-->

Sunday, August 25, 2013

ADSL အင်တာနက် Proxy address တွေကို Android ဖုန်း/Tablet ရဲ့ အင်တာနက် setting မှာထည့်နည်း



Android ဖုန်း/Tablet အသုံးပြုသူတွေမှာ တစ်ချို့တွေက ADSL လိုအင်တာနက်လိုင်းမျိုးကနေ Wifi လွှင့်ပြီး ဖုန်းမှာပြန်သုံးနေကြသူတွေရှိမှာပါ။ ADSL ဆိုရင် တစ်ချို့နယ်တွေမှာ Proxy ခံသုံးရပါတယ်။ ygncache.mpt.net.mm နဲ့ 8080 ဆိုတာ ထည့်သုံးရပါတယ်။ Android ဖုန်း/Tablet တွေမှာ Proxy ထည့်သုံးမယ်ဆိုရင် ဖုန်းကို Root လုပ် ၊ ပြီးရင် ProxyDroid လိုဆော့ဝဲမျိုးထည့်ပြီး အဲဒီဆော့ဝဲထဲမှာ ခုနက ပြောတဲ့ proxy address နဲ့ port တွေကိုထည့်သုံးရပါတယ်။ ခုနကပြောတဲ့ adsl လိုလိုင်းမျိုးမှာ proxy မထည့်ဘဲ wifi လိုင်းကိုဖုန်းကနေ ဒီအတိုင်းချိတ်ထားရင် proxy address နဲ့ port မထည့်ထားတဲ့အတွက် အင်တာနက်သုံးလို့မရပါဘူး။ နည်းနည်းအလုပ်ရှုပ်တာပေါ့ဗျာ ။ ဒါပေမယ့် Proxy ထည့်တဲ့ setting ဟာ Android System မှာ built-in ပါပြီးသားဆိုတာကို သိတဲ့သူတွေလည်းရှိသလို မသိသူတွေလည်းအများကြီးရှိနေပါတယ်။ ကဲ.. မသိသေးသူတွေအတွက် ဒါဆို Proxy ထည့်သုံးရတဲ့ Wifi အင်တာနက်လိုင်းတွေအတွက် Android ဖုန်း/Tablet တွေမှာ Proxy address နဲ့ Port တွေဘယ်လိုထည့်ရလဲဆိုတာ ပြောပြပါမယ်။ ဖုန်းရဲ့ setting ထဲက Wifi ထဲကိုဝင်ပြီး ကိုယ်သုံးမယ့် wifi လိုင်းတစ်ခုကိုချိတ်ဆက်ထားလိုက်ပါ။ Wifi လိုင်း ဖုန်းမှာ Connected ဖြစ်သွားပြီဆိုရင်တော့ အခုချိတ်ဆက်ထားတဲ့ Wifi လိုင်းနာမည်ပေါ်မှာ 3 စက္ကန့်ခန့် နှိပ်ထားလိုက်ပါ။ Pop up alert လေးတစ်ခုပေါ်လာပြီး Forget network နဲ့ Modify Network ဆိုတာလေးပေါ်လာပါမယ်။ Modify Network ထဲကိုဝင်ပါ။ ပြီးရင် show advanced options ကိုအမှန်ခြစ်ပေးပါ။ Proxy Settings မှာ Manual ကိုရွေးပါ။ ရွေးလိုက်တာနဲ့ အောက်ဘက်နားလေးမှာ Proxy host address နဲ့ Proxy Port ထည့်တဲ့နေရာလေးပေါ်လာပါမယ်။ အဲဒီမှာ ကိုယ့်အင်တာနက်လိုင်းရဲ့ proxy address နဲ့ proxy port ကိုထည့်ပြီး save လိုက်ပါ။ ပြီးရင်တော့ Proxy ထည့်ရတဲ့ အင်တာနက်လိုင်းကို ဖုန်း/Tablet ကနေအဆင်ပြေပြေစသုံးနိုင်ပါပြီ။

Credit To: Myanmar Mobile App

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.