-->

Friday, December 27, 2013

iPhone, iPad Reset Settings များအကြောင်း

"Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာများကို ကိုမိုးသကြားဆိုဒ်မှာတွေ့လို့ ရှဲလိုက်ပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...
  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ... 

Credit To : ကိုမိုးသကြား

Saturday, November 30, 2013

iDevice များ Battery စားသက်သာစေရန် လုပ်ဆောင်သင့်သော 15 ချက်

iphone-battery-icon

1. Close Background App
- App တစ်ခုခုကို အသုံးပြုပြီးတိုင်း ချက်ချင်းဖြစ်ဖြစ် ပြန်မသုံးသေးဘူးဆိုရင် အဲ့ဒီ App ကို Complete Close လုပ်ပေးပါ။

2. Proper Charging
- သင့်ရဲ့ iDevice ကိုတစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Battery 20% အောက်ရောက်အောင် အသုံးပြုပြီးနောက် Full Charge ကို Non-Stop ပြန်သွင်းပါ။အားသွင်းနေတုန်းမှာ တခြားဘာမှမလုပ်ဆောင်သင့်ပါ။
ထို့ ပြင် နေ့ စဉ် ပုံမှန် အားတစ်ကြိမ်တော့ သွင်းပေးပါ။

3. Avoid Heat
- အပူဟာ Battery တွေအတွက် အရေးကြီးဆုံး သတိထားရမဲ့အချက်ဖြစ်ပါတယ်။သင့်ရဲ့ iDevice ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ နေမဲ့နေရာမျိုးတွေဖြစ်စေ ၊ တခြားသော အပူချိန်မြင့်မားသောနေရာမျိုးတွေမှာဖြစ်စေ ထားရှိခြင်းကို ရှောင်ရှားသင့်ပါတယ်။

4. Wifi
- သင့်ရဲ့ iDevice ကို Wifi အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Wifi မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

5. Bluetooth
- သင့်ရဲ့ iDevice ကို Bluetooth အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Bluetooth မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

6. Turn Off AirDrop
- သင့်ရဲ့ iDevice ကို AirDrop အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ AirDrop မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

7. Lock Your iDevice
- Auto-Lock Feature ကိုအချိန်အတိုင်းအတာ တစ်ခုအဖြစ်သတ်မှတ်ပေးထားခြင်းကြောင့် သတိမေ့လို့ ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် Lock မဖြစ်ပဲ Device ပွင့်နေခြင်းကြောင့် Battery ကုန်ခြင်းကို ကာကွယ်ထားနိုင်ပါတယ်။

8. Upgrade Your Software
- သင့်ရဲ့ iDevice တွေကို Apple မှထုတ်လုပ်ပေးထားသော နောက်ဆုံး iOS Version တွေကို Upgrade အမြဲတမ်းလုပ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ Apple မှသူတို့ရဲ့ iDevice တွေရဲ့အားနည်းချက် ချို့ယွင်းချက်တွေကို အစဉ်အမြဲရှာဖွေပြီး ပြုပြင်ပေးနေမှူကြောင့် Battery Performance တွေကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

9. Don’t Use Third Party Charger
- ဒီအချက်က အတော်အရေးကြီးပါတယ်။Apple ရဲ့ iDevice တွေကို Apple iDevice ဝယ်ကတည်းကပါလာတဲ့ Battery Charger နဲ့ပဲအားသွင်းပါ။အခြားသော ပြင်ပ Company ကထုတ်လုပ်တဲ့ Battery Charger တွေနဲ့ အားမသွင်းသင့်ပါဘူး။အခန့် မသင့်ရင် ပေါက်ကွဲပြီး အသက်ပါဆုံးရှူံးနိုင်ပါတယ်။

10. Use Static Wallpaper
- Dynamic Background ပုံလေးတွေက လှပပေမဲ့ Battery ကိုတော့ ပိုစားပါတယ်။ ဒါကြောင့် Battery ပိုကြာရှည်ခံစေချင်ရင် လှူပ်ရှားမှူမရှိတဲ့ Static Background Image လေးတွေကိုသာသုံးသင့်ပါတယ်။

11.Automatic Downloads
- Automatic Downloads လုပ်ဆောင်ချက်ဟာ မိမိရဲ့ iDevice ထဲမှာ ရှိတဲ့ App တွေကို Update အသစ်ထွက်တိုင်း နောက်ကွယ်ကနေ Auto Update လုပ်ဆောင်ပေးလေ့ရှိပါတယ်။ဒါကြောင့် ဒီ Feature ကိုပိတ်ထားခြင်းအားဖြင့် Battery စားနှူန်းကို လျော့ချနိုင်ပါတယ်။

13. Adjust Auto Brightness
- Auto-Brightness ကို On ပေးထားခြင်းကြောင့် မိမိရဲ့ iDevice တွေမှာ Battery စားနှူန်းကို လျော့ချပေးနိုင်ပါတယ်။

14. Location Services
- အချို့ App တွေက သင့်ရဲ့လက်ရှိတည်နေရာကို အသုံးပြုကြပါတယ်။အချိန်တိုင်းလိုလို သင့်ရဲ့ လက်ရှိတည်နေရာကို ထောက်လှမ်းနေမယ်ဆိုရင် Battery အကုန်မြန်ပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Location Service ကိုပိတ်ထားသင့်ပါတယ်။

15. Mobile Data
- ကိုယ့်ရဲ့ iDevice တွေမှာ မလိုအပ်ပဲနဲ့ Mobile Data On ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 3G/4G တွေဟာလိုင်းဆွဲအားမြန်တယ်ဆိုပေမဲ့ Battery ကိုလည်းပိုစားပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Off လုပ်ပေးထားသင့်ပါတယ်။

Credit To : Apple4MM

Friday, November 29, 2013

iPhone device ရဲ့ region codes များ


Iphone ကိုင်ဆောင် သူတွေ အတွက် ကိုယ်သိထားတာလေး မျှဝေချင်ပါတယ်..ကိုယ်ကိုင်တဲ့ဖုန်း(device)က ဘယ်နိုင်ငံကလာသလဲ ဆိုတာကို သိချင်သူတွေ အတွက် ဗဟုသုတအနေ နဲ့ တင်ပေးလိုက်ပါတယ်..အောက်မှာ ကိုယ်ဖုန်း မော်ဒယ်လ်နဲ့ တိုက်ကြည့်နိုင်ပါတယ်..ဥပမာ – ကိုယ်ဖုန်းမှာ Model – MD……X/A ဆိုပြီး ပါတတ်ပါတယ်.X ဆိုတဲ့ အင်္ဂလိပ်အက္ခရာလေးနဲ့ တိုက်ကြည့်ရမှာဖြစ်ပါတယ်..

မျှဝေပေးတဲ့ KO Thet Hmu Swe ကို လည်းကျေးဇူးတင်ပါတယ်..

    Code     Region
AB   Egypt, Jordan, Saudi Arabia, United Arab Emirates
B   Ireland, UK, also used for some replacement phones
BR   Brazil (Assembled in Brazil)
BZ   Brazil (Assembled in China)
C   Canada
CH   China
CZ   Czech Republic
D   Germany
DN   Austria, Germany, Netherlands
E   Mexico
EE   Estonia
FB   France, Luxembourg
FD   Austria, Liechtenstein, Switzerland
GR   Greece
HN   India
IP   Italy
HB   Israel
J   Japan
KN   Norway
KS   Finland, Sweden
LA   Colombia, Ecuador, El Salvador, Guatemala, Honduras, Peru      
LE   Argentina
LL   USA
LZ   Chile, Paraguay, Uruguay
MG   Hungary
NF   Belgium, France, Luxembourg
PL   Poland
PO   Portugal
PP   Philippines
RO   Romania
RS   Russia
SL   Slovakia
SO   South Africa
T   Italy
TA   Taiwan
TU   Turkey
X   Australia, New Zealand
Y   Spain
ZA   Singapore
ZP   Hong Kong, Macau

Credit To : Myanmar Mobile App Store

Wednesday, November 27, 2013

Facebook ကို ဘာအတွက် သုံးမလဲ ?



ဒီနေ့ခေတ်အချိန်မှာ နည်းပညာများ ပြောင်းလဲတိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီးကို နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီနေ့ခေတ် အချိန်မှာ ဖုန်းတစ်လုံးရှိရင် အင်တာနက် သုံးလို့ ရနေပြီဆိုတော့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီး၊ မြို့ငယ် တော်တော် များများမှာ အင်တာနက် သုံးတာ ရာခိုင်နှုန်းဟာ တိုးလို့လာနေပါတယ်။ အင်တာနက် သုံးစွဲကြတဲ့သူတွေ တော်တော် များများဟာ အခုချိန်မှာ facebook ကို သုံးစွဲနေကြပါပြီ၊ မာ့ခ်ဇူကာဘတ်ဆိုတဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းသားလူငယ်လေး တစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ငယ်ချင်း တစ်ယောက်ယောက် က ကျောင်းသား အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက်ကြား မှာ သုံးစွဲနိုင်ဖို့ ဖန်တီးခဲ့ရာက အစပြုပြီး နောက်ပိုင်း မှာတော့ တက္ကသိုလ်ကျောင်းသားများ ကြားတွင် သာမက အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုး ထားနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့လူ ၁၄ ယောက်မှာ ၁ ယောက်နှုန်းစီ facebook ကို သုံးစွဲနေကြပြီး မိနစ် ၂၀ တိုင်းမှာ Status Update ၁.၈၅၁ သန်းရောက်ရှိ တယ်လို့ facebook စစ်တမ်းက ဆိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အသိအကျွမ်းဖြစ်ကြပြီဆိုရင် facebook account ကိုတောင်းလေ့ရှိ လာကြပါတယ်။ လိပ်စာကဒ်တွေမှာလည်း Email အပြင် facebook address ကိုပါထည့်သွင်းလာ ကြတာကို တွေ့ရမှာပါ။ facebook သုံးစွဲသူတိုင်းဟာ နေ့တိုင်း Status Update မတက်ရင်တောင်မှ ခဏတဖြုတ် လောက်ပဲ ဖြစ်ဖြစ် ဝင်ပြီး check လေ့ရှိတာ အကျင့်တစ်ခုလို ဖြစ်နေပါတယ်။ နေ့စဉ် လူမှုဘဝမှာ facebook က တော်တော်လေး လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ပါတယ်။ facebook သုံးစွဲသူတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။ facebook ကြောင့် အကျိုးရတဲ့သူတွေ ရှိသလို၊ facebook ကြောင့် ပြဿနာတက် ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ၊ facebook ကြောင့် ထင်ရှားအောင်မြင်လာသူတွေ ရှိသလို၊ facebook ကြောင့်ပဲ အပြောအဆိုခံရသူတွေ ရှိပါတယ်။

နန်းခင်ဇေယျာ က အစပြုပြီး ခင်ဝင့်ဝါ၊ ထားထက်ထက် အထိ Miss Popular, Miss Internet ဆုတွေရခဲ့ကြတာ facebook က တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အကြော်ရောင်းရတဲ့ နန်းမီမီမိုးစက်၊ သုတ/ရသ အမျိုးမျိုးနဲ့ သမီးဆိုး၊ လဲ … လဲ … လဲ … လဲ … နစ်ကီဘိုမင်းအောင်၊ ရှင်နော် … ရှင်ရယ် ဆိုတဲ့ မေမြတ်မွန်၊ တောင်းရမ်းစားနေရတဲ့ ဘဝက အဆင်ပြေသွားတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင် စတဲ့စတဲ့ သူတွေကို facebook က အဓိက အခန်းကဏ္ဍက ပံ့ပိုး ခဲ့ပါတယ်။ Personal Account တွေသာမက လူအများ စိတ်ဝင်စားကြတဲ့ Page တွေလည်း အများကြီးပါ။ facebook ကို အကြောင်းအမျိုးမျိုး နဲ့ သုံးနေကြတဲ့ အထဲမှာ အရည်မရ အဖတ်မရတွေလည်း ရှိသလို၊ တကယ်အသုံး တည့်တဲ့ အသုံးဝင်တဲ့ အကြောင်းအရာတွေကို စေတနာနဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး မျှဝေပေးနေကြတဲ့ Personal Account တွေ၊ Page တွေလည်း အများကြီးရှိပါတယ်။ ကွန်ပြူတာ နည်းပညာ၊ ကျန်းမာရေး၊ အင်ဂျင်နီယာဆိုင်ရာ၊ စာရင်းအင်းဆိုင်ရာ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ၊ စာပေရေးရာ အစရှိတဲ့ လေ့လာ ကိုယ်လိုချင်တာကို လေ့လာမှတ်သားနိုင်တဲ့ နေရာတွေလည်း facebook ပေါ်မှာ တော်တော်များလာ နေပါပြီ။

