအားလုံးကို CREDIT ပေးပါတယ်ဗျာ..ကျေးဇူးလဲတင်ပါတယ်.
.နောက်များလဲဒီလိုဖန်တီးနိုင်ကြပါစေဗျာ.ကဲအောက်မှာဒေါင်းနိုင်ပါတယ်နော်.အဆင်ပြေပါစေ..

Download >> Link 1 / Link 2
 

Monday, September 2, 2013

Samsung Galaxy အတွက် သီးသန့် မြန်မာစာ New Zawgyi Flipfont

 
Samsung Galaxy ဖုန်း သုံးသမားတွေအတွက် zawgyi font style လန်းလေးတွေပါတဲ့ New Zawgyi Flipfont လေးတခုတင်ပေးလိုက်ပါတယ်။ Font style လေးအစုံပါဝင်ပါတယ်..  New Zawgyi Flipfont လေးကို Playstore မှာလည်းဒေါင်းယူနိုင်ပါတယ်.. မြန်မာစာပုံစံကိုပဲ စတိုင်အမျိုးမျိုးနဲ့ သုံးလို့ရပါတယ်.. အောက်မှာ Screenshot တွေ တင်ပေးထာပါတယ်..

   
 
 

မှတ်ချက်  :  ဤဆော့ဝဲလ်သည် samsung galaxy devices များအတွက်သာ ဖြစ်ပါသည်။

အဆင်ပြေပါစေ..

Credit to : ဇော်မင်းသန်း

Sunday, August 25, 2013

Bagan Keyboard Pro_1.6.4 For Android

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHhiJELylS08U44dcKfs5wWB-dbk0LNRg7WJXQEfx8u-EM9WrhNuktzOekm-fNu81n2_rcyVPCVxhvRT-tdcKbzoJGvWkTUD2v1IQV_4i5Z-vftKjpvAQfX7BYiY2B6hABObkYyOr_i5c/s400/bangen.png

Online မိတ်ဆွေများ အားလုံး မင်္ဂလာပါ။ အခု Share ပေးလိုက်တဲ့ Bagan Keyboard Pro_1.6.4 လေးကတော့  Innovation Technology (Developer) များမှ - 22 August 2013 တွင် Updated လုပ်ပေးလိုက်တဲ့  အတွက် Google Play မှာ ၀င်ရတာ အဆင်မပြေတဲ့ မိတ်ဆွေများအတွက် ထပ်မျှပေးလိုက်တာပါ။ Bagan Keyboard ဆိုတာနဲ့ အားလုံးက သိပြီးသာ ဖြစ်တော့မှာပါ။ ဒီ Version လေးမှာတော့ Color/Themes များ လုံးဝပြောင်းလဲ သွားပါတယ်။ ပြီးတော့ Myanmar3 Unicode Font အသုံးပြုသူများ အတွက်ပါ Myanmar3 ပုံစံဖြင့် Keyboard ပြောင်းသုံးလို့ရနေပါပြီး။ Android OS Smart
ဖုန်းအသုံးပြုတဲ့ ရွှေမြန်မာများ အတွက်အရမ်းကိုကောင်းမွန်ပြီးအသုံးဝင်လှတဲ့ Bagan Keyboard Pro လေးပါ

New Zawgyi One Flip Font For Android-V.1.0



unnamed
ကဲMyanmar Mobile Developer ကိုမျိုးမင်းလတ်ရဲ့ ကြိုးစားမှု့အသစ်ဖြစ်တဲ့ New Zawgyi One Flip Font အသစ်ထပ်မံပြီးထွက်ရှိလာပါပြီခင်ဗျား။Samsung Galaxy Devicesအားလုံးလိုလိုမှာ Root မလိုပါပဲနှင့်Font Style အမျိုးမျိုးကိုပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီNew Flip Font မှာတော့အရင်အဟောင်းကလိုမဟုတ်တော့ပဲ မြန်မာစာဖောင်. စတိုင်ကိုပါ
Root မလိုပါပဲပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်ခင်ဗျ။လောလောဆယ်ဒီဗားရှင်းမှာတော့ Font Style 5 မျိုး (ဇော်ဂျီ Arthouse Style 3 ခုနှင့် ဇော်ဂျီ Pyinoolwin Style and ဇော်ဂျီ Beik Thano Style,ပဲထွက်ရှိလာပါသေးတယ်။နောက်ထွက်လာမယ့်ဗားရှင်းအသစ်မှာတော့ဒီထက်ပိုပြီးများလာလိမ့်မယ်
ထင်ပါတယ်ခင်ဗျား။New Zawgyi One Flip Font ကို Google Play Store တွင်freedownload ရယူနိုင်သလို Myanmar Mobile App Store တွင်လည်းdownload ရယူနိုင်ပြီခင်ဗျား။အောက်ကလင့်ခ်တွင်ရယူနိုင်ပါပြီ။

Requires Android - 2.1 and up

new
newz
newza
Credit To: MyoMinLatt
 
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျား

Friday, August 23, 2013

Android အတွက် နောက်ဆုံးထွက် Bagan Keyboard Pro v1.6.3


Bagan Keyboard ဟာ ခုနောက်ပိုင်း တော်တော် သုံးလာကြတယ်ဗျ.. Android Version အမြင့်တွေမှာလည်း ကောင်းကောင်း အလုပ်လုပ်တယ်.. ဒီဇိုင်းကလည်း မဆိုးဘူး.. ဒီတော့ Bagan Keyboard Pro သုံးနေကြတဲ့ မိတ်ဆွေများအတွက်  နောက်ဆုံးထွက် Bagan Keyboard Pro v1.6.3 ကို ပြန်လည် မျှဝေလိုက်ပါတယ်.. တီထွင်ဖန်တီးတဲ့ Bagan Innovation Technology ကိုလည်း ကျေးဇူးတင်ပါတယ်..အဆင်ပြေပါစေ..




   
   

Thursday, August 15, 2013

Bagan Keyboard Pro v1.6.0

Bagan Keyboard Pro  အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
 8 လပိုင်း 14 ရက်နေ့ အပ်ဒိတ် Bagan Keyboard Pro v1.6.0 လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မားကတ်ထဲမှာလည်းရယူနိုင်သလို အောက်ကလိပ်စာမှာလည်းရယူနိုင်ပါတယ်