-->

Saturday, September 14, 2013

How To Convert a Image To Text Format Online

 
ကျနော်တို့ပုံထဲကစာတွေကများနေရင်ကွန်ပြုတာထဲရိုက်ထည့်တဲ့အခါ
လက်ကွက်နှေးတဲ့သူတွေအတွက်အချိန်အရမ်းပေးရပါတယ်၊
လက်ကွက်မြန်တဲ့သူတွေအတွက်ကတော့ပြသာနာမရှိပါ။
အဲ့ဒီပြသာနာကိုဖြေရှင်းဖို့နည်းလမ်းလေးတစ်ခုတွေ့လို့အားလုံးအတွက်တင်ပေးလိုက်ပါတယ်။
ဒီနည်းလေးကတော့ ပုံထဲ့ကစာတွေကို word format အဖြစ် online
မှာပြောင်းနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။Free ဖြစ်ပြီးအသုံးပြုရတာလည်းလွယ်ကူပါတယ်။
အောက်မှာဆက်ကြည့်လိုက်ပါအုံး။အားလုံးအဆင်ပြေပါစေ။
  1. အရင်ဆုံး Free OCR ကိုသွားပါ
  2. ပြောင်းမယ့် ပုံကို upload လုပ်လိုက်ပါ (ဆိုဒ်က 2 MB ထက်နည်းရပါမယ်)
  3. ဘာသာစကားရွေးပြီး ပေးထားတဲ့ captcha ကိုရိုက်ပါ ( မြန်မာစာများမရပါ )
  4. နောက်ဆုံးအဆင့်အနေနဲ့ Send file button ကိုနှိပ်လိုက်ပါ
  5. ကဲ့ ပုံထဲကရလာတဲ့ စာတွေကို ကူးပြီး (Ctrl+C) ကြိုက်တဲ့နေရာမှာ paste လုပ်လိုက်ပါ

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.