ဒါကြောင့် facebook သုံးတာ မကောင်းဘူးလို့ ပြောဖို့ မဖြစ်နိုင်ပါ။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာ လောကဓမ္မတာ ပါ။ သုံးစွဲသူရဲ့ ရည်ရွယ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။ ဒါဆိုရင် နေ့တိုင်းလောက်နီးပါ သုံးဖြစ်နေတဲ့ facebook က တစ်ခုခု အကျိုးရအောင် လုပ်သင့်ပါတယ်။ ဘာတွေရနိုင်လဲ … Learning လုပ်ချင်သူတွေ အတွက် သက်ဆိုင်ရာ ပညာရပ်အလိုက် ပုံမှန်တင်ပေးနေတဲ့ Account တွေ၊ Page တွေကနေ လေ့လာ မှတ်သားနိုင်ပါတယ်။ စာပေဝါသနာရှင်တွေ အနေနဲ့လည်း အခမဲ့ တင်ပေးနေတဲ့ စာပေဆိုင်ရာ Page တွေက စာအုပ်တွေဖတ်လို့ရပါတယ်။ ကိုယ့်ရဲ့စာပေ အစွမ်းအစကို facebook ကဆင့် ဖော်ပြနိုင်ကြပါတယ်။ ဂီတကို ဝါသနာပါတဲ့သူတွေ အတွက်လည်း ကိုယ်ရဲ့ ဂီတကို facebook ကနေ ပရိတ်သတ်ကို မိတ်ဆက်နိုင်ပါတယ်။

facebook သုံးစွဲသူတွေဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ အမျိုးမျိုးကို Status တွေတင်ကြ ပါတယ်။ အဲဒီ Status တွေကပဲ ကိုယ့်ရဲ့ Personality ကိုယ့်ရဲ့ Image ကို တည်ဆောက်နိုင်ပါတယ်။ နေ့စဉ်နဲ့ အမျှ ကိုယ်တင်နေတဲ့ ကိုယ့်ရဲ့ Status တွေဟာ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသကို ဖော်ပြနေပါတယ်။ ကိုယ်ရဲ့ အတွေးအခေါ်ကို အယူအဆတွေရဲ့ တစ်စွန်းတစ်စကို လှစ်ဟ ပြနေပါတယ်။ ကိုယ်ရဲ့ အရည်အချင်းတွေကို ဖော်ပြနေပါတယ်။ အဲဒီ Status တွေကြောင့် မိတ်ဆွေ အပေါင်းအသင်း ကောင်းတွေရနိုင်ပါတယ်။

အဲဒီအတွက်ကြောင့် facebook သုံးစွဲသူ လူငယ်တွေ အနေနဲ့ facebook ကို Learning area တစ်ခု အဖြစ် သုံးစွဲစေချင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့ Career တစ်ခုခု ကို အစပြုနိုင်ဖို့ facebook သုံးရင်း လေ့လာပြီး၊ facebook ကပဲ ကိုယ့်ရဲ့ ကိုယ်စွမ်း ကိုယ်စကို စတင်မိတ်ဆက်ပါ။ ချက်ချင်းတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေက သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ရှည်ဖို့ လိုပါတယ်။ ကိုယ်တင်နေတဲ့ status တွေကို စေတနာထားပြီး စိတ်ရှည် လက်ရှည်နဲ့ တင်ကြည့်ပါ၊ တကယ် အကျိုးရှိတယ်၊ တကယ်ကောင်းတယ်ဆိုရင် တောင်းစရာမလိုဘဲ Like တွေ ရလာပါမယ်။ အဲဒီကဆင့် Share တွေများလာပြီ ဆိုရင် ကိုယ့်ရဲ့ Personality ကိုယ့်ရဲ့ Image ကို လူတွေက စပြီးတော့ သတိထား မိလာမှာပါ။ အဲဒီ Image ကို ခိုင်မြဲအောင် တည်ဆောက်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်ဝင်မယ့် အချိန်မှာ ကိုယ်က Quality ရော Image မှာ ခိုင်မာနေပြီဆိုရင် ကိုယ့်အတွက် အခွင့်အလမ်း ပိုများပါတယ်။

ဒါကြောင့်မို့ facebook ကို နေ့တိုင်းလောက် နီးပါး သုံးဖြစ်နေတဲ့ကြတဲ့ facebook user တွေအနေနဲ့ အကျိုးမရှိ အချိန်ကုန်သွားမယ့် အစား ကိုယ့်အတွက် အကျိုးတစ်ခုခုရရှိအောင် ဘာအတွက် သုံးမှာလဲ ? ဘယ်လို သုံးမှာလဲ ? ဆိုတဲ့ အတွေးလေးတစ်ခု ထားစေချင်ပါတယ်။ အဲဒီအတွေးကနေ အဖြေတစ်ခု ရပြီဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်။

ကိုယ့်ကို facebook က သုံးတာမျိုးမဟုတ်ဘဲ facebook ကို ကိုယ်က အသုံးချနိုင်ကြပါစေ ……

အောင်ကိုဦး (UMK)
Be the Best !

Thursday, November 21, 2013

Cloud ဟူသည်......

ယနေ့ နည်းပညာလောကမှာ လူပြောသူပြောများပြီး လူသိပ်မသိကြသေးတဲ့ ‘Cloud’ ဆိုတာကို ရှင်းပြလိုပါတယ်။ Cloud ဆိုတာဘာလဲ? Cloud ကို ဘယ်အချိန်မှာ သုံးကြလဲ? Cloud ဟာ သင့်စီးပွားရေးအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲ စတာတွေပေါ့။ Facebook, Twitter စတဲ့ လူမှုကွန်ရက်တစ်ခုခု၊ ဒါမှမဟုတ် Google Drive လိုမျိုး ‘Online Storage’ တစ်ခုခုကို သုံးရင် သင်ဟာ Cloud သုံးသူ တစ်ယောက်ဖြစ်နေပါပြီ။

တကယ်တမ်းကျတော့ Cloud ဆိုတာ…
Cloud ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ တကယ်လက်တွေ့ရှိတဲ့ အရာတော့ မဟုတ်ပါဘူး။ “မတူညီတဲ့ လုပ်ဆောင်ချက် အသီးသီးရှိတဲ့ Server တွေရဲ့ ကွန်ရက်တစ်ခု” သာဖြစ်ပါတယ်။ အဲဒီထဲက အချို့ Server တွေဟာ ‘Computing Power’ ကိုသုံးပြီး App တွေ Run တာနဲ့ အချို့ကတော့ ၀န်ဆောင်မှုတွေ လုပ်ကြပါတယ်။ ဥပမာပြရရင် Photoshop, Illustrator စတာတွေကို ထုတ်လုပ်တဲ့ Adobe ကုမ္ပဏီဆိုရင် သူ့ရဲ့ ‘Creative Service’ တွေကို Cloud ပေါ် ရွှေ့ခဲ့ပါတယ်။ ဒါကြောင့် Adobe ထုတ်ကုန်တွေကို ၀ယ်ယူလိုရင် Set လိုက်၊ Package လိုက် ၀ယ်စရာမလိုတော့ဘဲ “Adobe Creative Cloud” ကနေ လစဉ်ကြေးပေးပြီး ဆော့ဖ်ဝဲလ်တစ်ခုစီကို သုံးနိုင်ပြီဖြစ်ပါတယ်။ ပိုက်ဆံကုန် သက်သာသွားတာပေါ့ဗျာ။
Network ထဲမှာရှိတဲ့ အခြား Server တွေရဲ့ တာဝန်ကတော့ Data (အချက်အလက်)တွေကို သိုလှောင်ဖို့ပါ။ ဥပမာ သင့်စမတ်ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တဲ့အခါ အဆိုပါပုံဟာ သင့်ဖုန်းထဲမှာ သိမ်းသွားမှာ ဖြစ်ပြီး Facebook, Instagram လိုမျိုး လူမှုကွန်ရက်တစ်ခုခုမှာ တင်လိုက်ရင်တော့ သင်ဟာအဲဒီ ဓာတ်ပုံကို ‘Cloud’ ပေါ်တင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ‘Cloud’ ဆိုတာ ဆာဗာတွေရဲ့ ကွန်ရက်တစ်ခုပါပဲ။ အချို့ဆာဗာတွေက အွန်လိုင်းဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးသလို အချို့ဆာဗာတွေကျတော့ Data အချက်အလက်တွေကို သိမ်းဆည်းထားပေးပါတယ်။ နိုင်ငံတကာမှာ Cloud ကို တော်တော်အားထားကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင် Storage များများစားစား ရှိစရာမလိုဘဲနဲ့ လိုအပ်တဲ့အချိန်မှသာ လိုအပ်တာကို Cloud ပေါ်ကနေ ဆွဲယူသုံးလိုက်ရုံပါပဲ။

Cloud ကိုသုံးလို့ ရတဲ့ အကျိုးကျေးဇူးတွေ
စီးပွားရေးလုပ်ငန်းကြီး တစ်ခုအနေနဲ့ အချက်အလက်ပေါင်းများစွာကို ထားသိုဖို့ Cloud မသုံးဘူးဆိုရင် ကွန်ပျူတာပစ္စည်းတွေ ၀ယ်တာနဲ့ ကုန်ကျစရိတ် ကြီးမြင့်သွားပါလိမ့်မယ်။ Cloud ကိုသုံးလိုက်တော့ စက်ပစ္စည်းတွေ ၀ယ်စရာမလိုတော့ဘဲ Cloud သုံးခပဲ ပေးရမှာပေါ့။ ဒါကြောင့် Cloud ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ များစွာအလုပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကလည်း ငွေကြေးတွေ Save ဖြစ်တာပေါ့။

Cloud ဖြစ်ပေါ်လာပုံ
လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တည်းက Cloud သဘောမျိုး ‘Mainframe’ တစ်ခုကို ပညာရှင်တွေ တီထွင်ခဲ့ကြပါတယ်။ အဆိုပါ Mainframe ဟာ အခန်းတစ်ခုစာလောက် ကြီးမားပြီး ဈေးလည်းအရမ်း ကြီးခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း(ကုမ္ပဏီ)တွေ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အဆိုပါ Mainframe တွေ ၀ယ်မပေးနိုင်တဲ့အတွက် User တွေအများကြီး Data တွေကို ဝေမျှသုံးစွဲနိုင်တဲ့ ‘Time Sharing’ ဆိုတဲ့စနစ် တစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစနစ်ဟာ ယနေ့ခေတ်မှာ ‘Cloud’ ဆိုတာဖြစ်လာဖို့ အဓိကအကြောင်းရင်းပါပဲ။
Cloud သမိုင်းမှာ နောက်ထပ် အဓိကဖြစ်စဉ်တစ်ခုကတော့ ၁၉၆၉ ခုနှစ်မှာ Developer တစ်ယောက်က ARPANET (Advanced Research Project Agency Network) ဆိုတဲ့ ကွန်ရက်တစ်ခု တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ Developer ဟာ တစ်နေ့နေ့မှာ ဘယ်သူမဆို ဘယ်နေရာကို ရောက်ရောက် Data တွေ၊ Program တွေ ရယူသုံးစွဲ နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ သို့သော်အဲဒီကာလတည်းက အင်တာနက်ဟာ Cloud စနစ်သုံးလို့ရလောက်အောင် Bandwidth မရှိခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေ အထိဖြစ်ခဲ့ပါတယ်။
ပြီးတော့ ဒီနေ့ခေတ် နည်းပညာနယ်ပယ်မှာ ပြောနေကြတဲ့ ‘Cloud Computing’ ဆိုတဲ့ အသုံအနှုန်း ဘယ်သူက စတင်ခဲ့တယ်လို့ ထင်ပါသလဲ? ၁၉၉၇ ခုနှစ်နဲ့ ၉၉ခုနှစ်တွေမှာ ပါမောက္ခ Ramnath Chellappa ဆိုတဲ့သူက စတင် အသုံးပြုခေါ်ဝေါ်ခဲ့တာ ပါတဲ့ဗျာ။ အဆိုပါပုဂ္ဂိုလ်က ‘Salesforce’ ဆိုတဲ့ ၀က်ဘ်ဆိုဒ် ကိုပါ ဖန်တီးခဲ့ပြီး အဲဒီ ၀က်ဘ်ဆိုဒ်ဟာ အင်တာနက်ကနေ App တွေ၊ Software တွေရယူလို့ရတဲ့ ပထမဦးဆုံး ၀က်ဘ်ဆိုဒ် ဖြစ်လာတော့တာပါပဲ။

