-->

Monday, December 16, 2013

Mediafire ထက်သာလွန်သော Myanmar Files Hosting + Making Money ( Special First 2013 )

 
အားလုံးဘဲ..မင်္ဂလာပါခင်ဗျာ... ကိုယ့်မြန်မာပညာရှင်များကိုအားပေးကြပါ...တကယ် ကြိုက်နှစ်သက်တယ်ဆိုရင် ၀ယ်ကြပါလို့ အရင်ဆုံးစကားဦးသမ်းပါရစေ
:) ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှ နည်းပညာလေ့လာနေသူ ကျားမ မရွေး လူတိုင်းလူတိုင်းအတွက် မယုံကြည်နိုင်လောက်အောင်...အဆင့်အမြင့်ဆုံး..အသုံးအ၀င်ဆုံးဖြစ်နေလို့ပါဘဲ..

.ကျွန်တော်တို့ Blogger တွေအတွက်ရော..Internet ပေါ်မှာ Files များကို ဝေမျှချင်သူများအတွက်ရော..Firmware များ..Software များကို မြန်မြန်ဆန်ဆန်ဖြင့် Download / Upload တင်ချင်သူများအတွက်ပါ အထူုးကောင်းမွန်သော.. Register User အနေဖြင့် တင်ထားသောဖိုင်များ
ကို ဘယ်တော့မှမဖျက်သော ( Never Delete ) Myanmar Files Hosting တစ်ခုဖြင့်မိတ်ဆက်ပေးလိုပါသည်
ခင်ဗျာ... Mediafire ထက်သာလွန်ကောင်းမွန်ပြီး အထူးခြားဆုံးအချက်က

- Direct Download ဖြစ်သည့်အတွက် Download မပြုလုပ်တတ်သေးသူများအဖို့အလွယ်တစ်ကူ Download ရယူနိုင်ခြင်း

- Upload တင်ရာတွင် မြန်မာနိုင်ငံလို နှေးကွေးသည့် အင်တာနက်လိုင်းဖြင့် အဆင်ပြေပြေ မြန်မြန်ဆန်ဆန်
မယုံကြည်နိုင်အောင် Upload Speed လျှင်မြန်စွာဖြင့်တင်နိုင်ခြင်း

- တင်ထားသည့်ဖိုင်များ ( 18 + ကလွဲ ) ကို ဘယ်တော့မှ မဖျက်ပစ်ခြင်း

- သာမန် ရုံးသမားများ ၊ အင်တာနက်ပေါ်မှာ ဖိုင်သိမ်းထားခြင်းသူများ ၊ Blogger များအတွက်အထူးအဆင်ပြေသော ၊ ရိုးရှင်းသောအသွင်အပြင်ရှိခြင်း တို့ဘဲဖြစ်ပါတယ်ခင်ဗျာ။

ဆိုဒ်နာမည်လေးကတော့ Milo Share လို့ခေါ်ပါတယ်ခင်မျ။ ဒီနေရာမှာ Register လုပ်နိုင်ပါတယ်။ Register  လုပ်သည့်အခါ Payment Info နေရာမှာ မိမိမှာ PayPal Account ရှိတယ်ဆိုရင် Paypal Account ထည့်လိုက်ပါ.. MyanPay ရှိတယ်ဆိုရင် MyanPay Account ထည့်လိုက်ပါ.. Coupon Code နေရာမှာ ဘာမှမထည့်ပါနဲ့။

ကဲ..Register လုပ်ပီးတာနဲ့ ဖိုင်လေးတစ်ဖိုင်လောက် စမ်းတင်ကြည့်လိုက်ပါ.. Upload Speed ဘယ်လောက်မြန်လဲသိရအောင်... Download လေးတစ်ချက်လုပ်ကြည့်လိုက်ပါဦး..ဘယ်လောက် အဆင်ပြေတယ်ဆိုတာသိရအောင်... :)

 MiloShare ကိုအသုံးပြုသူများအတွက် အားလုံးအတွက်ကိုက်ညီမယ့်အဆင့်မြင့် Support များလည်းလုပ်
ပေးထားပါတယ်..

အဲ့ဒါတွေကတော့...


1 ) Built in mp3 Player ထည့်ပေးထားခြင်း၊

ဒီကောင်လေးက တော်တော် ကောင်းပါတယ်.. Download လုပ်လို့ရသလို မိမိ Website ကနေပဲ ဖြစ်ဖြစ်၊ Blog ကနေပဲဖြစ်ဖြစ် သီချင်းနားဆင်လို့ ရအောင် ထည့်ထားလို့ ရပါတယ်..


