အချို့ Software တွေကို Install လုပ်တဲ့အခါ ISIS error ဆိုတဲ့ခေါင်းစဉ်နဲ့
Error Launching Installer ဆိုပြီး Install ဆက်လုပ်လို့မရတော့တဲ့ ပြဿနာ
ဖြစ်တတ်ပါတယ်..
ပထမဆုံး
ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သိသလောက် နည်းနည်း ရှင်းပြချင်ပါတယ်..
1. Internet က Download လုပ်တဲ့အခါ Connection ကြောင့်ပဲဖြစ်ဖြစ်
အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် file ဟာ ကောင်းကောင်းမွန်မွန် အပြည့်အစုံ
Download မရခြင်း၊
2. Download လုပ်လိုက်တဲ့ဖိုင်ကို အရင်ရှိနှင့်ပြီးသားဖိုင်က Modified လုပ်လိုက်ခြင်း၊
3. မိမိ Computer ဟာ Virus ရဲ့ တိုက်ခိုက်မှုကို ခံထားရခြင်း
4. Install လုပ်တဲ့ ဖိုင်စနစ် ပျက်စီးနေခြင်း
5. တကယ်လို့ Media Device ဖြစ်တဲ့ CD/DVD, Storage Device တစ်ခုခုကနေ
Install လုပ်လို့မရတာဆိုရင် အဲဒီ Hardware က ကောင်းကောင်းအလုပ်မလုပ်ခြင်း..
စတဲ့ ပြဿနာများကြောင့် Error Launching Installer ပေါ်တာဖြစ်ပါတယ်..
ဒီအချက်တွေဟာ Microsoft က တရားဝင်ရှင်းပြထားတဲ့ အကြောင်းရင်းတွေပါ..
-
ဖြေရှင်းနည်း..
တကယ်လို့ ဖိုင်တွေက ကောင်းတယ်.. Download လုပ်တုန်းကလည်း အပြည့်ပဲ.. Virus လည်း မထိထားဘူး..ဆိုရင်-
1. Install လုပ်မရတဲ့ဖိုင်ကို တစ်ခြားတစ်နေရာဆီကို Copy ကူးယူလိုက်ပါ..
ဥပမာ- E: မှာ ထည့်ထားတာကို Install လုပ်မရဘူးဆိုရင် D: ဆီကို
ကူးယူလိုက်ပါ.. Partition ကွဲပါစေ.. ပြီးရင် Install လုပ်ကြည့်လိုက်ပါ..
2. နောက်တစ်နည်းက ဖိုင်ကို C: အောက်ကို ကူးထည့်လိုက်ပါ.. ပြီးရင် နာမည်ကို
Space Bar မခြားဘဲ တစ်မျိုးတည်းရအောင် Rename ပေးလိုက်ပါ.. ဥပမာ Free
Cleaner.exe ဆိုပါစို့.. FreeCleaner.exe ဖြစ်အောင်
နာမည်ပြန်ပေးရမှာဖြစ်ပါတယ်..
ပြီးရင် Start ထဲက cmd လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ.. CMD ပေါ်လာမှာဖြစ်ပါတယ်..
CMD ထဲမှာ cd\ လို့ရိုက်ပြီး Enter ခေါက်ပါ.. C:\> ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်..
CMD ထဲမှာပဲ name.exe\NCRC လို့ရိုက်ထည့်ပါ.. name ဆိုတာ ကိုယ် Install
လုပ်မယ့် Software နာမည်ပဲဖြစ်ပါတယ်.. ခုနက ဥပမာအဆက်နဲ့ပြောရရင်
FreeCleaner.exe\NCRC ပေါ့ဗျာ.. CMD ထဲမှာတော့ C:\>FreeCleaner.exe\NCRC
ပေါ့.. Enter ခေါက်လိုက်တာနဲ့ Installer ပေါ်လာမှာဖြစ်ပါတယ်.. ဒါဆိုရင်
ပုံမှန် Install လုပ်သလို ဆက်လုပ်သွားလို့ရပါပြီ...
ပြင်ဆင်ထားသင့်တဲ့အချက်..
1. Internet က Download လုပ်တဲ့သူဆိုရင် Browser မှာ Cache တွေကို ရှင်းပေးထားရပါမယ်..
2. Antivirus တွေကို အမြဲတမ်း Update ဖြစ်အောင်လုပ်ထားပါ.. စစ်ဆေးပါ..
3. တကယ်လို့ Download လုပ်လိုက်တဲ့ဖိုင်ဟာ လိုချင်တဲ့ဖိုင်ဖြစ်ပေမယ့်
Antivirus က လက်မခံတဲ့ဖိုင်မျိုးဖြစ်နေရင် Antivirus ကို ခဏ ပိတ်ပြီးမှ
Download လုပ်ပါ.. ဥပမာ - Keygen တွေကို ဒေါင်းတဲ့အခါ Antivirus က
ဖျက်ပစ်တတ်ပါတယ်..
4. CD/DVD Drive တွေ ကောင်းမွန်နေပါစေ..
ဒါဆိုရင်တော့ အဆင်ပြေလောက်ပြီထင်ပါတယ်..
အဆင်ပြေပါစေ..