ဒီနေ့ခေတ်ရောက်တော့…
ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့ နာမည်ကြီးအွန်လိုင်း Shopping ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Amazon ဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် Cloud ကို AWS(Amazon Web Service) လို့နာမည်ပေးပြီး ၂၀၀၆ ခုနှစ်မှာ ပွဲထုတ်ကြေညာခဲ့ပါတယ်။ အဆိုပါ AWS ဟာ Amazon တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသော Website တွေ၊ Apps တွေ အတွက်ပါ အွန်လိုင်းဝန်ဆောင်မှုပေးခဲ့ပြီး ယနေ့အချိန်ထိလည်း Instagram လိုမျိုး Pinterest လိုမျိုး လူမှုကွန်ရက်တွေဟာ AWS ကို အားကိုးနေရတာဖြစ်ပါတယ်။ Amazon ပိုင် AWS ဆိုတဲ့ Cloud အနေနဲ့ ယခုအခါမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်း ၁၉၀ကျော်ရဲ့ Startup ပေါင်းများစွာ၊ ကုမ္ပဏီကြီးများစွာနဲ့ ချိတ်ဆက်လည်ပတ်နေတယ်လို့လည်း သိရပါတယ်။
Cloud ဆိုတာ ပမာဏ ဘယ်လောက်ရှိလဲ?
စိတ်ဝင်စားစရာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ Cloud တစ်ခု ပမာဏ ဘယ်လောက်ကြီးမားတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိပါဘူးတဲ့။ ခန့်မှန်းတွက်ချက် တိုင်းတာမှုတွေအရတော့ Cloud တစ်ခုဟာ 1 Exabyte လောက် ရှိတယ်ဆိုပဲ။ ဒါနဲ့ 1 Exabyte ဆိုတာ ဘယ်လောက်များပါလိမ့်? ဥပမာ ပြထားတာကတော့ 1 Exabyte ဆိုတာ Apple ရဲ့ Macbook Pro အလုံးရေ ၄၂သန်း လောက်ရဲ့ Storage နဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။ ဒါဟာ အရမ်းကိုကြီးမားတဲ့ ပမာဏပါ။

Cloud သုံးတာ လုံခြုံမှု ရှိရဲ့လား?
အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ Note တွေရေးမှတ်တာ၊ ဓာတ်ပုံတွေ၊ ဗီဒီယို၊ သီချင်း စတာတွေ တင်တာဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်ရေးအချက်အလက်တွေ၊ ကုမ္ပဏီရဲ့ အရေးကြီးမှတ်တမ်းတွေ၊ ဘဏ်ရဲ့ ငွေကြေးစာရင်းတွေ စတာတွေကို Cloud မှာ သိမ်းမယ်ဆိုရင်တော့ သတိကြီးစွာထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ ကမ္ဘာအရပ်ရပ်က Hacker တွေကလည်း ဒါမျိုးတွေကိုမှ မျက်စိကျနေတာကိုး။ နာမည်ကျော် Search Engine ကုမ္ပဏီကြီး Google ကလည်း ဒီကိစ္စကို သတိပေးပြောကြားနေကာ ၎င်းတို့ရဲ့ Cloud Service မှာ ပိုက်ဆံပေး အသုံးပြုသူတွေရဲ့ Data ကို အလိုလျောက် Encrypt (၀ှက်စာလုံခြုံရေးစနစ်) ပြုလုပ်ပေးသွားမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။ သင်ရော Cloud ကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုပါသလဲ?


ref:http://mmconsumerguide.com/

Sunday, November 17, 2013

iOS 7 အတွက် Keyboard Shortcuts များ

Apple က iOS 7 မှာ developer တွေ သူတို့ရဲ့ App တွေမှာ third party အနေနှင့် external bluetooth keyboard ကို တွဲဖက် အသုံးပြုနိုင်အောင် ဖန်တီးနိုင်မယ့် အခွင့်အလမ်းကို ထောက်ပံ့ပေးထားပါတယ်။ ဒီအတွက် အချို့ App တွေမှာ Bluetooth keyboard သုံပြီး စာရိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဥပမာအနေနှင့် မြန်မာ App တစ်ခုဖြစ်တဲ့ "Sar" မှာ bluetooth hardware keyboard နဲ့ တွဲသုံးနိုင်အောင် ထည့်သွင်းပေးထား တွေ့ရပါတယ်။


iPad ကို Bluetooth keyboard နှင့် အသုံးပြုသူများအတွက် iOS 7+ အတွက် keyboard shortcuts များကို ဖော်ပြပေးလိုက်ပါတယ်။ အချို့ shortcuts များမှာ လောလောဆယ် အနေနှင့် iOS 7.0.3/7.0.4 များနှင့် အလုပ်မလုပ်နိုင်သေးပါ။

>> Safari <<
  • ⌘L to Open Location
    (like Safari for Mac, this selects the address bar so you can start typing to open a URL or search. You can’t move up/down with the keyboard to select results though)
  • ⌘T to open a new tab
  • ⌘W to close the current tab
  • ⌘R to refresh the current tab
  • ⌘. to stop loading the current tab
  • ⌘G and ⌘⇧G to move between Find In Page results (activate Find In Page with touch from the address bar, tap the search field at the bottom, then try the shortcuts)
  • ⌘[ and ⌘] for navigation
Note: Safari can’t switch between tabs or search in the current page with keyboard shortcuts in iOS 7.0.3.

>> Mail <<
  • ⌘N to create a new message
  • ⌘⇧D to send a message
    (from the Compose screen, it also works in other apps that implement a Mail sharing feature)
  • ⌦ (backspace) key to delete the currently selected message
  • ↑/↓ arrows to select suggested email address in To/CC/BCC popover fields

>> Pages <<
  • ⌘⇧K to comment
  • ⌘⌥K to show next comment
  • ⌘⌥⇧K to show previous comment
  • ⌘I/B/U to make text italic, bold, or underlined
  • ⌘D to duplicate the current object (such as an inline photo)
  • ⌘↩ to end editing and select parent (in table cells)
  • ↩ to insert a new line, ⌥↩ to select next cell (in table cells)
  • ⇥ to move to next cell, ⇧⇥ to move to previous cell
  • ⇧↩ to select cell above the current cell
  • ⌥↑/↓/→/← (arrow keys) to create a new row or column
  • ⌘↑/↓/→/← (arrow keys) to first/last cell in current row or column

Note: several keyboard shortcuts are shared across all the iWork apps, but we’ll repeat them in individual sections for clarity purposes.

>> Numbers <<
  • ⌘⇧K to comment
  • ⌘⌥K to show next comment
  • ⌘⌥⇧K to show previous comment
  • ⌘I/B/U to make text italic, bold, or underlined
  • ⌘D to duplicate the current object (such as an inline photo)
  • ⌘↩ to end editing and select parent
  • ↩ to select next cell
  • ⇥ to move to next cell, ⇧⇥ to move to previous cell
  • ⇧↩ to select cell above the current cell
  • ⌥↑/↓/→/← (arrow keys) to create a new row or column
  • ⌘↑/↓/→/← (arrow keys) to first/last cell in current row or column

Note: It’s possible that these shortcuts were enabled before, but I’ve added them for the sake of completeness because I haven’t seen them documented anywhere else.

>> Keyboard Symbols (ကီးဘုတ် သင်္ကေတ အဓိပ္ပါယ်)

⌘ Command
⇧ Shift
⌫ Backspace/Delete
⌥ Option / Alt
⌃ Control
↩️ Return
⇪ Caps lock
←↑→↓Arrow Keys

iOS 7.0.4 Update

iPhone, iPad, iPodTouch တို့အတွက် Update ပေးလာတဲ့ iOS 7.0.4 မှာ ကြီးကြီးမားမား ပြောင်းလဲထားတာမျိုး မပါပဲ OS ပိုမိုကောင်းမွန်စေဖို့ Bug တွေကို ပြုပြင်ခြင်းနှင့် အသုံးပြုသူ အချို့ ရင်ဆိုင်နေရတဲ့ FaceTime Call fail ဖြစ်တဲ့ ပြဿနာတွေကို ပြုပြင်ထားပြီး minor update လုပ်ထားခြင်းသာ ဖြစ်ပါတယ်..


Apple ဟာ Fourth generation iPodTouch အတွက်လည်း FaceTime  ပြဿနာကို ဖြေရှင်းပြီး iOS 6.1.5 အနေနဲ့ ထုတ်ပေးထားပါတယ်။ Apple TV အတွက် version 6.0.2 ကို update ပေးထားသော်လည်း ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

iOS 7.0.3 ထွက်ပြီးလို့ ရက်သတ္တ သုံးပါတ်အကြာမှာ ထပ်ထွက်လာတဲ့ 7.0.4 မှာ iCloud Key-Chain support လုပ်ထားပါတယ်။ iOS 7.0.4 ကို update လုပ်ချင်တယ် ဆိုရင်တော့ iTunes ကနေဖြစ်စေ iDevice ရဲ့ Settings ထဲကနေဖြစ်စေ update လုပ်နိုင်ကြပါပြီ..

Friday, November 15, 2013

ဘီလ်ဂိတ်နှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

billgate


မိုက်ခရီုဆော့ဖ် ကုမ္မဏီပိုင်ရှင်- ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလ်ဂိတ်ကိုတော့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၈ ရက်၊ ၁၉၅၅ခုနှစ်ဖွား ဝါရှင်တန်၊ Seattle မြို့သား ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ သူ့ရဲ့အကြောင်းအရာအချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ သိုပေ့မယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

၃။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ် time tabling system ရေးဆွဲပြီး အမေရိကန်ဒေါ်လာ ၄၂၀၀ နဲ့ရောင်းချ ကာ ကျောင်းတက်ဖို့ စရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။

၎။ ဟားဗာတ် တက္ကသိုလ်မှာ ကျောင်းတက်စဉ် Altair BASIC အမည်ရ အခြေခံ Programming Language ပူးပေါင်းရေးဆွဲပြီး သူ့ရဲ့ ပထမဆုံး မိုက်ခရိုဆော့ဖ်ကုမ္မဏီထုတ်ကုန် ဖြစ်လာခဲ့ပါတယ်။

၅။ ၁၉၈၇ ခုနှစက Manhattan မှာပြုလုပ်တဲ့ Microsoft သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Melinda French ကို စတင် တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် New Year နေ့မှာ လက်ထက်ခဲ့ပါတယ်။

၆။ ၂၀၀၂ ခုနှစ်က စစ်တမ်းအရ ဟောင်ကောင်နဲ့တရုတ်ပြည်မှာ တရုတ် တော်လှန်ရေး ကွန်မြူနစ်ခေါင်းဆောင် Mao Tse-tungin ထက် ဘီလ်ဂိတ်ကို ဆယ်ကျော်သက်များ ပိုမိုလေးစားအားကျ ကြပါတယ်။

၇။ ၂၀၀၇ခုနှစ် စစ်တမ်းအရ ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ တစ်နှစ်ကို ၇.၈ ဘီလျံ ရှိပါတယ်။

၈။ ဘီလ်ဂိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထောင်တန် ချက်လက်မှတ်ကျသွားရင် ပြန်ကောက်စရာမလိုဘူး လို့ တင်စားကြပါတယ်။ ဘာလို့လဲဆို ပြန်ကောက်ရန် ကြာချိန် ၄ စက္ကန့်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ က သူ့အလိုလိုပြည့်ပြီးသား ဖြစ်ပါတယ်။

Ref: cybernetnews.
အောင်ခမ်း ( smart.com.mm )

Sunday, October 20, 2013

စတိဗ်ဂျော့ဘ် အကောင်အထည် မဖော်ဖြစ်ခဲ့သည့် Apple ၏ မဟာစီမံကိန်း

http://d.fastcompany.net/multisite_files/fastcompany/imagecache/1280/poster/2013/10/3020188-poster-p-2-3-ways-burberrys-ceo-will-impact-apples-new-spaceship-style-headquarters.jpg

Apple ကို ကမ္ဘကျော် နည်းပညာ လုပ်ငန်းစုကြီး ဖြစ်လာအောင် အဓိက ဦးဆောင် ထူထောင်ခဲ့သည့် စတိဗ်ဂျော့ဘ်၏ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သော စီမံကိန်းကြီး တစ်ရပ်ကို Apple က ယခုအခါ ထုတ်ဖော် ပြသလာခဲ့ပြီ ဖြစ်သည်။ iPhone နှင့် iPad တို့၏ ဖခင်ကြီးအဖြစ် တင်စားခံရသော ဂျော့ဘ်သည် စိတ်ကူးစိတ်သန်း အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် Apple ဌာနချုပ်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်မီ ကွယ်လွန်ခဲ့ရှာသည်။ အမေရိကန်သား တီထွင်မှု ပါရမီရှင်ကြီးသည် အချင်း (၁) မိုင်မျှ ကျယ်ဝန်းသည့် စက်ဝိုင်းပုံ အဆောက်အအုံကြီး တစ်ခုကို အနုစိတ် ဒီဇိုင်းဖန်တီးကာ သစ်ပင်ပေါင်း (၇၀၀၀) ကျော် ထည့်သွင်း စိုက်ပျိုးပြီး သဘာဝဆန်ဆန် စိမ်းစိုနေအောင် ရည်ရွယ်ထားခဲ့သည်။