2) Rar Achieve အတွင်း ရှိဖိုင်များကို ဒေါင်းလုပ်ဆွဲစရာမလို ပဲ ကြည့်ရှု နိုင်ခြင်း၊ rar Achieve File များကို စိတ်ကြိုက် စီမံ နိုင်ခြင်း၊

rar Achieve ပိုင်ရှင် များ အနေနဲ့ Online ပေါ်မှာ မိမိရဲ့ rar file က password ခံလို့ မိမိက Password သိလို့ ဖယ်ချင်ရင် တန်းပြီး ဖယ်လို့ ရပါတယ်.. ပြီးတော့ rar file ထဲက မိမိ မကြိုက်တာကို ဖယ်ရှားလို့လဲရပါတယ်.. rar ဖိုင်ထဲက အရာများကို Extract လုပ်ချင်ရင်လဲ Online ပေါ်မှာပဲ တန်းပြီး extract လုပ်လို့ ရပါတယ်..

ဒီကောင်လေးကတော့ Downloader တို့ အတွက် အထူးပဲ ကောင်းမွန်ပါတယ်..
မဒေါင်းခင် info လေးတွေကိုလဲ ကြည့်လို့ရတာပေါ့...

Uploader တို့ အတွက်လဲ အထူးပဲ ကောင်းမွန်တဲ့ Feature ပါ...
rar လုပ်လိုက်ခြင်းဖြင့် file size သေးသွားမယ်.. ဒါပေမဲ့ Online ပေါ်မှာ ပြန်ပြီး extract ပြန်လုပ်မယ်.. ပြီးရင် MP3 ဆိုလဲ တစ်ပုဒ်ချင်း ပြန်ရှယ်လို့ ရတယ်..

2 ခါ တင်စရာ မလိုပဲ Album လိုက် ရော တစ်ပုဒ်ချင်းရော ပြန်ပြီး တင်လို့ ရတာပေါ့.
Built In MP3 သာ မရ Embedded Code ပါလုပ်ပေးထားတော့ မိမိ Website မှာ လဲ တင်ပေးလို့လွယ်သွားပြီး တန်းပြီး Download လုပ်နိုင်ပါတယ်..



3) Copy Files Function ပါဝင်ခြင်း၊

အဲ့ဒါက ဘာလဲ ဆိုတော့ Add to My Files ဆိုတဲ့ Function နဲ့ အတူတူပါပဲ။
အကယ်လို့ မိမိရဲ့ သူငယ်ချင်းက Online ပေါ်မှာ တင်ထားတာကို ကိုယ့် အကောင့်ထဲ ထည့် ပြီး သိမ်းထားချင်တယ် ဆိုရင် Copy Files Function လေးကို အသုံးပြုလိုက်ရုံပါပဲ။ Copy Files Function ကို Upload Files နှင့် တွဲလျက်မှာ တွေ့ မြင်နိုင်ပါတယ်..


4) Remote Upload Feature ပါဝင်ခြင်း၊

Remote Upload ကတော့ ပြောစရာ မလိုတော့ ဘူးပေါ့နော်.. Direct Link များကို တန်းပြီး လွယ်ကူ မြန်ဆန်စွာ Upload လုပ်နိုင်ပါတယ်..


အပေါ်ကတော့ Member တွေအားလုံး အသုံးပြုနိုင်ပါတယ်.. :) အောက်ကတော့ Member အဆင့်အဆင်နဲ့ ပတ်သက်တာပေါ့နော်..


Feature For Registered Members :)
------------------------------

--------

Register လုပ်ထားသူများ အတွက် 500 MB အထိ တင်နိုင်ပါတယ်.. 10 GB Free ရ ပါမယ်..
File တွေကို Never Delete ပါ.. ဖိုင်ဖျက်တာ မဖျက်တာ က မိမိ အပေါ်မှာပဲ မူတည်ပါတယ်..


For Anonymous :)
-------------------

Anonymous တင် ချင်ရင်လဲ File တွေကို တင်လို့ ရပါတယ်.. File Size 100 MB တင်နိုင်ပြီး သူကတော့ 5 ရက်သာ လက်ခံ ပါ့မယ်.. ပြီးရင် Auto ပြန်ဖျက်သွားမှာပါ.......


For Premium Users :)
------------------------

Premium User များကို တော့ 2 မျိုးခွဲ ထားပါတယ်..

Premium User သက်သက် နဲ့ Premium User + Torrent ပါ..

