Sony က Sony Xperia M လို့ခေါ်တဲ့ဖုန်းအသစ်တစ်လုံးကို
ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ ။ Sony Xperia M အကြောင်းကို
အသေးစိတ်လေ့လာကြည့်ရအောင်။
Network
GSM ကွန်ရက်စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး 2G, 3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖုန်းက Dual Sim စနစ်ဖြစ်တဲ့အတွက် Sim Card နှစ်ခုကို တစ်ပြိုင်တည်း ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြု အခြားစနစ်တွေ ဖြစ်တဲ့ အင်တာနက်စနစ်နဲ့ Bluetooth စနစ်တွေ အတွက်ကတော့ မိုဘိုင်း အင်တာနက် စနစ်အတွက် EDGE, GPRS, HSDPA, HSUPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဝိုင်ယာလက် အင်တာနက် စနစ်အတွက်တော့ WiFi စနစ်နဲ့ အသုံးပြုနိုင်ပါတယ်။ Bluetooth စနစ်ကတော့ 4.0 ဖြစ်ပါတယ်။ USB ကတော့ 2.0 ပါ။ အင်တာနက် အသုံးပြု EDGE စနစ်အတွက် Speed နှုန်းကတော့ 237kbps ထိ ရရှိနိုင်မှာဖြစ်ပြီး GPRS စနစ်အတွက်တော့ 86kbps ထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ HSDPA ကတော့ 21Mbps ရရှိမှာဖြစ်ပြီး HSUPA အတွက်ကလည်း 5.76Mbps ထိ ရရှိနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
Sensor & Chipset
ဖုန်းကို အသုံးပြုတဲ့ နေရာမှာ ခိုင်းစေချက်တွေအတွက် ဖုန်းကနေ အလိုအလျောက် သိရှိနိုင်မှု စနစ်တွေအတွက် Sensor တွေကို အသုံးပြုတဲ့ နေရာမှာတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက် Rotate လှည့်ပတ်ပေးနိုင်မယ့်အပြင် မြင်ကွင်းတွေကို အလျားလိုက်၊ ဒေါင်လိုက် ရွေ့လျားပြောင်းလဲပေးနိုင်မယ့် Acce-lerometer Sensor စနစ်နဲ့ ဖုန်းပြောနေချိန်မှာ Screen ကို ပိတ်ထားပေးနိုင်မယ့် Proximity Sensor စနစ်နှစ်ခုကို ထည့်သွင်းထားတဲ့အပြင် Compass Sensor ကိုလည်း ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ ဒီဖုန်းမှာ အသုံးပြုထားတဲ့ Chipset ကတော့ Qualcomm Snapdragon S4 Plus MSM8227 Chipset ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
OS
OS ကတော့ Android OS စနစ်ကို အသုံးပြုထားတာပါ။ ဗားရှင်းကတော့ 4.1 Jelly Bean ဖြစ်ပါတယ်။
Multimedia
SNS integration, Active noise cancellation with dedicated mic, MP4, MP3, WAV player, Document viewer, Photo viewer/editor, Voice memo/dial အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
Screen
Screen အရွယ်အစားကတော့ 4.0 Inch ရှိပါတယ်။ Screen Pixel uawmh 480×854 Pixel ဖြစ်ပြီး Screen အမျိုးအစားကတော့ TFT Capacitive Touch Screen အမျိုးအစားဖြစ်ပါတယ်။
Memory
ဖုန်းထဲမှာ ထည့်သွင်းပေးထားတဲ့ Memory အနေနဲ့ကတော့ Internal Memory 4GB ပါဝင်ပါတယ်။ RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ်ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်လည်း Micro SD Card 32GB ထိထပ်တိုး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
CPU & GPU
CPU ကတော့ Dual-core 1 GHz Krait CPU ကို အသုံးပြုပေးထားတာ ဖြစ်ပြီး ဖုန်းရဲ့ Screen ကို အထောက်အပံ့ ပေးနိုင်မယ့် ဂရပ်ဖစ် စနစ်ပိုင်း အတွက်နဲ့ ပုံရိပ်တွေရဲ့ အရောင်အသွေး ကြည်လင် ပြတ်သားမှုတွေအပြင် ဂိမ်းတွေရဲ့ ရုပ်ထွက်ပိုင်းတွေ အတွက် ဂရပ်ဖစ် GPU ကို ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ GPU ကတော့ Adreno 305 GPU ကို ထည့်သွင်းထားတာပါ။
Camera
ကင်မရာကတော့ 5 Megapixel ရှိတဲ့ ကင်မရာကို တပ်ဆင်ထားတဲ့အတွက် ကင်မရာ စနစ်ပိုင်းမှာလည်း မြင့်မားတယ်လို့ မဆိုသာပေမယ့် အတန်အသင့် ကောင်းမွန်တာ တွေ့ရမှာပါ။ အသုံးပြုနိုင်မယ့် ကင်မရာစနစ်တွေ အနေနဲ့ ဆိုရင်တော့ ပုံရိပ်ကို အလိုအလျောက် ဖမ်းယူပေးနိုင်မယ့် Auto Focus, ဓာတ်ပုံရဲ့ တည်နေရာနဲ့ လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေကို တွဲဖက် မှတ်သားနိုင်မယ့် Geotagging, Touch Focus, LED Flash အစရှိတဲ့ စနစ်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဗီဒီယိုစနစ် အတွက်လည်း ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ Dual ကင်မရာစနစ် ပါဝင်တဲ့ဖုန်း ဖြစ်ပြီး VGA ရှေ့ကင်မရာ စနစ်လည်း ပါဝင်ပါတယ်။
Dimension & Weight
ဖုန်းရဲ့အရွယ်အစားကတော့ ဘေးတိုက်အကျယ် 62mm ရှိပြီးအပေါ် အောက်အမြင့်ကတော့ 124mm ရှိပါတယ်။ ထုကတော့ 9.3mm ရှိပါတယ်။ အလေးချိန်ကတော့ 115g ဖြစ်ပါတယ်။
Ref & Credit: Internet Journal

0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.