ကြည်လင်သော ဖန်သားနံရံများ၊ အမိုးပေါ်တွင် အပြည့်တင်ဆင်ထားသည့် ဆိုလာပြားများ၊ သဘာဝဆန်ဆန် ပတ်ဝန်းကျင်မျိုး ဖြစ်တည်စေရန်အတွက် မြေအောက်လှိုဏ်ခေါင်းထဲ နိမ့်ဆင်းဖောက်လုပ်ထားမည့် ကားဂိုဒေါင်များ အားလုံးသည် အခန်းတစ်ခုလုံးစာ အကျယ်အဝန်းရှိ ပုံစံငယ်ထဲတွင် အသေးစိတ် ဖော်ပြထားသည်။ ယခုအခါ Apple က Spaceship ဟု အမည်ပေးထားသည့် အဆိုပါ ပုံစံငယ်ကို အတည်ပြု ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ (၂၀၁၁) ခုနှစ်က ဂျော့ဘ်ဖန်တီးခဲ့သည့် အဆောက်အအုံ ဒီဇိုင်းကို အမှုဆောင်ချုပ် ပီတာအိုပန်ဟိုင်မာနှင့် Apple ၏ အဆောက်အအုံဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဒန်ဝင်ဆန်ဟော့တ်တို့က မိတ်ဆက်ပြခဲ့သည်။

Apple သည် ယခုအခါ ဂျော့ဘ်၏ အိပ်မက်ကို အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း စတင်ခွင့်ကို ကယ်လိုဖိုးနီးယားရှိ ကူပါတီနို မြို့တော်ကောင်စီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ ကူပါတီနိုတွင် ခမ်းနားသော ဌာနချုပ်သစ် တည်ဆောက်ရေးသည် ဂျော့ဘ်၏အကြီးကျယ်ဆုံးမျှော်လင့်ချက်တစ်ခုလည်း
ဖြစ်ခဲ့သည်။ ယခု အဆောက်အအုံ ဒီဇိုင်းကို ဂျော့ဘ်၏ စိတ်ကူးအတိုင်း Apple ၏ ဒီဇိုင်းပညာရှင် ဂျိုနီအိုင်ဗီနှင့် နာမည်ကျော် ဗိသုကာ ပညာရှင် ဆာနော်မန် ဖော်စတာတို့က မွမ်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံသည် (၄) ထပ်ဖြစ်ပြီး မြက်ခင်းပြင် ဖုံးလွှမ်းသည့် ဒိုးနတ်မုန့်ကြီးနှင့် တူကြောင်း ဆန်ဖရန်ဆစ္စကို အပတ်စဉ်ထုတ် မဂ္ဂဇင်းက ခိုင်းနှိုင်းရေးသားခဲ့သည်။ ဂျော့ဘ်သည် နေစွမ်းအင်၊ သဘာဝဓာတ်ငွေ့တို့ကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုရန် ရည်ရွယ်ခဲ့သလို ဌာနချုပ် နေရာကို စိမ်းစိုသာယာသည့် ပတ်ဝန်းကျင်မျိုးအဖြစ် ပုံဖော်တည်ဆောက်ရန် အဓိက ဦးတည်ထားသည်။ သဘာဝလေအေး အဝင်အထွက် စနစ်ကို အသားပေးထားသော အဆောက်အအုံတွင် တစ်နှစ်တာ၏ (၇၀) ရာခိုင်နှုန်းမျှ အချိန်ကာလကို လေအေးပေးစက်များ အားမကိုးဘဲ ဖြတ်သန်းနိုင်မည် ဖြစ်သည်။ အလင်းပေး စနစ်များတွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု နည်းပါးသည့် LED မီးများကို အဓိက တပ်ဆင်သွားမည်ဟု သိရသည်။

ဝင်ဆန်ဟော့တ်က “ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို အဆောက်အအုံနဲ့မဆို သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ စံနှုန်းနှိုင်းယှဉ်ချက်မှာ အသာစီးရမယ့် ဒီဇိုင်းမျိုး ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ဂျော့ဘ်သည် မော်တော်ကားများကို အဆောက်အအုံ ဝင်းအတွင်းပင် ရပ်နားစေလိုဟန် မရှိဘဲ မြေအောက်ကားပါကင်နှင့် အထပ်မြင့် ကားပါကင်များတွင် သိုဝှက်ထားစေကာ ပတ်ဝန်းကျင် စိမ်းလန်းမှုကို အလေးပေး ချဉ်းကပ်ထားခဲ့သည်။ အဆောက်အအုံ၏ ဗဟိုချက်တွင်လည်း လှပထည်ဝါသော သစ်ကြီးဝါးကြီးများ စိုက်ပျိုးရန် နေရာချထားသည်။ ထို့အပြင် လှပအေးချမ်းသည့် ရေကန်ငယ်လေး တစ်ခုလည်း ပါရှိနေမည်ဟု သိရသည်။ “ကျွန်တော်တို့ အနေနဲ့ သစ်ခွမျိုးစိတ်တွေကို ပြန်သယ်ဆောင်လာပြီး ဒီတောင်ကြားရပ်ဝန်းမှာ ပျံ့ပွားစေချင်ပါတယ်” ဟုလည်း ဆိုသည်။

Apple သည် ရုံးဌာနချုပ် အဆောက်အအုံသစ် ဆောက်လုပ်ပြီးသည့်တိုင် ဝန်ထမ်း (၂၆၀၀) မျှ ဝင်ဆံ့သည့် လက်ရှိ ရုံးခန်းကိုလည်း ဆက်လက် အသုံးပြုဖွယ် ရှိနေသည်။ Apple ၏ အမှုဆောင်များနှင့် ကူပါတီနို မြို့တော်ကောင်စီတို့သည် ယင်းဌာနချုပ်သစ် ကိစ္စအတွက် ယနေ့ (အောက်တိုဘာ ၁၅) တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး အတည်ပြုမပြုကို နိုဝင်ဘာ (၁၉) ရက်နေ့၌ ဆုံးဖြတ်မည်ဟု သိရှိရသည်။

Ref & Credit to : Planet Myanmar News

Saturday, October 19, 2013

CloudFlare အကြောင်းတစေ့တစောင်း


CloudFlare ဆိုတာကိုကြားဖူးမယ်ထင်တယ်ဗျာ။ ကျွန်တော်တို့ op တွေလုပ်တုန်းက ddos attack တွေလုပ်ခဲ့ကြတာမှတ်မိကောင်းမှတ်မိကြပါလိမ့်မယ်။ မသိသေးတဲ့သူတွေကတော့ ddos attack ကိုအနည်းကျဉ်းရှင်းပြပါမယ်။ ddos ဆိုတာကတော့ site တစ်ခုကိုသုံးစားလို့မရအောင် (တခါတလေ ddos အတိုက်ခံရရင် ဆိုဒ်က ရက်နဲ့ချီပြီ offline ဖြစ်သွားပါမယ်)၊ server down
သွားအောင်တိုက်ခိုက်တဲ့နည်းပါပဲ။ ကျွန်တော်တို့လို့ လူပြိန်းတွေကတော့ HOIC လို tool လေးနဲ့ attack လုပ်နိုင်ပါတယ်။ တကယ်ဝါရင့်တဲ့ဟတ်ကာတွေကတော့ Bonet တွေဘာတွေနဲ့ထောင်ပြီးချရင်တော့ ဘယ်ဆိုဒ်ပဲဖြစ် မိနစ်ပိုင်းအတွင်း ကြွသွားလောက်အောင်ကြောက်ဖို့ကောင်းပါတယ်။ ddos အကြောင်းအသေးစိတ်သိချင်ရင် ဘလောမှာပြန်ရှာပြီးဖတ်ပါ။ အိုကေ CloudFlare ကိုဆက်ရအောင်။ CloudFlare ဆိုတာဘာလဲပေါ့။ CloudFlare အစပြုတာကတော့ LulzSec ဆိုတဲ့ဆိုဒ်တစ်ခုဟာ နာမည်သိပ်မကြီးတဲ့ ဟတ်ကာအဖွဲ့တစ်ခုကနေ massive attack တွေနဲ့တိုက်ခိုက်ရာကနေ စတင်တာလို့ပြောလို့ရပါတယ်။  ddos တိုက်မယ်ဆိုရင် အဲဒီဆိုဒ်ကိုသေချာကြည့် ddos protection by CloudFlare ဆိုပြီးပါရင်တော့ ခင်ဗျားအနေနဲ့ နောက်တစ်ခုကိုပြောင်းလိုက်တာအကောင်းဆုံးပါပဲ။ ဟီး ဟုတ်ကဲ့ CloudFlare ဆိုတာ ddos attack တွေကို protect လုပ်ပေးတဲ့ဆိုဒ်တစ်ခုပါ။ သူ့ဆီမှာ ကိုယ်ပိုင်ဆာဗာပေါင်း 23 ခုနဲ့လည်ပတ်နေပါတယ်။ ပုံမှန် ddos attack ကိုတော့ အေးဆေးကာကွယ်နိုင်ပါတယ်။ ဆာဗာတွေရဲ့ Hard Drive တွေကို Solid State Drive တွေကိုသာသုံးပါတယ်။ တကယ်လို့ Botnet အဆင့်နဲ့တိုက်မယ်ဆိုရင်တောင် 1 GB/s ထိအတိုက်ခံနိုင်မယ့် နည်းပညာတွေကိုပြင်ဆင်ထားတာဆိုတော့ တော်ရုံနဲ့တော့ လုပ်လို့မရလောက်ပါဘူး။ ဒါကအစပဲရှိပါသေးတယ် နောက်ထပ်လည်း 10 GB/s ထိခံနိုင်မယ့် နည်းပညာတွေကိုထပ်လုပ်ဖို့ရှိနေပါတယ်။ ဟူး ဒါဆို ddos attack လုပ်ဖို့ မစဉ်းစားရဲနိုင်အောင်ပါပဲ။ CloudFlare ကို အမေရိကန်က White House လိုနာမည်ကြီးဆိုဒ်တွေကတောင် ဝန်ဆောင်မှုယူနေပါပြီ။ နောက် Muslim Brotherhood တို့၊ အစ္စရေးဆိုဒ်တို့ကလည်း CloudFlare ကိုသုံးကြတော့ နှစ်ဘက်တိုက်ခိုက်လို့မရတော့ပါဘူး။ ဒါကတော့ CloudFlare ရဲ့အကျိုးကျေးဇူးတွေပေါ့။ CloudFlare ကို Facebook မှာသုံးတဲ့ G4 Server လိုမျိုးနဲ့ run ထားပါတယ်။ CloudFlareကပြောတာကတော့ လွန်ခဲ့တဲ့သု့းနှစ်ကတည်းက သူတို့မှာပြသနာတစ်စုံတရာမဖြစ်ဖူးပါဘူးလို့ဆိုပါတယ်။ CloudFlare နဲ့ခင်ဗျားရဲ့ ဆိုဒ်ကိုကာကွယ်ချင်တယ်ဆိုရင်တော့ level အလိုက် ဒေါ်လာ 20 ကနေ ဝန်ဆောင်မှုယူနိုင်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားဆိုဒ်က ddos protect လုပ်ဖို့လိုအပ်ခဲ့မယ်ဆိုရင်ပေါ့ဗျာ။
MSF မှာ ddos အကြောင်း ဆွေးနွေးချက်များကို စိတ်ကူးရလို့ အင်တာနက်ကနေဟိုရှာဒီရှာလုပ်ရင်း တော်ကီပွားထားခြင်းဖြစ်ပါကြောင်း
 
