-->

Sunday, November 17, 2013

iOS 7.0.4 တင်ရင် Jailbreak လုပ်နိုင်ပါ့မလား....?


iOS 7 ထွက်လာပြီးနောက်ပိုင်း Hacker တွေက Jailbreak Tool ကို အားလုံးအတွက် မထုတ်ပေးနိုင်ခင်မှာ Apple က iOS ကို version တစ်မျိုးပြီး တစ်မျိုး Update လုပ်လာတာ အခုဆ်ုရင် iOS 7.0.4 ဖြစ်သွားပါပြီ။
ဒါဟာ Apple က Jailbreak မလုပ်နိုင်အောင် အဟန့်အတား ဖြစ်စေဖို့ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်သလို တည်ငြိမ်ပြီးပြည့်စုံတဲ့ iOS ဖြစ်အောင် ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်..

တစ်ကယ်တော့ Hacker တွေရဲ့ လက်ထဲမှာ iOS 7 ထွက်ကတည်းက Jailbreak လုပ်နိုင်နေပါပြီ၊ အဲဒီအချိန်ထဲကသာ Jailbreak Tool ကို အများသုံးနိုင်လောက်အောင် အချောသတ်ပြီး ထုတ်ပေးခဲ့ရင် အခုဆို အဲဒီ Tool က သုံးစားလို့ရမှာ မဟုတ်တော့ပါဘူး။ အချောသတ် Tool တစ်ခုဖြစ်ဖို့ လနဲ့ချီပြီး ကြာတတ်တာကြောင့် Hacker တွေက အခုချိန်ထိ ထုတ်မပေးသေးပါဘူး။ Apple နဲ့ Hacker တွေရဲ့ ကစားပွဲတစ်ခုပါပဲ...။

iOS 7.0.4 ထွက်လာတဲ့အခါမှာ Jailbreak လုပ်ရန် စောင့်စားနေကြတဲ့သူများက iOS 7.0.4 ကို တင်လိုက်ရင် Jailbreak လုပ်ဖို့ အဆင်ပြေပါ့မလား၊ စိတ်ချရပါ့မလား ဆိုတဲ့ မေခွန်းတွေ ပေါ်ပေါ်က်လာခဲ့ပါတယ်။

"MuscleNerd" Jailbreak ဆရာကြီးက သူရဲ့ Twitter မှာ iOS 7.X.X ကိုသုံးနေပြီး Jailbreak ကိုစောင့်နေကြသူများ အနေနှင့် iOS 7.0.4 ကို ယောင်ပြီး တက်သွားမိခဲ့ရင်တောင် Jailbreak လုပ်နိုင်ပါသေးတယ် လို့ အသိပေးလိုက်ပါတယ်။ iOS 7.0.4 ဟာ Jailbreak အတွက် ဘာအနှောက်ယှက်မှ မရှိပဲ သည်းခံနိုင်ဖို့ လေ့ကျင့်ခန်းသာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.