-->

Sunday, June 28, 2015

Facebook ရုံးချုပ်



Facebook ဟာ ပြီးခဲ့တဲ့ မတ်လကုန်က ကယ်လီဖိုးနီးယား ပြည်နယ် Melon Park မှာ ရှိတဲ့ Facebook ရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး Facebook ရဲ့ အဓိက ရုံးချုပ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ စတုရန်းပေ ၄သိန်း၃သောင်းကျယ်တဲ့ ယင်းနေရာဟာ မြစ်ကြီးကိုလည်း မျက်နှာမူထားပါတယ်။ 

Monday, September 1, 2014

Knowledge Box 1.2 For PC

Knowledge Box သည် ကွန်ပြုတာ ၊ မိုဘိုင်းဖုန်း ၊ နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်း အကျဉ်းချုပ်နှင့် အထွေထွေနည်းပညာ ဗဟုသုတများကို အလွယ်တကူ၊ အချိန်မရွေး အင်တာနက်မလိုဘဲ (Offline) ဖတ်ရှုနိုင်ရန် စုစည်းထားတဲ့ ဆော့လ်ဝဲဖြစ်ပါသည်။ ယခုဗားရှင်း ၁.၂ မှာ အရင်ဗားရှင်းထက် အသုံးပြုရာတွင် ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ အကြောင်းအရာ ၂၇၄ ခုပါဝင်ပြီး စာလုံးအရွယ်အစားကို ပြောင်းလဲနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 5.2 MB သာရှိတာကြောင့် download ဆွဲရာတွင် အဆင်ပြေမှာဖြစ်ပါတယ်။

Download >> http://www.solidfiles.com/d/f2905c1d65/Knowledge_Box.exe

http://myanmarknowledgebox.com/ မှာလည်း အကြောင်းအရာများကို ဖတ်ရှုနိုင်ပါတယ်။

Like Us On FB >> https://www.facebook.com/cyberknowledgeteam



Sunday, May 25, 2014

မြန်မာသီချင်း သီးသန့်ယူရန်အတွက် သင့်တော်သော Website

မင်္ဂလာပါ။ ကျွန်တော်လည်း ပိုစ့်အသစ်တွေမရေးတာလည်း ကြာပါပြီ။ အခုတော့ မြန်မာသီချင်းများသီးသန့်နှင့် နောက်ဆုံးထွက်သီချင်းရှာဖို့သီးသန့်ဆိုဒ်တစ်ခုတွေ့ထားပါတယ်။ ကောင်းကျိုး တစ်ခုကတော့ ဆိုဒ်ဝင်ရတာပေါ့ပါးပြီး အခြားဆိုဒ်တွေလို adf.ly မခံထားတာတွေ့ပါတယ်။

ဝင်ရမည့်ဆိုဒ်ကတော့ - 
http://mmmusiczone.weebly.com (Myanmar Music Zone)

အဆိုတော်နာမည်များကို A to Z ရှာလို့ရခြင်း

A ကနေ Z အထိ အဆိုတော်နာမည်တွေရှာလို့ရအောင် သေချာစီမံထားပါတယ်။ ဒါကြောင့် အားလုံးအတွက် အဆိုတော်သီးသန့်ရှာရတာ လွယ်ကူပါတယ်။ မြန်မာသီချင်းများကို နေ့စဉ်နှင့်အမျှ သေသေချာချာတင်နေပါတယ်။

Alphabet သီးသန့်တစ်လုံးတည်းဖြင့် အဆိုတော်အချို့ကို ရှာဖွေနိုင်ခြင်း

ဥပမာ - Z Artist ကိုရှာရင် Zay Ye', ဇော်ပိုင် , ဇော်ဝင်းထွဋ်တို့ ထွက်လာပါတယ်။ တခြားအဆိုတော်တွေကိုလည်း ဒီလိုလေးထောက်ပြီးရှာကြည့်ပေါ့။

One-click download service (No adf.ly)

ကြိုက်တဲ့သီချင်းကိုဒေါင်းလုပ်ယူပါ။ Adf.ly ကိုမ၀င်ဘဲ အထက်ပါပုံလို တိုက်ရိုက်ဆွဲရတာကို မြင်ရပါလိမ့်မယ်။ Album တစ်ခုလုံးယူချင်သူများအတွက်လည်း ပေးထားပါသေးတယ်။

Interview များကိုအလွယ်တကူယူဖတ်နိုင်ခြင်း

ဒါကတော့ အလွယ်တကူဝင်ကြည့်လို့ရပါတယ်။ လိုရာကိုဝင်ဖတ်ချင်ရင် လင့်တွေကိုကလစ်ပြီး ၀င်ဖတ်ပါ။