Credit To : Soe Soe Diary

မိုဘိုင်းဖုန်း OS ရာဇဝင်မှာ iOS ဘာကြောင့် ကြီးစိုးနေရတာလဲ

Apple ရဲ့ iPhone 5s, 5c နဲ့အတူ စမတ်ဖုန်း သုံးစွဲသူတွေဟာ iOS 7 ကို မြင်တွေ့ခဲ့ရပြီ။ Apple က ကြိုတင် ပြောထားတဲ့အတိုင်းပဲ ပြည့်စုံကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေဟာ iOS ပရိသတ်တွေကို မသုံးဘဲ မနေချင်အောင်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက iPhone မှာ လုံခြုံရေးစနစ်အဖြစ် ထည့်သွင်းပေးခဲ့တဲ့ Passcode နေရာမှာ password တွေ ရိုက်နေစရာ မလိုတော့ဘဲ Home button ပေါ်ကို လက်ချောင်းလေး တင်လိုက်တာနဲ့ finger print identity sensor က သင့်ရဲ့ လက်ဗွေကို ဖက်ယူကာ သင့်ရဲ့ iPhone ဖြစ်ကြောင်း အတည်ပြုပြီး ဖုန်းကို unlock ပြုလုပ်ပေးမယ့် နည်းပညာတွေ ပါဝင်လာတယ်။ ဒီစနစ်နဲ့ပဲ App store ကို ဝင်ရောက်တဲ့အခါ Apple ID အဖြစ် password တွေ ရိုက်စရာမလိုဘဲ home button ပေါ်ကို လက်ချောင်းလေး တင်လိုက်ရုံနဲ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အသစ်ထည့်သွင်းပေးထားတဲ့ A7 chip ဟာ iPhone 5 ရဲ့ A6 chip ထက် CPU ရော GPU မှာပါ ၂ ဆခန့် ပိုမြန်ပါတယ်။ Open GI.3.0 ဖြစ်တာကြောင့် ဂိမ်းတွေမှာ မြင်တွေ့ရမယ့် အသေးစိတ် ပုံဖော်နိုင်စွမ်းကို အပြည့်အဝ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Apple ဟာ အလျင်မြန်ဆုံးအဟုန်နဲ့ ရှေ့ကို ချီတက်နေပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ဘက်တွေ တရွေ့ရွေ့နဲ့ ချီတက်လာတာကိုလည်း မေ့ထားလို့ မရပါဘူး။ လက်တလောအချိန်မှာ အဓိက ပြိုင်နေရတာ ဆိုလို့ Android တစ်ခုပဲ ရှိပါသေးတယ်။ ဒါပေမယ့် အချိန်မီ နောက်ကောက်ကျအောင် မလုပ်နိုင်ရင်တော့ android device တွေရဲ့ ခြိမ်းခြောက်မှုကို ခံရနိုင်တယ်။ နိုင်ငံအနှံ့မှာ ထုတ်လုပ်နေတဲ့ မိုဘိုင်း device တွေမှာ android ကို သုံးစွဲထားတာကြောင့်ပါပဲ။ ကိုယ်ပိုင်မိုဘိုင်းစက် လည်ပတ်မှု စနစ် မထုတ်လုပ်နိုင်သူတွေ အတွက်ကတော့ android က အဖော်မွန်ကောင်းပါပဲ။ ဒါ့အပြင် မိုဘိုင်းဖုန်း ထုတ်လုပ်သူ ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် OS တွေ ထုတ်လုပ်ပြီး ဈေးကွက်ကို ဝင်ရောက်နိုင်စေဖို့ ကြံစည်လျက် ရှိနေပါတယ်။

Android ဟာ မိုဘိုင်း OS တွေထဲ ဘယ်လောက်တောင် ကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိနေတယ်ဆိုတာ မသိနိုင်ပေမယ့် နာမည်ကြီး စမတ်ဖုန်း တစ်လုံးကို ကြည့်လိုက်လို့ ဘယ် OS သုံးထားတာလဲ ကြည့်လိုက် android လို့ ပြောလိုက်မယ်ဆိုရင် အံ့သြစရာတောင် မလိုပါဘူး။ ဒါဟာ google ရဲ့ အစွမ်းကုန်ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုရမှာပါ။ သူများတွေ ရပ်နေတဲ့အချိန်မှာ အခွင့်အခါကောင်းကို အပြည့်အဝ အသုံးချပြီး open source platform ကို ထုတ်ပြခဲ့တာပါ။ ယနေ့အချိန်ကို ကြည့်လိုက်ရင် ပိုသိသာပါလိမ့်မယ်။ သုံးစွဲသူ တစ်ယောက်ဟာ apple ကို ကြိုက်လို့ ဖုန်းကိုင်ချင်တယ်ဆိုရင် iphone ကိုပဲ ဝယ်သုံးမှသာ ရမှာပါ။ ဒါပေမယ့် ဈေးတော့ကြီးပါမယ်။ တကယ်လို့ သူတို့ဆီက AT&T, Verizon တို့နဲ့ စာချုပ် ရှိမယ်ဆိုရင်တော့ သက်သာတဲ့ နှုန်းထားတစ်ခုနဲ့ ရနိုင်ပါလိမ့်မယ်။ ဒီလိုပါပဲ Tablet ကိုင်ချင်တယ်ဆိုလည်း apple မှာက iPad ပဲ ရှိပါတယ်။ သူလည်း ထိုနည်း လည်းကောင်းပါပဲ။ ဈေးတော့ ကြီးပါလိမ့်မယ်။ Android မှာတော့ ဒီလို မဟုတ်ပါဘူး။ Android ကို သဘောကျလို့ သုံးချင်တယ်ဆိုရင် သူ့ကို ထည့်သွင်းတားတဲ့ Samsung, HTC, LG, Hauwei, ZTE နဲ့ တခြား Brand ပေါင်းစုံက စောင့်ကြိုနေပါလိမ့်မယ်။ ငွေကြေးလည်း တက်နိုင်တယ် ဖက်ရှင်လည်း ကျချင်တယ်ဆိုရင် S4, Note နဲ့ HTC One လို စမတ်ဖုန်းတွေကို သုံးနိုင်မယ်။ ဈေးသက်သာတဲ့ ဖုန်းကိုင်ဆောင်ချင်တယ်ဆိုရင် Samsung, Huawei ဆီမှာတင် ဈေးသက်သာတဲ့ ဖုန်းတွေ ရရှိနိုင်လိမ့်မယ်။ ဒါဟာ android စမတ်ဖုန်း သုံးတဲ့သူတွေအတွက် ရရှိနိုင်တဲ့ အခွင့်အလမ်းပါ။ ဒီလိုအခွင့်အလမ်းမျိုးကလည်း android OS ဆီကနေပဲ ရနိုင်ပါလိမ့်ယမယ်။ တခြား OS တွေဆီကတော့ မရနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် android က အဖွင့်သဘောဆောင်တဲ့ Mobile OS ကြီး ဖြစ်နေလို့ပါပဲ။

Android ဆိုတာ တကယ့်တော့ ဖုန်း ဒါမှမဟုတ် tablet အတွက် iOS မဟုတ်တဲ့ နောက်ထပ် operating system တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက အခြားသူတွေ ပြုလုပ်တဲ့ ပုံစံမျိုး လုပ်မထားပါဘူး။ နည်းပညာပိုင်း စိတ်အားထက်သန်တဲ့ ပညာရှင်တွေကြားထဲ ဒီအတိုင်း လွှတ်ပေးလိုက်ခြင်းအားဖြင့် ကြိုတင်စီမံမှု မရှိ အလိုလျောက် ပုံစံမျိုးနဲ့ ပေါ်ထွက်လာခဲ့တယ်။ ရလဒ်ကတော့ ထူခြားပြီး ဆွဲဆောင်မှုရှိတဲ့ android နဲ့ ပတ်သက်တဲ့ App တွေ ထွက်ပေါ်လာတာပါပဲ။ လက်ရှိ ဈေးကွက်ဦးဆောင်သူ ဖြစ်တဲ့ Apple iOS ဆီကနေပြီး စိတ်ကူးတွေ ဘယ်လောက်များများ ချေးငှားယူခဲ့တယ်ဆိုတာကို ခေတ်ရှေ့ကို မှန်းမျှော်တဲ့ Android ရဲ့ အစွမ်းကို မြင်တာနဲ့ သိနိုင်ပါတယ်။ စတင်ထုတ်လိုက်တဲ့ ပထမဆုံးရက်ကစပြီး Android ကိရိယာတွေဟာ သူတို့ရဲ့ အင်အားကို Google ရဲ့ Cloud အခြေပြု web apps အစုံလိုက်ပါတဲ့ suite ကနေပြီး ရရှိခဲ့ပါတယ်။ Android ဖုန်းတွေအတွက် Email က Gmail app နဲ့ ချိတ်ဆက်ထားတယ်။ Apps တွေကို Google Calendar sync လုပ်ပေးတယ် စသည်ဖြင့် ဖြစ်ပါတယ်။ အရေးကြီးတဲ့ အရာတိုင်းကို cloud အပေါ် ချက်ချင်း သင်ဟာ tablet နဲ့ပဲကြည့်ကြည့်၊ handset ဒါမှမဟုတ် laptop နဲ့ပဲ ကြည့်ကြည့် အားလုံးဟာ အကြမ်းဖျဉ်းအားဖြင့် တူညီတဲ့ ပုံစံပဲ ထွက်မှာပါ။

Android ဟာ ပွင့်လင်းလွတ်လပ်မှုကို ကြီးကြီးကျယ်ကျယ် ပေးထားတယ်။ Operating System ရဲ့ အနှစ်အသားကနေပြီး အရာအားလုံးနီးပါးဟာ အပြည့်အဝ အသုံးချနိုင်စွမ်း ရှိတယ်။ ဆိုလိုတာက အဲဒါကို လူတိုင်းရနိုင်ပြီး သင့်မှာ လိုအပ်တဲ့ programming စွမ်းရည်ရှိမယ် ဆိုရင် သူရဲ့ ပြုမှုဆောင်ရွက်ပုံကို ပြောင်းလဲယူနိုင်ပါတယ်။ ဘယ်သူမဆို Android SDK (Software Development Kit) ကို အခမဲ့ download ချယူနိုင်တယ်။ ပြီးတော့ လိုအပ်တဲ့ နည်းပညာ အသိသာ ရှိမယ်ဆိုရင် နာရီပိုင်းအတွင်း Android Market အပေါ် ဖြန့်ဝေဖို့ Android app ကို ဖန်တီး ယူနိုင်မယ်။

Apple ရဲ့ iOS, RIM ရဲ့ BlackBerry OS နဲ့ Windows Phone တွေက ပိုပြီး အပိတ်သဘော ဆောင်တယ်။ OS ရဲ့ အလုပ်လုပ်ပုံကို သိရှိရယူနိုင်မှုမှာ ကြိုတင် သတ်မှတ်ထားတဲ့ functions နဲ့ Libraries အစုအဝေးနဲ့ ကန့်သတ်ခံထားရတယ်။ Apps တွေမှာ အသိအမှတ်ပြု လက်သင့်ခံမှု ရဖို့ဆိုတာ အဓိက ကျတယ်။ ဒါကြောင့် ipad အတွက် ပြုလုပ်ထားသည် ဆိုတဲ့တံဆိပ် ရဖို့ တွဲဖက်ပစ္စည်း ထုတ်လုပ်သူတွေဟာ လိုင်စင် အခကြေးငွေ အတော်လေး ပေးရလေ့ ရှိတယ်။ Android ကိရိယာတွေနဲ့ ပတ်သက်လာရင်တော့ မိုဘိုင်းဆော့ဖ်ဝဲနဲ့ ပတ်သက်လို့ အတက်ပညာ ရှိသူ ဘယ်သူ့အတွက် မဆို ADK အစ် (Accessories Development Kit) ကို အခြေခံပြီး တစ်ခုခု တည်ဆောက်ဖို့ အခမဲ့ ရနိုင်ပါတယ်။ Open Source ပေးထားမှုက မကြာခင်မှာပဲ Android ကို အရင်ကထက် ပိုပြီး လူကြိုက်များလာအောင် လုပ်ပေးလာနိုင်တယ်။ အလွယ်ဆုံး အရှင်းဆုံး ပြောရရင် iOS ကို အရွယ်အစား မတူတဲ့ touchscreen နှစ်ခုအပေါ် ရနိုင်တယ်။ Android ကိုတော့ ထွေပြားများမြောင်တဲ့ hardware တွေမှာ အလုပ်လုပ်ဖို့ ပြုလုပ်ထားတယ်။ ဖုန်းနဲ့ tablet တွေက အရွယ်အစား အမျိုးမျိုးနဲ့ လာတယ်။ တချို့ စမတ်ဖုန်း ထုတ်လုပ်တဲ့သူတွေ ဆိုရင် သတို့ရဲ့ ကိုယ်ပိုင် User interface (UI) တွေတောင် ထည့်သွင်းပေးတယ်။

Android tablet နဲ့ စမတ်ဖုန်းတွေက ‘root’ လုပ်ရတာ လွယ်တယ်။ ဆိုလိုတာက သင်အမြဲရနေကျထက်ပိုတဲ့ ထိန်းချုပ်မှုစီမံမှု administration အခွင့်အရေးကို ပေးထားတယ်။ ဒါက OS ကို ပြောင်းလဲခွင့် ပြုတယ်။ ထုတ်လုပ်သူ ဒါမှမဟုတ် ဖုန်းလိုင်း သယ်ဆောင်သူတွေ ထည့်ပေးလိုက်တဲ့ ဆော့ဖ်ဝဲတွေကို ဖယ်ရှားပြီး အခြားနည်းနဲ့ဆိုရင် မရနိုင်တဲ့ ဆော့ဖ်ဝဲတွေ install လုပ်ခွင့် ပြုတယ်။ PC အရွယ် Linux OS တစ်ခုလုံးကိုတောင် Android ဖုန်းအချို့မှာတင် ယူနိုင်တယ်။

