-->

Sunday, November 17, 2013

Apple "iWatch"



Apple ကုမ္ပဏီရဲ့ နောက်ထပ် ဖန်တီးမှုအသစ် အဖြစ် လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်မယ့် "iWatch" ကို ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင်နေကြောင်း သတင်းအစအန ထွက်ပေါ်လျှက်ရှိပါတယ်။

The New York Times ၏ အဆိုအရ Apple က ဖော်ဆောင်နေတဲ့ နာရီဟာ မှန်အကွေး ဒီဇိုင်း Display ဖြစ်ပါတယ်။ Tim Cook ကလည်း လက်ကောက်ဝတ်မှာ ဝတ်ဆင်ဖို့အတွက် အကြီးအကျယ် စိတ်ဝင်စားစရာ ဖြစ်စေရမယ်လို့ တစ်ခါတုန်းက အရိပ်အမြွက် ပြောကြားသွားဖူးပါတယ်။

Apple က 320 X 320 flexible OLED display ပါ "iWatch" ကို အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ 1.7-inch OLED screen ကိုတော့ အမျိုးသားများအတွက် ရည်ရွယ်ထားပြီး အမျိုးသမီးများ အတွက်တော့ 1.3-inch OLED screen နဲ့အတူ ၂၀၁၄ ခုနှစ်အတွင်းမှာ ထွက်လာနိုင်မယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းဖြစ်နေပါတယ်။


အရင်ထဲက ကောလဟာလ သတင်းတစ်ခုဖြစ်တဲ့ Apple က ထုတ်မယ့် "iTV" ရဲ့ အစီအစဉ်ဟာ နောက်ရောက်သွားပြီး အဲဒီနေရာမှာ "iWatch" ကို ၂၀၁၄ ခုနှစ်မှာ ဦးစွာအရင် မြင်တွေ့ရဖို့ရှိတယ်လို့ မျှော်မှန်းထားကြပါတယ်။ 

Credit : မိုးသိကြား

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.