၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့
တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3
ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ
အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ
ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက
အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။
Samsung Galaxy Note 3 ရဲ့ features
အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။


Samsung Galaxy Note 3 ရဲ့ဖုန်းဘက်ထရီကို 3200 mAh ရှိသော Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Processor ကို LTE 2.3 GHz Quad-Core Processor အားအသုံးပြုထားပါသည်။ ဖုန်းရဲ့ RAM ပမာဏအနေနဲ့ 3GB RAM ပါဝင်ပါတယ်။ Internal Storage အနေနဲ့ 32 GB/ 64 GB နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး SD Card ထပ်မံထည့်သွင်းအသုံးပြုနိင်သည်။

ထူးခြားချက်အနေနဲ့ကတော့ ယခင်က Samsung ဖုန်းများမှာ နောက်ဘက်ခြမ်းကို ပလတ်စတစ်ကာဗာသာအသုံးပြုခဲ့ရာမှ ယခု Samsung Galaxy Note 3 တွင် သားရေသားကာဗာဖြင့် ပြောင်းလဲအသုံးပြုလိုက်သည်ကိုတွေ့ရသည်။

ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကို
ထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.