နောက်ဆုံးတော့ App ပေါင်း သိန်းနဲ့ချီ ရှိနေတဲ့ App Store ကို ဘယ်သူမှ အနိုင်ယူဖို့ မဖြစ်နိုင်သလို Developer အမာခံတွေလည်း ရှိနေပြန်တယ်။ iOS 7 ကို WWDC 2013 မှာ စတင်မိတ်ဆက်ခဲ့ပြီး Beta version (၅) ခုမြောက် ထုတ်လုပ်အပြီးမှာ iPhone အသစ်နဲ့အတူ final version အဖြစ် ထွက်ရှိလာခဲ့တယ်။ အချိန်ခဏအတွင်းမှာ Beta version တွေ အများအပြား ထွက်ရှိခဲ့တဲ့အတွက် developer တွေအတွက် ခန့်မှန်း မရနိုင်အောင် ရှိခဲ့ရာမှ iPhone 5S ကို စတင်ပြသလိုက်တဲ့ September 10 နေ့ကျမှ Apple ရဲ့ အကြံအစည်ကို တိတိကျကျ သိလိုက်ရတယ်။ ဘာကြောင့်ဆိုရင် အသစ် ပါဝင်လာမယ့် နည်းပညာ ဖြစ်တဲ့ 64 bit တည်ဆောက်မှု ပုံစံနဲ့အတူ Touch ID လို စနစ်မျိုးတွေ၊ M7 coprocessor လို လုပ်ဆောင်မှုမျိုးတွေနဲ့ iOS 7 ကို အံဝင်ခွင်ကျစေဖို့ beta version အများအပြား ထွက်ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Android အတွက် ကံမကောင်းစွာနဲ့ Apple ဟာ သူလက်ခံ သုံးစွဲတဲ့ နည်းပညာ နေပြီး အကျိုးအမြတ် အများဆုံး ရအောင် အစွမ်းကုန် အသုံးချလေ့ ရှိတယ်။ ဒါကြောင့် ပိုပြီး ဖြုံလောက်စရာ ရန်သူ ဖြစ်လာစေမယ်။

ပိုင်စေသော်

Ref & Credit: Mobile Guide Journal

Tuesday, October 15, 2013

Blogging လုပ်ရတာ သင့်ဘဝကိုပျော်ရွှင်ပါစေ

ဆောင်းပါးတစ်ခုကို Blogger မိတ်ဆွေတစ်ယောက် ဘာသာပြန်ထားတာလေးပါ။ နာမည်တော့မသိလို့မရေးတော့ဘူးဗျာ။ မူရင်းဘာသာပြန်တဲ့လူကိုသိရင်လဲ comment လေးပေးခဲ့ပါခင်ဗျာ။
ဘလောဂါလုပ်မယ့်သူတွေအတွက်ပါ။ အပျင်းပြေဖတ်ကြည့်ပေါ့နော်။ ခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနည်းပညာအကြောင်းရေးတဲ့ဘလော့ဂါတွေ အတော်များလာပါတယ်။ ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ မြန်မာဘလောဂါတွေဆို လက်ချိုးရေလို့ရပါတယ်။ အခုလိုများလာတာ ဘာပြောပြော ဝမ်းသာစရာပါပဲ။ နောက်ပိုင်းဆိုရင် အင်တာနက်ကွန်နက်ရှင်တွေလည်း ဒီထက်ကောင်းလာမယ်။ အသုံးပြုသူတွေလည်း ဒီထက်များလာမယ်။ ဒီတော့ ဘလောဂါတွေရဲ့ အခန်းဟာလည်း အရေးပါလာမယ်လို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအင်တာနက်အသုံးပြုနိုင်တဲ့ရာခိုင်နှုန်းက 5% တောင်ရှိမယ်မထင်ပါဘူး။ သူတို့ဆိုရင် အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ သူတွေဖြစ်နေမှာပါ။ ကဲ နိဒါန်းပျိုးတာ နည်းနည်းများသွားပြီ။ ဘလောဂါဘက် ဆက်ရအောင်။ :D

Blogging ဆိုတာ ခုဆိုကမ္ဘာနဲ့အဝန်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါပြီ။ နည်းပညာ၊ ဖုန်းနဲ့ဆိုင်တဲ့ဘလော၊ အတွေးအမြင်ဘလော့။ အနုပညာဘလော၊ သတင်းဘလော့ ဘာညာကွိကွဆိုပါတော့။
အဲဒီထဲကမှ ကိုယ်နဲ့အဆင်ပြေရာတစ်ခုခုကို သေချာရွေးပြီး ဘလော့တစ်ခုကို စတင်နိုင်ပါတယ်။ စစချင်းတော့ အလကားရတဲ့ wordpress.com, blogger.com မှာ Register လုပ်ပြီး စတင်နိုင်ပါတယ်။
ဒီတော့ ဘလောတစ်ခုတော့ရေးလိုက်ပြီဆိုပါစို့။ သေချာတာကတော့ အဲဒီဘလောအတွက် သင့်အနေနဲ့ အချိန်တွေပေးဆပ်ရပါတော့မယ်။ အခြားငွေကြေးတွေတော့ မပါသေးဘူးပေါ့။ ဒါနဲ့မပြီးသေးပါဘူး။
ဘလော့နဲ့ပတ်သက်ပြီး ကိုယ်ဘလော့အတွက် Knowledge တစ်ခုခုကို သေချာကျွမ်းကျင်ရင်တော့ အကောင်းဆုံးပေါ့။ ဆိုလိုတာက သင်ဟာ ဖုန်းပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်ဆိုရင်
ဖုန်းနဲ့ပတ်သက်ပြီးဘလော့မှာ တန်ဖိုးရှိတာတွေ ရေးနိုင်တယ်လေ။ ဒီလိုပဲ ကိုယ်က ဂိမ်းတွေတအားဆော့ပြီး ဂိမ်းတွေအကြောင်း ကျွမ်းကျင်တယ်ဆိုရင် Game Review တွေအကြောင်း ဘလောတစ်ခု
ဖန်တီးနိုင်ပါတယ်။ ဘလောရေးမယ်ဆိုရင် အောက်ကအချက်လေးတွေကိုလည်း သိထားသင့်ပါတယ်။

ဘလောရေးတယ်ဆိုတာ တစ်ညတည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဘလောရေးလို့ သင့်အနေနဲ့ အမြဲတမ်း အပေါင်းရလဒ်တွေကို မျော်လင့်လို့မရပါဘူး။
အမှားတစ်ခုလုပ်မိလို့ သင့်ဘလောကို ထိခိုက်၊ နာမည်ပျက်သွားစေနိုင်ပါတယ်။
သင့်ဘလော့မှာ active ဖြစ်ရပါမယ်။ Visitor တွေဘက်က ပြောတာတွေကို နားထောင်ပြီး သူတို့ကိုလည်း ပြန်ပြောပါ။ အလုပ်မှာ တကယ်ပင်ပန်းပြီး ဘာမှလုပ်ချင်စိတ်မရှိချင်ရင်တောင် သင့်ဘလော့အတွက် တတ်နိုင်သလောက် အချိန်ပေးနိုင်ပါစေ။

ဘလော့လောကကိုဝင်လာတဲ့ လူသစ်တွေအနေနဲ့ သင့်ဆီက ဘလော့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးထားပါ။ ဟုတ်တယ်လေ။ ကျွန်တော်ဆိုရင်လည်း ဘလော့စရေးတော့ Popular Post, Recent post တို့လို ဘာညာမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့အထောက်အကူဖြစ်မယ့်ဟာတွေအတွက်ရေးထားတော့ သူတို့အတွက် Resource ကောင်းတစ်ခုဖြစ်တာပေါ့။ စစချင်းတော့ ဘလော့ရေးတာကို အချိန်ပိုင်းလောက်ပဲလုပ်ပေါ့။ နောက်ပိုင်းမှ တဖြည်းဖြည်း အချိန်ပေးပြီး လုပ်ပါ။ ဒါကတော့ သင်အဆင်ပြေသလိုသာ စီမံပါ။ ကိုယ်တွေက အလုပ်တစ်ဖက်နဲ့ စားဝတ်နေရေး ဘာညာရှိနိုင်သေးတာကိုး။ လက်ရှိကိုယ့်နိုင်ငံရဲ့ အင်တာနက်အခြေနေကလည်းရှိသေးတယ်လေ။ :P

ဘလော့ရေးရမှာ သင့်အနေနဲ့ ကျောင်းသား၊ အိမ်ရှင်မ၊ ဒါတွေက တကယ်အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်မှာ စိတ်ကူးကောင်းရယ်။ အင်တာနက်နဲ့ပတ်သက်ပြီး အခြေခံ knowledge
ရှိရင်ရပါပြီ။ ဘလော့တစ်ခုကိုဖန်တီးလိုက်ပါ။ စိတ်ဝင်စားဖွယ်၊ အသုံးဝင်တဲ့ Tips လေးတွေပါဝင်အောင်ရေးပါ။ တဖြည်းဖြည်းနဲ့ သင့်ဘလော့ဟာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ တဖြည်းဖြည်းလူဝင်များလာအောင် လုပ်ပေါ့ဗျာ။ တကယ့် professional အဆင့်ဖြစ်ရင်တော့ Ad တွေနဲ့ချိတ်ပြီး သင့်ဘလော့ကို အသက်ဆက်နိုင်အောင် ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ မြန်မာနိုင်ငံအနေနဲ့ သိပ်အဆင်မပြေသေးပါဘူး။ ကျွန်တော်ကတော့ ဝါသနာအရသာ ဘလော့ရေးပါလို့အကြံပေးချင်ပါတယ်။ :( အောက်ကအချက်လေးတွေကို ခေါင်းထဲထည့်မယ်ဆိုရင် သင့်အနေနဲ့ အောင်မြင်တဲ့ဘလော့တစ်ခုဖန်တီးဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

သင့်ဘလောမှာ အကြောင်းအရာတွေစုံလင်ပြီး အသုံးဝင်တာတွေရေးပါ။
visitor တွေရဲ့စကားသံကို နားထောင်ပါ။ သူတို့ကို တတ်နိုင်သလောက် ကူညီတတ်ပါစေ။
သင့်ဘလော့မှာ ခေါင်းစဉ်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပေးပါ။
ad တွေထည့်မယ်ဆိုရင် ဆိုဒ်တစ်ခုလုံး ဗလပွနေအောင် မထားပါနဲ့။ မျက်စိရှုပ်နေအောင်ထားတော့ visitor တွေရဲ့အမြင်မှာ အမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။ တစ်ခု၊ နှစ်ခုလောက်ဆိုရပါပြီ။
blog မှာအမြဲ update တင်ထားတာတွေကို recent post တွေနဲ့သေချာပြပြီးတော့ သက်ဆိုင်ရာ Category အလိုက်သေချာ Label တွေနဲ့ ပြင်ဆင်ထားပေးပါ။

Blog ဆီကဘာမှသိပ်မမျှော်လင့်ပါနဲ့။ ဘလော့တစ်ခုစစချင်း ရလဒ်ကောင်းတွေ ချက်ချင်းဘယ်ရပါ့မလဲ။ ဒီလိုပဲ တဖြည်းဖြည်း ရေးပါ။ ဘလော့တစ်ခုအောင်မြင်ဖို့ နှစ်နှစ်လောက်အချိန်ယူခဲ့ရတယ်လို့
ဖတ်ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘလော့ရေးတယ်ဆိုတာ ဝါသနာအရင်းခံမှသာ ရေးနိုင်တာပါ။ ဒီတော့ ဘလောရေးမယ်ဆို ကိုယ်က နာမည်ကြီးချင်လို့လား၊ ငွေတစ်ခုတည်းအတွက်လား၊ သေချာစဉ်းစားပါ။ ဝါသနာအရင်းခံပြီး ဇွဲကောင်းကောင်းနဲ့ ရေးမှာသာ နာမည်ကြီးတာတွေ၊ ဘလော့အသက်ဆက်ဖို့ ငွေရေးကြေးရေးစတာတွေက သူ့အလိုလို လိုက်လာပါလိမ့်မယ်။  ဘလော့ရေးရတာ ပျော်ရွင်ပါစေ။


Laptop နဲ့ Smart Phone တွေရဲ့ဘက်ထရီအတွက်သိသင့်တဲ့အချက်များ




အကို Myanmar IT Sky ရေးထားတဲ့ ပို့လေးကို အသုံးဝင်မယ်ထင်လို့ပြန် share ပေးလိုက်ပါတယ်။
အခုတော့ ကျွန်တော် Laptop ကျွန်ပျူတာကဘက်ထရီကိုချွေတာတဲ့နည်းလေးကိုကျွန်တော်သိသမျှလေးနဲ့
အကြံပြုပေးပါရစေနော်.ကျွန်တော်လဲ Laptop နဲ့ပဲသုံးနေတာမို့ မီးပျက်သွားတဲ့အခါမှာ ဒီနည်းလေးကိုအသုံးပြုပြီးသုံးနေပါတယ်..ကဲ..စလိုက်ကြရအောင်ဗျာ.

ကျွန်တော်တို့ကျွန်ပျူတာသုံးနေစဉ်မှာမီးပျက်သွားလို့ ဘက်ထရီ (ခေါ်) အားသွင်းဓါတ်ခဲကိုအသုံးပြုတဲ့အခါ Laptop မှာ Power အစားသက်သာစေမဲ့နည်းလမ်းလေးကိုအသုံးပြုရမှာပါ... မိမိကွန်ပျူတာမှာ Power တွေကိုဘယ်အရာက Share ပြီးသုံးနေရတာလဲဆိုတာကိုသိဖို့လိုပါမယ်.. 

