-->
skip to main |
skip to sidebar
12:56 AM
Aung Ko Htet
Facebook ဟာ ပြီးခဲ့တဲ့ မတ်လကုန်က ကယ်လီဖိုးနီးယား ပြည်နယ် Melon Park မှာ ရှိတဲ့ Facebook ရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး Facebook ရဲ့ အဓိက ရုံးချုပ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ စတုရန်းပေ ၄သိန်း၃သောင်းကျယ်တဲ့ ယင်းနေရာဟာ မြစ်ကြီးကိုလည်း မျက်နှာမူထားပါတယ်။
4:00 PM
Aung Ko Htet
ကျွန်တော်နည်းပညာအကြောင်းမဟုတ်ပဲ တင်တာကိုတော့ အနူးညွှတ်တောင်းပန်ပါတယ်ဗျာ။ လိုရမယ်ရ သိလိုကြတဲ့ မိတ်ဆွေတွေအတွက် အကျိုးရှိစေအောင် ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။
အိမ်တည်နေရာ
ရန်ကင်းမိုးကောင်း လမ်းမပေါ်မှာဖြစ်ပြီး ၃ထပ် RC အဆောက်အအုံ ဖြစ်ပါတယ်။
၁၄ပေ ဟောခန်း ၄ ခန်း၊ ပထမထပ်မှာ မာစတာခန်း ၁၁ ခန်း၊ အပေါ်ဆုံးထပ်မှာ ဟောခန်း
၁ ခန်း၊ ရုံခန်း ၁ ခန်း ပါဝင်ပါတယ်။
အိပ်ခန်းက ၁၂ ခန်း၊
ရေချိုးခန်းက ၁၇ ခန်း ရှိပြီး အိမ်အကျယ် ၇၃၀၀ စတုရန်းပေ ရှိပါတယ်။ ဖုန်း ၂
လုံး ပါဝင်ပြီး ပါဝါမီတာ ၁ လုံး ပါရှိပါတယ်။ ဈေးနှုန်းက အံ့မခန်းပါပဲ။
မြန်မာကျပ်ငွေ သိန်း ၂၉၀၀၀ ကျပ် တိတိ ရှိပါတယ်။ ဒီတော့ ရန်ကုန်မြို့ က
ဈေးကြီးပါတယ်ဆိုတဲ့ အိမ်များ စာရင်းထဲကို ပါဝင်သွားမှာ ဖြစ်ပါတယ်။
မိသားစုလိုက်နေနိုင်တဲ့အပြင်၊ ဟိုတယ်၊တည်ခိုခန်းတောင် ပြန်ဖွင့်လို့ရတဲ့ အိမ်အမျိုးအစား ဖြစ်ပါတယ်။
ဈေးကြီးသွားရတဲ့ အကြောင်းအရင်းက အဓိက အချက်အချာကျတဲ့နေရာမှာ တည်ရှိနေလို့
ဖြစ်ပါတယ်။ တိုက်က ၂၀၁၀ ခုနှစ်က ဆောက်လုပ်ခဲ့တာဆိုတော့ ၃၊၄ နှစ်သာ
သက်တမ်းရှိသေးတဲ့ တိုက် ဖြစ်ပါတယ်။ သိန်း ၃ သောင်းနီးပါး တန်ဖိုးရှိတဲ့
ယင်းအိမ်ကို http://www.house.com.mm/other-house-yangon-city-6065-16.html ထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
Aung Ko Htet