
ငွေဖြည့်ကတ်များကို ပုဂ္ဂလိကကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။ စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍ ရောင်းချရသည့် အတွက် ၂ ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။
မြင့်ကျော်လှိုင်
Credit to : Myanmar Internet Journal












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.