1 >>     ကွန်ပျူတာက Monitor ဖြစ်တဲ့ LCD ပဲဖြစ်ဖြစ် LED ပဲဖြစ်ဖြစ်ပေါ့. ကျွန်တော့ Laptop
            ကတော့ LCD ပါ.. အဲဒါကို Bright အရောင်တွေကိုလျှော့ချရပါလိမ့်မယ်.. လျှော့ရမယ့်
            နည်းလေးကတော့သိမှာပါနော်... ကွန်ပျူတာ Keyboad မှာပါပါတယ်ဗျာ.
2>>     ကွန်ပျူတာနဲ့တွဲပြီးသုံးတဲ့ Mouse / Keyboad / Cooler Fan စတာတွေကို   
           ဖြုတ်ပစ်ရပါမယ်..အဲဒါတွေမှာလဲသူတို့အတွက်လိုအပ်တဲ့ Power တွေပေးထား
           ရလို့ပါ... အဲ ..သီချင်းဖွင့်ပြီးနားထောင်တာပဲဖြစ်ဖြစ် . Movie ကြည့်တာပဲဖြစ်ဖြစ်
            အဲဒါတွေကိုလဲမလုပ်ရဘူးနော်.
3>>     မလိုအပ်ပဲ Run နေတဲ့ Program တွေကိုလဲပိတ်ဖို့မမေ့ပါနဲ့ဗျာ... စက်ကိုလေးစေ
           သလို Power ကိုလဲသုံးစွဲလို့ပါ.. အဲဒါတွေကိုပိတ်ဖို့တော့သိမှာပါနော်..
           Start Tesk Manager ထဲက Porcesses ဆိုတဲ့ Tab မှာသွားပြီးရှာရပါလိမ့်မယ်..
           တွေ့ရင် Select ပေး Click ပြီး End Process ပေးလိုက်ရင်ရပါပြီ... မတော်လို့များ
          ကိုပိတ်လိုက်တဲ့ကောင်က Window တစ်ခုလုံးကို Run စေတဲ့ Program ဆိုရင်တော့
          Window ကိုပိတ်ပြီးပြန်ဖွင့်ရပါလိမ့်မယ်.. အဲဒါတော့ ဘယ်ဟာ Window Program
          တွေလဲဆိုတာတော့လေ့လာထားဖို့လိုပါမယ်ဗျာ.

ကဲ.. အကိုတို့ရေ အထက်ကအချက်တွေအတိုင်းသာလုပ်သွားမယ်ဆိုရင် ဘက်ထရီဟာအရင်က
(၃၀)မိနစ်သာခံမယ်ဆိုရင် အခု (၄၅ / ၆၀) မိနစ်တော့ခံပါလိမ့်မယ်ဗျာ. ကျွန်တော်လဲအဲဒီအတိုင်း
လုပ်ပြီးသုံးနေပါတယ်...

            အကိုတို့ရေ အဓိကကျွန်တော်မှာချင်တာကတော့ အဲဒီ Laptop တို့ Phone တို့မှာ
သုံးတဲ့ဘက်ထရီဆိုတာ Cell တစ်မျိုးပါဗျာ. အဲဒါတွေက Recharge ဓါတ်ခဲလို့လဲခေါ်ပါတယ်..
အကိုတို့လဲသိမှာပါ.. အဲဒါတွေကိုသုံးတော့မယ်ဆို တော်တော်လေးဂရုစိုက်ရပါတယ်..
ကျွန်တော်လဲ အစကလုံးဝမသိပါဘူး. Electronic အခြေခံသင်တန်းတက်လိုက်တော့မှ ဆရာ
တွေရှင်းပြမှသိလိုက်ရတာပါ. အဲဒါလေးကိုအကိုတို့ကိုလက်ဆင့်ကမ်းပေးခြင်လို့ပါဗျာ..

             ကျွန်တော်တို့ Recharge ဓါတ်ခဲတွေကိုအားသွင်းတဲ့အခါမှာဂရုစိုက်ရပါမယ်. ဘာကို လဲဆိုတော့ အားသွင်းလို့ပြည့်သွားပီဆိုရင်ပိုမသွင်းမိဖို့ပါ..တနည်းပြောရရင် OVER Charge ပေါ့.. အဲဒီလို OVER Charge ဖြစ်ပီဆိုရင်ဘက်ထရီမှာပြုလုပ်ထားတဲ့အထဲထဲက Cell လေးတွေက ပျက်ဆီးတတ်ပါတယ်.. အဲဒီလိုပျက်ဆီးတဲ့အခါမှာ ဓါတ်ခဲဟာအားအပြည့်ကြီးသွင်းထားပေမယ့် တာရှည်မခံတော့ဘူး.ခဏလေး သုံးလိုက်တာနဲ့အားကချက်ခြင်းသိသိသာသာရာခိုင်နှုန်းကျ ဆင်းပြီးအားကုန်သွားတတ်ပါတယ်.. ကြုံဖူးရင်လဲကြုံဖူးကြမှာပါ.. အဲဒီဓါတ်ခဲတွေကိုအားသွင်းရင် အားပြည့်ဖို့အတွက်ဘယ်လောက်ကြာမလဲ ဆိုတာ တွက်လို့ရပါတယ်. အဲဒါကိုလဲ ဓါတ်ခဲတွေ့မှာ ရေးထည့်ထားပါတယ်..ဖုန်းတွေရဲ့ဓါတ်ခဲတွေမှာ လဲပါပါတယ်.. တချို့နားလည်တဲ့သူတွေ.. ကျွမ်းကျင်တဲ့သူတွေဆိုရင်မိမိဓါတ်ခဲ(ခေါ်)ဘက်ထရီမှာ အား ဘယ်လောက်ကျန်လဲ.. အားသွင်းလိုက်ရင်ဘယ်နမိနစ်စောင့်ရမလဲဆိုတာကိုတွက်ပြီးအားသွင်းထားခဲ့ပြီး ကိုယ်လုပ်စရာရှိတာလုပ်ပြီးမှပြန်လာ လို့ရပါတယ်.. အဲဒါကတော့ကျွမ်းကျင်တဲ့သူတွေအတွက်ပေါ့ဗျာ. ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီလောက်မလိုပါဘူး..အဓိကကတော့မိမိဓါတ်ခဲအားသွင်းထားလို့ပြည့်ပြီ ဆိုရင်ချက်ခြင်းအား သွင်းထားတာကနေဖြုတ်လိုက်ရင်ရပါတယ်.. အဲဒါကတော့ဓါတ်ခဲနဲ့ပတ်သတ်လို့ အားသွင်းရင် ဂရုစိုက်ရမယ့်ဟာလေးပါ..

         နောက်တစ်ခုအရေးကြီးတာကတော့ မိမိဓါတ်ခဲ(သို့)ဘက်ထရီကိုအသုံးပြုမယ်ဆိုရင်အားအကုန် မသုံးမိဖို့လိုပါမယ်.. အဲဒါကတော့ကျွန်တော့်ကိုယ်တွေ့နော်.. မယုံမရှိနဲ့ဂျ.... ဟဲ ..ကျွန်တော်လဲ တစ်ခါ ခံရပီးပီ.. အဲဒီဓါတ်ခဲတွေမှာ ခံ ဗို့နဲ့ စံ ဗို့ဆိုပြီးရှိပါတယ်.. ကြားလဲကြားဖူးကြ မှာပါနော်.. ခံဗို့ဆိုတာ ကတော့ နောက်ဆုံးထားရမယ့် ဗို့အားကိုပြောတာပါ.. စံဗို့ဆိုတာကတော့ဘယ်လောက်ထိသုံးလို့ရတယ် ဆိုတဲ့သဘောပါ.. အဓိကလိုက်နာရမှာကတော့ ခံဗို့ ကိုအကုန် မသုံးကြပါနဲ့ဗျာ.. ခံဗို့ဆိုတာကလွယ်လွယ် ပြောရင် မြင်သာမဲ့ဟာနဲ့ဥပမာပြရရင် ဖုန်းမှာဓါတ်ခဲအားကုန်ခံနီးဆိုဓါတ်ခဲပုံလေးကအရောင်ပြောင်းသွား ပါတယ်.. တချို့ကအနီရောင် ၊ တချို့ကအ၀ါရောင်ဖြစ်သွားတတ်ပါတယ်.အဲဒါလိုဖြစ်ပီဆိုရင်သေချာတယ်.. ဖုန်းကိုဆက်မသုံးတာ အကောင်းဆုံးပါ..သေရေးရှင်ရေးအရေးကြီးမှသာသုံးသင့်ပါတယ်ဗျာ..ဓါတ်ခဲကို ကုန်တဲ့ အထိ (၃/၄)ခါလောက်သုံးကြည့်လိုက်ပါ..အဲဒီဘက်ထရီ (သို့ )ဓါတ်ခဲသေချာတယ်ပျက်ပါပြီ.. မယုံ
ရင်လုပ်ကြည့်ဖို့ပြောတာပါဗျာ

Saturday, October 12, 2013

Computer ကနေ ဖုန်းကို တိုက်ရိုက်အမိန့်ပေးတဲ့ ADB Command အကြောင်း

ADB = Android Debug Bridge ဆိုတာ Android ရဲ့ System ကို ချိတ်ဆက်ပေးတဲ့ တံတားလို့ အလွယ်မှတ်ယူမိပါတယ်.. ဒီကောင်က ဘာအတွက်အလုပ်လုပ်တာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ.
ကျွန်တော်သိသလောက်၊ လေ့လာထားသလောက် နည်းနည်း ပြောပြချင်ပါတယ်..

ADB command ကို ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုလေ့ရှိသလဲဆိုရင်
  • ဖုန်းမှာ File Explorer မပါလို့ ဖုန်းရဲ့ Application ကို မထည့်နိုင်တဲ့အခါ
  • ဖုန်းကိုကိုင်ပြီး အထဲက System တွေကို စစ်ဆေးဖို့အတွက် များစွာအချိန်မပေးဘဲ PC ပေါ်ကနေ တိုက်ရိုက်စစ်ဆေးချင်တဲ့အခါ
  • ဖုန်းထဲကို Application တွေ အများကြီး Install လုပ်ချင်တဲ့အခါ  
စတဲ့အခြေအနေမျိုးမှာ အဓိက သုံးနေတာကို တွေ့ရပါတယ်..

Adb Command ကို သုံးဖို့ ဘာတွေလိုအပ်သလဲ

Adb Command ကိုသုံးဖို့အတွက် ဖုန်းရဲ့ Driver ကို PC မှာ Install လုပ်ပြီးသားဖြစ်ရပါမယ်..
ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ပြီးသားဖြစ်ရပါမယ်..
ဖုန်းနဲ့ ကွန်ပျူတာ မှန်ကန်စွာချိတ်ဆက်ပြီးသားဖြစ်နေရပါမယ်..ADB Tool ဖိုင်ရှိရပါမယ်..

ADB Command ကို ဘယ်လိုသုံးမလဲ

အထက်မှာဖေါ်ပြခဲ့တဲ့အချက်အလက်တွေ ပြည့်စုံပြီဆိုရင် Adb Tool Folder ကိုဖွင့်ပြီး Shift ကီးနှိပ်ထားရင်း Right Click ထောက်ပါ..အဲဒီထဲက Open command window here ကိုရွေးလိုက်ပါ
adb command တွေ ရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ..အလွယ်ဆုံး Command တစ်ခုပေးရင်း ဖုန်းထဲကို apk ဖိုင်တစ်ခု လှမ်းထည့်ကြည့်ရအောင်..ပထမဆုံး ကိုယ်ထည့်ချင်တဲ့ apk ရဲ့ နာမည်မှာ Space ခြားမနေရပါဘူး.. ခြားနေရင် Rename လုပ်ပြီး မခြားအောင်လုပ်ပစ်ရပါမယ်.. ဥပမာအားဖြင့် Root Explorer 3.2.1.apk ဆိုပါစို့. အဲဒါကို RootExplorer321.apk ပဲဖြစ်ဖြစ် Root_Explorer_321.apk ပဲဖြစ်ဖြစ် ပြောင်းပစ်ရပါမယ်.. တိုပြီး ရေးရလွယ်တဲ့နာမည်ဆို အကောင်းဆုံးပါပဲ.. ကဲ အဲဒါကို ဘယ်လိုထည့်မလဲ.. ခုနက ထည့်ချင်တယ်ဆိုတဲ့ apk ကို ADB Installer Folder ထဲမှာ အဆင်သင့် ကူးထည့်ထားရင် လွယ်ပါတယ်.. Command ပေးရတာ လွယ်တာပေါ့.. အဆင်သင့်ထည့်ထားလိုက်ပါအုံး..
စရအောင်..ဒီလိုရေးပါမယ်..
adb install RootExplorer32.apk
အဲလိုရေးပြီး Enter ခေါက်လိုက်တာနဲ့ ဖုန်းထဲကို RootExplorer.apk လေးကို Install လုပ်ပြီးသားလေးဖြစ်သွားပါမယ်.. ဖုန်းမှာ ကြည့်လိုက်ရင် သိနိုင်ပါတယ်.. ဒီလိုနည်းနဲ့ apk တွေကို တစ်ကြိမ်တည်းနဲ့ အများကြီး Install လုပ်နိုင်ပါတယ်.. စမ်းသပ်ကြည့်ပါ..နောက်ရက်တွေမှာ adb Command တွေအကြောင်းကို ဒီထက်နည်းနည်းပိုပြီး သိသလောက်လေးအကျယ်ရေးပေးသွားပါမယ်..