Premium User တွေ ရမဲ့ Feature တွေကတော့ 50GB ရ ပါမယ်.. Maximum Upload Size က 3 GB ရှိပါတယ်...

Premium + Torrent User တွေကတော့ 50 GB ရ ပါမယ်.. Maximum Upload Size ကတော့ ညှိနိုင်ဆဲ ဖြစ်ပါတယ်.. အဲ့ဒါကတော့ ယုံကြည်ရတဲ့ သူတွေကိုပဲ ရောင်းမှာပါ..

ရိုးရိုး Premium User အတွက် ရက် ၃၀ ဈေးနှုန်းက ၃၃၀၀ ကျပ်ပါ..

တစ်ခါ ခံပြီး နောက်ထပ် ထပ် ခံ ဖို့ မဖြစ်နိုင်တော့ လို့ Torrent ကိုတော့ အလကား လုပ်ပေးဖို့ တော့ အစီအစဉ် မရှိပါဘူး..

Premium User များ အနေနဲ့ က Torrent ကို Free ဒေါင်းချင်ရင်တော့ Username + Torrent FIle Or Magnet Link ကို Message ပို့ နိုင်ပါတယ်..

Message လက်ခံ ရရှိပြီးပါက Seeder ကောင်းမွန်လျှင် မိနစ်ပိုင်း အတိုင်း မိမိ အကောင့်ထဲတွင် မိမိ တောင်းဆိုထားသော File ကို တွေ့မြင်ရပါမယ်..

Seeder နည်းလျှင် သော်လည်းကောင်း၊ မရှိလျှင် သော်လည်းကောင်း Requested Torrent is unavailable ဆိုပြီး Reply ပြန်လာ ပါလိမ့်မယ်..

Premium User များ အနေနဲ့ contact us ကနေပြီး Message ပေးပို့နိုင်ပါတယ်..

----------------------------------------

မှတ်ချက် - MiloShare.com သည် Legal ပြုလုပ်ထားခြင်း ဖြစ်ပြီး illegal files , Porn files , အစရှိသည် အကျိုး မပြုသည် ဖိုင်များကို အတင် ခံမည် မဟုတ်ပါ..

File များအားလုံးသည် မူလ ပိုင်ရှင် Developer, Copyrighted Owner မျာမှ Abuse Request ရောက် လာပါက File တင်ထာသော ပိုင်ရှင် ကို Abuse လာတယ် လို့ Message ပြန် ပို့ ပေး ပါ့ မယ်..

ပြီးတာနဲ့ မိတ်ဆွေတို့ ကိုယ်တိုင် ပြန်ပြီးတော့ ဖျက်စေမှာပါ.. ဘာလို့လဲ ဆိုတော့ Owner တွေကိုလဲ ကိုယ်ချင်းစာပါတယ်.. တင်ပေးတဲ့သူတွေကိုလဲ ကိုယ်ချင်းစာ တဲ့ အတွက် ကြောင့်ပါ..
 
ကဲ...ဒါလောက်ဆိုရင် ကိုယ့်မြန်မာနိုင်ငံက ပညာရှင်တွေကြိုးစားထားတဲ့ MiloShare ဆိုတဲ့ Mediafire ထက်ကောင်းမွန်တဲ့ ဆိုဒ်အကြောင်းကိုသိသွားကြပြီထင်ပါတယ်... ဒီ MiloShare မှာအထူးခြားဆုံးအချက်
လေးတစ်ခုပါဝင်နေပါတယ်..ဒါကတော့ Download ချတဲ့အရေအတွက်အတိုင်းပိုက်ဆံပြန်ပေးတာပါ .. ဥပမာ ကျွန်တော် MiloShare မှာ ဖိုင်တစ်ဖိုင်တင်တယ်...တင်ပြီးတာနဲ့ မိတ်ဆွေတို့ကို Download ချစေမယ်...မိတ်ဆွေတို့က ကျွန်တော်တင်ထားတဲ့ဖိုင်ကို Download ချနေတာနဲ့အမျှ ကျွန်တော်မှာ ပိုက်ဆံ အလိုလိုရနေတာပါဘဲ..အဲဒီ ပိုက်ဆံတွေကို မြန်မာငွေနဲ့ရော... PayPal Account နဲ့ပါထုတ်ယူလို့ရပါတယ်ဗျား... နည်းပညာသမားတွေ .. Blogger တွေအတွက်ကတော့ တစ်ကယ့်ကိုထူးရှယ်ပါဘဲ။ နောက်ပိုင်းမှာလည်း ဒီထက်အဆင့်မြင့်တဲ့ Feature များကိုလည်းထပ်ထည့်ပေး
သွားဖို့ရှိပါတယ်..ဒါကြောင့် စမ်းသုံးကြည့်ပါ...အဆင်ပြေတယ်ဆိုရင် ကိုယ့်မြန်မာအချင်းချင်း အားပေးကြပါ
လို့ဒီနေရာကနေတစ်ဆင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
 