Facebook သုံးရင်း သီချင်းအလွယ်တကူရှာမယ်


Facebook သုံးရင် သီချင်းအလွယ်တကူရှာချင်ရင် LIKE ခလုတ်ကလေးသာ တစ်ခါပဲကလစ်လိုက်ပါ။
အောက်ကလင့်လေးကိုကလစ်လိုက်ပါ။ သို့မဟုတ် Myanmar Music Zone ဆိုပြီး Facebook မှာရှာလိုက်ပါ။


အားလုံးပဲကျန်းမာပါစေ ချမ်းသာပါစေ။

Thursday, May 22, 2014

Apple's iCloud Actication Bypassed

 
iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple’s iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၁ ကြောင်းကို “Magic Line” လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code ကတော့အောက်ပါအတိုင်းပါ။

188.226.251.76 http://Albert.Apple.com/

host file ကတော့ C:\Windows\System32\Drivers\etc အောက်မှာရှိပါတယ်။ ယင်းဖိုင်ကို notepad နဲ့ဖွင့်ပြီး အပေါ်က code တစ်ကြောင်းကိုဖြည့်လိုက်ပါ။ ထည့်သွင်းပုံနမူနာကတော့အောက်ပုံအတိုင်းပါ။


ပြီးရင် save လုပ်ပါ။ hosts file ကို save မရဖြစ်နေရင် ၊ မ save တတ်ရင် အောက်က link မှာ host file save နည်းကိုကြည့်ပါ။

http://www.vsysad.com/2013/06/edit-hosts-file-in-windows-7/

ပြီးရင် ကွန်ပျူတာကို restart ချပါ။
ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ ဖုန်းနဲ့ကွန်ပျူတာနဲ့မချိတ်ခင်မှာဖုန်းကိုပါဝင်အရင်ပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပြီးကွန်ပျူတာနဲ့ချိတ်ပါ။ ပြီးရင် iTunes ကိုပြန်ဖွင့်ပြီး Step by Step activation လုပ်လို့ရပါပြီ။ iCloud မိနေတဲ့ users တွေအားလုံးပဲအဆင်ပြေကြပါစေ။ Video Tutorial ကိုတော့အောက်မှာကြည့်ရှုနိုင်ပါတယ်။


Sunday, March 23, 2014

Knowledge Box 1.1 for PC


Knowledge Box သည်ကွန်ပျူတာဆော့ဝ်လ်ဖြစ်ပါသည်။ ကွန်ပြုတာ ၊ မိုဘိုင်းဖုန်း ၊ နည်းပညာလောကတွင် ကျော်ကြားသူများအကြောင်း အကျဉ်းချုပ် နှင့် တစ်ခြားအထွေထွေနည်းပညာ ဗဟုသုတများကို အလွယ်တကူ၊ အချိန်မရွး အင်တာနက်မလိုဘဲ ( Offline ) ဖတ်ရှုနိုင်ရန် စုစည်းပြီး ဒီဆော့လ်ဝဲကို ရေးသားလိုက်ပါတယ်။ ဒီဆော့လ်ဝဲ၏ ဗားရှင်းမှာ ၁.၁ ဖြစ်ပြီး ယခင် ၁.၀ ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ ယခုဗားရှင်းအသစ်မှာ အကြောင်းအရာပေါင်း ၂၃၁ ခုပါဝင်ပြီး စာလုံးအရွယ်အစားကိုလည်း ပြောင်းလဲနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 4.11 MB ရှိလို့ ဒေါင်းလုပ်ဆွဲရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။ ဤဆော့လ်ဝဲနှင့် လိုအပ်သော ဇော်ဂျီဖောင့်ကို အောက်ကလင့်နှစ်ခုထဲက ကြိုက်တဲ့ဟာနဲ့ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ အဆင်ပြေပါစေ
 
Download >> Link 1 / Link 2
 
Download Zawgyi font >> Link 1 / Link 2
 
 







Monday, March 3, 2014

Myanmar IT Knowledge ရဲ့ APK


 Post By Aung Ko Htet ( MM IT Knowledge)

အိုင်တီနဲ့ ပတ်သက်သမျှ သတင်းတွေကို တစ်နေရာတည်ကနေ စုံစုံလင်လင်နဲ့ ကြည့်ရှုနိုင်အောင် ဖော်ပြနေ Site ရဲ့ APK လေးပါ။

APK ရဲ့ အမည်လေးကတော့ Myanmar  IT Knowledge လို့ ခေါ်ပါတယ်။

APK ကို အောက်က link ကနေ download လုပ်နိုင်ပါတယ်။

MM IT Knowledge APK ( Download Here)

Site ရဲ့ Link ကတော့ www.mmitknowledge.blogspot.com ပါ။

 အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet ( MM IT Knowledge)

Sunday, February 23, 2014

Auto Hide IP 5.4.0.8 + Crack (နောက်ဆုံးထွက်ရပြီ latest version)

February 13 2014 ထွက်ပါ။ ကျွန်တော်လည်းဘလော့မရေးတာကြာပါပြီ။ အခုပိုစ့်တင်တာအရမ်းအခက်အခဲရှိလို့ တိုက်ရိုက်ပဲပေးလိုက်ပါတော့မယ်။ သူလည်း နာမည်ကြီးဆော့ဝ်လ်ပါ။ latest version ပါ။ ယူထားလိုက်ပါ။ ကျွန်တော်စမ်းကြည့်တာအရမ်းအဆင်ပြေပါတယ်။ IP ကျော်တာလည်းမိုက်တယ်။ လိုလိုမယ်မယ်ယူထားလိုက်ပါ။ အဆင်ပြေရင်တော့ Like ပေးခဲ့ပေါ့။


Download => Link 1

အဆင်ပြေရင် https://www.facebook.com/BloggerPyae ကို Like ပေးခဲ့ပါဦး။

Tuesday, January 21, 2014

IOS ရဲ့ dialpad မှ keytone တွေပေါ်မှာ မိမိကြိုက်နှစ်သက်သော ပုံထည့်ယူခြင်း (ailbroken devices)



ပန်းသီးချစ်သူများ မင်္ဂလာပါဗျာ..
ကျနော် ဒီနေ့ iphone ရဲ့ Dialer keypad မှာ မိမိစိတ်ကြိုက် Custom image လေးတွေ ထည့်တဲ့နည်းလေး ပြောပြမှာပါ.ဒီနည်းလေး လိုက်လုပ်ဖို့ လိုအပ်တာလေးတွေ ကတော့
၁ မိမိဖုန်းက Jailbroken ဖြစ်နေရပါမယ်
၂ iFile ရှိထားရပါမယ်
၃ photo Edit လုပ်ဖို့ PS Touch ရှိထားရပါမယ်
၎ Winterboard ရှိထားရပါမယ်
၅ Cydia ကနေ Color Keypad ကို install လုပ်ထားပေးပါ… ဒါဆို အားလုံးအဆင်သင့်ဖြစ်ပါပီ
ကဲစလိုက်ရအောင်..ပထမဆုံး မိမိအသုံးပြုမည့် ဓာတ်ပုံ ၁၀ပုံကို Ps Touch နဲ့ image size width145 x height145 ရအောင် Edit လုပ်ရပါမယ်. ပီးရင် ၁၀ပုံလုံးကို Png ဖိုင်ဖြင့် Camera Roll ထဲ save ထားလိုက်ပါ.ဒါဆိုရင် ဓာတ်ပုံပြင်တဲ့ အပိုင်းပီးပါပီ..နောက် iFile ကိုသွားပါမယ်.. iFile > var > mobile > media >DCIM > 100 Apple အဲ့မှာ အစောက လုပ်ထားတဲ့ ပုံတွေ အောက်ဆုံးမှာ ရှိနေမှာပါ မသေခြာရင် image viewer နဲ့ကြည့်ပီး တွေ့ပီဆိုရင် ၁၀ပုံလုံးကို copy ကူးပီး back ပြန်ထွက်လိုက်ပါ.. ပီးး iFile > Library > Theme > Color Keypad Theme > Bundles > com.appe.TelephonyUI အဲ့မှာခုနကကူးလာတဲ့၁၀ပုံလုံးကို paste ကပ်လိုက်ပါ ပီးရင် မူရင်းkeypad က keypad-mask-1@2x~iphone.png ဆိုတာလေးကို copy ကူးထားလိုက်ပါ ..အဲ့ဒါမူရင်းkeypad ရဲ့ နံပါတ် ၁ နေရာက ပုံဖြစ်ပါတယ်….အဲ့ဒီနေရာမှာ မိမိတို့ပုံလေးတွေ အစားထိုးဖို့ မူရင်းပုံတွေကို delete လုပ်လည်းရပါတယ်..ကျနော်ကတော့ delete မလုပ်ပါဘူးဖိုင်name ထဲက iphone ရဲ့နောက်မှာ(iphone1.png) 1 လေးထည့်ပေးလိုက်ပါ.