* ကျွန်တော်လည်းနောက်ပိုင်းကျရင် Miloshare မှာရောတင်ပေးမှာပါ၊ခုတော့ solidfiles နှင့် ge.tt မှာတင်နေပါတယ်၊

Thursday, December 12, 2013

27th SEA Games ဖွင့်ပွဲ

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား အကြောင်းကြောင်းကြောင့် မကြည့်လိုက်ရသူများ ဟောဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ပါပြီ။ IDM ရှိရင်တော့ Download ဆွဲပြီးကြည့်ရှုနိုင်ပါတယ်။ Youtube မှာ Singaporesports ကနေတင်ပေးထားတာပါ။ Quality အကောင်းဆုံးနဲ့ဆွဲမယ်ဆိုရင်တော့ 1.21GB ရှိပါတယ်။


Friday, November 8, 2013

Happy Birthday

Today is my friend or I can say teacher, the founder of this blog, Harris's 15th birthday. Thank you for your guidence in blogging and everything.Wish you to become a successful web developer which is your ambition.Happy Birthday Harrisnyi . ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ဖြစ်ပါစေသူငယ်ချင်း။

Monday, October 28, 2013

ကိုယ်ပိုင် Blog/site ပိုင်ဆိုင်သူများအတွက် SEA Games ဆီးဂိမ်း သီချင်းPlayer ထည့်လို့ရပြီ


ရွှေမြန်မာတွေအတွက် SEA Games ဆီးဂိမ်း သီချင်းတောင်းဆိုထားတယ်ဆိုလို့ ပြန်လည် သင်တို့ Website/Blog ပေါ်ထည့်ချင်သူများအတွက်ပါ။ သီချင်းကော ၊ ပုံစံ အစစ်အမှန်ကော ၊ Widgets ပါ အောက်ပါအတိုင်း ယူလိုက်ပါ။ အဆင်ပြေပါစေ။


Sunday, October 27, 2013

Android OS Device အတွက် HARRIS.apk Ver.1.2 အသစ်ထွက်ရှိ (New)

http://i.minus.com/ibomKMNbEJw5z9.gif 
ကျနော်ဘလော့ www.harrisnyi.tk ကပို့စ်တွေကို ကြည့်ရှုနိုင်ရန် Android OS သုံးနေတဲ့ဘလော့မိတ်ဆွေများအတွက် HARRIS.apk ရဲ့ဗားရှင်းအသစ်လေးကိုမျှဝေလိုက်ပါတယ်။အရင် version မှာတော့ Ornagai Dictionary ပါထည့်ထားပါတယ်။Ornagai ကတော့ 'English To Myanmar' 'Myanmar To English' ရှာဖွေနိုင်ပါတယ်၊အင်တာနက်ရှိဖို့တော့လိုပါလိမ့်မယ်။

ယခုဗားရှင်းမှာထပ်ထိုးလာတဲ့ features ၄ ခုကိုအောက်မှာဖတ်နိုင်ပါတယ်။File Size ကတော့ 2.1Mb လောက်ရှိပြီး Sync လုပ်လိုက်ရင်တော့ Offline ဖြင့်ကြည့်ရှု့နိုင်မှာ ဖြစ်တဲ့အတွက် Total အားလုံးကိုတော့ 5MB ကျော်နိုင်ပါတယ်။

File Size: 2.3 Mb
What's New:
*New Simple Looking Icon
*Added Light Blue Theme
*Added Myanmar News Zone (IT)
*Changes Of Some Detail

အသုံးပြုနည်းလမ်း ---HARRIS.apk လေးကို ဖွင့်တိုင်း Auto Sync မလိုချင်ဘူးဆိုရင် (Setting) Button ကိုနိုပ်ပြီး Synchronization ထဲကိုဝင်ပါ ပြီးရင် မိမိမလိုချင်တဲ့ ဟာကို အမှန်မခြစ်ပါနဲ့။ မိမိ သုံးနေတဲ့ Internet Speed ကုန်းသွားမှာဆိုလို့ ပြောတာပါ။ Internet Line / Wifi Line တွေရှိပြီး ပို့(စ်) အသစ်လေးများလိုချင်ပါက Sync_Now Button ကို နိုပ်ပေးရပါမယ်။