ဒါဆိုရင် ကျနော်တို့ကူးလာတဲ့ ပုံတွေကို file name ပြောင်းလို့ရပါပီ ..ပထမပုံကို အစောက ကူးလာတဲ့ ဖိုင် name ကို past ကပ်လိုက်ပါ..ဒုတိယပုံကိုလည်း အဲ့လိုပဲ paste ကပ်ပီးဖိုင် name ရဲ့ keypad-mask ရဲ့ နောက်မှာ 2 လေးထည့်ပေးလိုက်ပါ.တတိယပုံအတွက်လည်း ဒီလိုပဲ 3 လို့ထည့်ပေးလိုက်ပါ အဲ့ဒီအတိုင်း ၁၀ ပုံလုံးပြောင်းပေးလိုက်ပါ..အားလုံး ဖိုင် name ပြောင်းပီးသွားရင် ပီးပါပီ..နောက်ပြန်ထွက် home.. သွား setting> winterboard> theme မှာ Color Keypad ကိုအမှန်ခြစ်ပီး Respring ချပေးလိုက်ပါ ဖုန်းပြန်ပွင့်လာရင် မိမိတို့ထည့်ထားတဲ့ ပုံလေးတွေနဲ့ Dialer Keypad လေးလန်းနေပါလိမ့်မယ်..

Monday, January 20, 2014

The Sims Freeplay

 

 

 

ကျွန်တော်အခု မိတ်ဆက်ပေးမယ့် ဂိမ်းလေးက တော့ The Sims Freeplay ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Android အတွက်ရယ် IOS အတွက်ရယ် နှစ်မျိုးထွက်ပါတယ်။ ကျွန်တော်ကတော့ android အတွက်ဟာကို တင်ပေးမှာဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ apk file ကို ဒီမှာ ဒေါင်းလိုက်ပါ။ apk file ကို install လုပ်ပြီး run လိုက်မယ်ဆိုရင်  အောက်ပါပုံထဲကအတိုင်းပေါ်နေမှာဖြစ်ပါတယ်။
 
အဲဒီအတွက်တော့မပူပါနဲ့ ဟောဒီမှာသွားပြီး လိုအပ်တဲ့ data files တွေကို ဒေါင်းလိုက်ပါ။
Data files part 1(100 MB)>>>Here
Data files part 2(100 MB)>>>Here
Data files part 3(100 MB)>>>Here
Data files part 4(100 MB)>>>Here
Data files part 5(3.9 MB)>>>Here
 ၅ ခုလုံးဒေါင်းပြီးသွားပြီ ဆိုရင် extract လုပ်လိုက်ပါ။ဒီလိုမျိုး folder တစ်ခု ရပါလိမ့်မယ်။
 အဲဒီ folder ကို သင့်ရဲ့ ဖုန်း internal storage>>Android>>Data ဆိုတဲ့ folder ထဲမှာကူးထည့်ပေးလိုက်ပါ။

Internal Storage
 Android
  Data
 အထက်ပါပုံတွေပြထားသည့်အတိုင်း ၁ဆင့်ခြင်း လုပ်သွားမည်ဆို လျှင် သင့်ဂိမ်းသည် ဆော့လိုရန် အသင့်ဖြစ်သွားပြီ ဖြစ်ပါသည်။( ဒီဂိမ်းဆော့တော့မည်ဆိုလျှင် စစဖွင့်ချင်းတွင် internet ဖွင့်ထားရန်လိုအပ်ပါသည်။ Game load ပြီး၍ ဆော့သည့်နေရာ ရောက်လျှင် internet ပိတ်နိုင်ပါပြီ။ ထွက်တော့မည်ဆိုလျှင် internet ပြန်ဖွင့်ပြီး save လုပ်ပြီးမှ ထွက်ပါ။ ဒီဂိမ်းက save files တွေကို cloud ပေါ်မှာ တင်သိမ်းတာမို့ပါ)
ဒီနေရာရောက်လျှင် internet ပိတ်နိုင်ပါပြီ။



Google Play Store တွင်သွားရောက်လေ့လာရန် နှိပ်ပါ( မြန်မာနိုင်ငံမှ ဒေါင်းလျှင် Not available for your country လို့ပြမည် :P)
အပေါ်တွင်ပေးထားသော apk download link အဆင်မပြေလျှင်>>>Solidfiles 
                                                                                     pCloud 
တို့တွင်သွားရောက်ဒေါင်းနိုင်သည်။