SEA Games မြန်မာနိုင်ငံကိုယ်စားပြုဆီးဂိမ်းကို သင့် Blog တွင်ထည့်ချင်သူများအတွက်

ဒီတစ်ခါတော့ SEA Games ကိုဂုဏ်ပြုချင်တဲ့သူတွေအတွက် SEA Games ကြိုဆိုရေးအလှံနဲ့ အခြား SEA Games ပုံစံလေးတွေကို ဝေမျှမှာပါ။ သင့် Blog/site မှာလွယ်လွယ်ကူကူတင်လို့ရတာမို့လို့ ယူလိုက်ပါ။ ကျွန်တော် Ning site ကနေ ပြန်လည်ဝေမျှပါတယ်။ အဆင်ပြေပါစေ။ SEA Games Gadget ထည့်ခြင်းဖြင့် မြန်မာတွေအတွက် ဂုဏ်ယူလိုက်ပါ။


Wednesday, October 16, 2013

Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။

myanmar-blogger 
http://www.myanmarwebdesigner.com/blog/ ကနေတွေ့လို့အားလုံးလည်းသိအောင် ကူးပြီးဖော်ပြလိုက်ပါတယ်။
 Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။ နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့၊ dropdown menu လုပ်ချင်တာတို့၊ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။ အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက blogger ညီအစ်ကို၊ မောင်နှမများ မိမိရဲ့ blog နဲ့ ပတ်သတ်ပြီး တစ်ခုခုအခက်အခဲရှိရင် gtu.myowin@gmail.com ကို မေးလ်ပို့ပြီး အခက်အခဲများအတွက် မေးမြန် အကူအညီတောင်းနိုင်ပါတယ်။

Tuesday, August 13, 2013

Android OS Device အတွက် HARRIS.apk အသစ်ထွက်ရှိ(New)

http://i.minus.com/ibomKMNbEJw5z9.gif
ကျနော်ဘလော့ www.harrisnyi.tk ကပို့စ်တွေကို ကြည့်ရှုနိုင်ရန် Android OS သုံးနေတဲ့ဘလော့မိတ်ဆွေ
များအတွက် HARRIS.apk အသစ်လေးကိုမျှဝေလိုက်ပါတယ်။အခု version မှာတော့ Ornagai
Dictionary ပါထည့်ထားပါတယ်။Ornagai ကတော့ 'English To Myanmar' 'Myanmar To English' ရှာဖွေနိုင်ပါတယ်၊အင်တာနက်ရှိဖို့တော့လိုပါလိမ့်မယ်။ File Size ကတော့ 2.1Mb လောက်ရှိပြီး Sync လုပ်လိုက်ရင်တော့ Offline ဖြင့်ကြည့်ရှု့နိုင်မှာ ဖြစ်တဲ့အတွက် Total အားလုံးကိုတော့ 5MB ကျော်နိုင်ပါတယ်။

File Size: 2.1 Mb

အသုံးပြုနည်းလမ်း ---HARRIS.apk လေးကို ဖွင့်တိုင်း Auto Sync မလိုချင်ဘူးဆိုရင် (Setting) Button ကိုနိုပ်ပြီး Synchronization ထဲကိုဝင်ပါ ပြီးရင် မိမိမလိုချင်တဲ့ ဟာကို အမှန်မခြစ်ပါနဲ့။ မိမိ သုံးနေတဲ့ Internet Speed ကုန်းသွားမှာဆိုလို့ ပြောတာပါ။ Internet Line / Wifi Line တွေရှိပြီး ပို့(စ်) အသစ်လေးများလိုချင်ပါက Sync_Now Button ကို နိုပ်ပေးရပါမယ်။

Wednesday, July 31, 2013

Android OS Device အတွက် HARRIS.apk ထွက်ရှိ

http://i.minus.com/ibomKMNbEJw5z9.gif
ဒီနေ့ Share ပေးချင်တာလေးကတော့ Android OS Device သုံးနေတဲ့ ဘလော့မိတ်ဆွေများအတွက် HARRIS.apk အသစ်လေးကို မျှဝေပေးလိုက်ပါတယ်။ဖုန်းအကြောင်းများ ပြည့်စုံလှပါတယ်။ File Size ကတော့ 2.1Mb လောက်ရှိပြီး Sync လုပ်လိုက်ရင်တော့ Offline ဖြင့်ကြည့်ရှု့နိုင်မှာ ဖြစ်တဲ့အတွက် Total အားလုံးကိုတော့ 20MB ကျော်နိုင်ပါတယ်