Download ADB Tool >> Link 1 / Link 2

Wednesday, October 9, 2013

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ


ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

Ref:doyouknow.com
အောင်ခမ်း (ရိုးရာလေး)

အဆင်ပြေပါစေ..

Tuesday, October 1, 2013

Laptop Battery ကိုကြာရှည်စေမယ့် ရှောင်ရန်/ဆောင်ရန်နည်းလမ်းများ

Laptop တွေဆိုတာ ကျွန်တော်တို့လူတွေရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အများဆုံးသုံးတဲ့နေရာကတော့ အင်တာနက်သုံးတဲ့နေရာမှာဖြစ်ပြီးတော့ လုပ်ငန်းခွင်မှာရော
အသုံးပြုကြပါတယ်။ ဒါပေမယ့် ခင်ဗျားအပါအဝင်လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီးဆက်တိုက်သုံးကောင်းသုံးနေပါလိမ့်မယ်။ ဒီလိုလုပ်တာကိုအခုချက်ချင်းရပ်လိုက်ပါ။
ခင်ဗျားအနေနဲ့ လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီးသုံးသင့်ပါတယ်။ ဒါက ခင်ဗျားရဲ့ lithium-polymer battery ကိုသက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။
Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြုသင့်တယ်လို့
အကြုံပေးပါတယ်။ ဒါက ခင်ဗျား ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။  ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေများများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလိုပေါ့ဗျာ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။ ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။
ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက်အသုံးပြုပြီးရင်
7 နာရီမရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်းကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။
Buchmann အကြုံပေးတာကတော့ ဘက်ထရီသက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ခုချိန်ထိတော့
Windows ရော Mac ရော လက်တော့ဘက်ထရီ 80%, 40% ရောက်ရင် user တွေကို alert ပေးတဲ့ စနစ်ကိုမထည့်ထားသေးပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ဘက်ထရီ 40% ကနေ 80% ကိုရောက်ဖို့ 
ကြာတဲ့အချိန် ဒါမှမဟုတ် 80% ကနေ 40% ရောက်တဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှကြာချိန်ကိုမှတ်ထားပါ။ ပြီးရင် Timer တစ်ခုထားပြီး ဘက်ထရီကို plug/unplug
လုပ်ပါလို့အကြုံပေးထားပါတယ်။တကယ်လို့ ခင်ဗျားအနေနဲ့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ခင်ဗျားဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ ဒါဟာ ထိုက်တန်ပါတယ်။
ခုတလော ကျွန်တော်ဆီမှာ ကွန်နက်ရှင်က တက်လိုက်ကျလိုက်ဖြစ်နေတာ။ အဲဒါနဲ့ ကွန်ကောင်းတုန်းလေး စိတ်ဝင်စားစ၊ရာ ဆောင်းပါးတွေကိုလိုက်ကြည့်ရင်း save ပြီး Offline မှာပြန်ကြည့်ရင်း ဒီလိုဆောင်းပါးပုံစံရေးလိုက်တာ။ ဘာပြောပြော ကျွန်တော်ရဲ့ပို့စ်လေးက စိတ်ဝင်စားစရာကောင်းပြီး သတိထားစရာအသိတစ်ခုတိုးသွားမယ်ဆိုရင် ကျွန်တော်ကြိုးစားပြီး ရေးပေးရကျိုးနပ်မှာပါ။

Ref: wired.com , Soe Soe Diary

လကမ္ဘာကို ပတ်မယ့် နာဆာရဲ့ ဂြိုလ်တုမှာ Broadband Access ပါရှိမယ်

ကျွန်တော်က ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတဲ့ကောင်ဖြစ်တော့ ဒီပို့စ်ရေးလိုက်တာ ဟီး။ IT နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် Broadand ပါတာနဲ့ ဗဟုသုတ အဖြစ်ဖတ်ကြည့်ပေါ့ဗျာ။ နာဆာဆိုတာတော့ အာကာသနဲ့ပတ်သက်ရင် အားလုံးသိပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ ခုဆိုရင် နာဆာက လကမ္ဘာဆီကို 
ပတ်မယ့် Lunar Atmosphere and Dust Environment Explorer (LADEE) လို့ခေါ်တဲ့ Orbiter ဆီမှာ Broadband Capabilites ပါတစ်ခါတည်းသယ်ဆောင်သွားမယ်လို့ဆိုပါတယ်။ on board technology လို့ခေါ်တဲ့ two-way laser communication စနစ်နဲ့ ကမ္ဘာနဲ့ လကမ္ဘာဆီကို ဆက်သွယ်ပေးမှာပါ။
နာဆာကတော့ ဒီနည်းပညာကို အာကာသထဲမှာ သေးငယ်ပေါ့ပါးတဲ့ Telescope ကိုအသုံးပြုပြီး ကမ္ဘာနဲ့ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ အဲဒီ telescope မှာပါတဲ့ LCD ကနေ စက္ကန့်တိုင်းမှာ millions နဲ့ချီတဲ့ လေဆာရောင်ခြည်တွေနဲ့ ကမ္ဘာက Station သုံးခုဆီကိုပို့လွတ်ပေးမှာဖြစ်ပါတယ်။ အဲဒီ Station တစ်ခုဆီက လုံးဝတိမ်ကင်းတဲ့နေရာမှာရွေးချယ်ထားပါတယ်။
ဆိုးဝါးတဲ့ ရာသီဥတုက laser signal တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီ station သုံးခုတည်ရှိမယ့် နေရာက တစ်နှစ်ပတ်လုံးလုံးဝတိမ်ကင်းစင်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း Station တွေက  New Mexico, California နဲ့ Spain မှာတည်ဆောက်ထားတာ အံ့သြစရာတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာသုံးခုလုံးက sunny climates လို့လူသိများတာကိုး။ sunny climates ဆိုတာတော့ အခြားနေရာတွေထက်စာရင် တစ်နှစ်ပတ်လုံး တိမ်ကင်းစင်တဲ့ နေရာပါပဲ။
ဒီလိုနည်းနဲ့ ကမ္ဘာမှာရှိတဲ့ ground station ကနေ Signal တွေလက်ခံရရှိမှာဖြစ်ပါတယ်။ 
ပညာရှင်တွေပြောတာကတော့ LADEE မှာပါမယ့် လေဆာရောင်ခြည်ဟာ အနီအောက်ရောင်ခြည်နီးပါးရှိတဲ့ wavelength ကိုအသုံးပြုထားပါသတဲ့။ ဒီနည်းပညာကိုတော့
Lunar Laser Communication Demonstration လို့ခေါ်ပါတယ်။ LLCD အနေနဲ့ ကမ္ဘာကို 622 megabits per second အမြန်နှုန်းနဲ့ signal တွေကိုပေးပို့မှာဖြစ်ပါတယ်။ ဒါက လက်ရှိအသုံးပြုနေတဲ့ အမြန်နှုန်းထက် ၆ ဆမြန်တာပါ။
ဒီနည်းပညာက လကမ္ဘာဆီက သတင်းအချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာကနေလက်ခံရရှိစေမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒါက ကြီးမားတဲ့ တိုးတက်မှုတစ်ခုပါပဲ။ 1968 ခုနှစ်တုန်းကဆိုရင် ပုံတစ်ပုံ လကမ္ဘာကနေ ကမ္ဘာဆီကိုရောက်ဖို့  ရက်တော်တော်များများ ကြာခဲ့တာဖြစ်ပါတယ်။
ပြောရရင် သူများတွေက လကမ္ဘာတွေထိတောင် Broadband Access ရအောင်လုပ်တော့မယ်ဆိုတော့ လကမ္ဘာကနေ အင်တာနက်တွေသုံးလို့ ရတော့မယ်သဘောလား
မသိဘူး။ ကိုယ်တွေကတော့ 3G မပြောနဲ့ ခုတလော 20 KB/s နဲ့စုတ်ချာနေတဲ့ Connection ကိုနပ်မှန်အောင်မသုံးနိုင်တဲ့ဘွ။ :( :( ပြောတော့ပါဘူးလေ။ :P
နောက်စိတ်ကူးပေါက်ရင် အင်္ဂါဂြိုလ်နဲ့ပက်သတ်တဲ့စိတ်ဝင်စားစရာပို့စ်တွေရေးရင်ကောင်းမလားလို့။ ဟီး။ ရေးစေချင်ရင် မန်းကြနော်။ :D
Ref: Techbeat, Soe Soe Diary

What is shell and how to use it?

ထုံးစံအတိုင်း ဆရာသမားတွေကတော့ မသိချင်ယောင်ဆောင်ပေးကြပါ။ ဟီးဟီး။ ကျွန်တော်ပို့စ်ရေးစရာ ရှာမတွေ့လို့ပါ။ shell ဆိုတာဘာလဲပေါ့။ MSF Forum မှာ bro တစ်ယောင်ဝင်ရေးထားတာတွေ့လို့ ဗဟုသုတအဖြစ်ပြန်ရေးလိုက်ပါတယ်။ ဆိုဒ်တစ်ခုရဲ့ admin access ရပြီဆိုတာနဲ့ ကျွန်တော်တို့ shell တွေတင်လို့ရပါတယ်။ shell ဆိုတာကတော့ php file လေးတစ်ခုပါပဲ။ shell တင်ပြီးရင် ကျွန်တော်တို့ အောက်ကဟာတွေလုပ်လို့ရပါတယ်။ လုပ်နိုင်တာတွေကတော့ တော်တော်များပါတယ်။ 
၁။ shell တင်ပြီးတာနဲ့ အရင်ဆုံးလုပ်ဖြစ်မှာကတော့ deface တင်မယ်ထင်ပါတယ်။ :D ပြောရရင် shell တင်ထားတဲ့ဆိုဒ်ရဲ့ index ဖိုင်တွေကိုဖျက်ဆီးနိုင်ပါတယ်။ ဒါမှမဟုတ် ပြောင်းပစ်လိုက်လို့ရပါတယ်။ 
၂။ shell အမျိုးမျိုးအစားပေါ်မူတည်ပြီး ကျွန်တော်တို့ shell ကနေ ddos တိုက်လို့ရမယ်။ symlink လုပ်လို့ရမယ်။ 
၃။ server တွေကို root လုပ်လို့ရမယ်။ root ရရင် အဲဒီဆာဗာပေါ်က ဆိုဒ်တွေအားလုံးကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။ ဆိုဒ် ၅၀၀ ရှိရင် ၅၀၀ စလုံးဆိုတော့ တော်တ်ာကြောက်စရာကောင်းတယ်။ ဒါပေမယ့် root လုပ်နိုင်တာက linux server တွေမှရပါမယ်။ Windows server တွေပေါ်မှာ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ windows မှာ root ဆိုတာမပါလို့ပါပဲ။ :D
၎။ shell တင်ပြီးတာနဲ့ ကျွန်တော်တို့လုပ်နိုင်တဲ့နောက်တစ်ခုကတော့ အဲဒီဆိုဒ်ကနေ ကျွန်တော်တို့ file hosting လုပ်လို့ရပါတယ်။ ခင်ဗျားတင်ချင်တာတင်ပေါ့။ free hosting တွေကို ခဏမေ့ထားလို့ရပြီ။ ပိုက်ဆံလည်းမကုန်ဘူး။ ဟီး။ ဒါပေမယ့် Owner က shell ကိုဖျက်လိုက်ရင်တော့ အခြား hosting ကိုပြန်ပြောင်းပေါ့။ :D
Ref: MSF, Google , Soe Soe Diary

Sunday, September 29, 2013

မိမိကွန်ပျူတာရဲ့ CPU နဲ့ Memory


ဒီတစ်ခါအကြောင်းအရာလေးကတော့ မိတ်ဆွေများအားလုံးသိပြီးသားပါ.. မသိသေးတဲ့သူတွေအတွက်
တော့ ဗဟုသုတအနေနဲ့ရော နည်းပညာအနေနဲ့ရောရစေဖို့ပြန်တင်ပေးလိုက်ပါတယ်ဗျာ...

ကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာမှာ CPU နဲ့ Memory ဆိုတာအရေးပါတယ်ဆိုတာအားလုံး
လဲသိပြီးသားပါ။ အဲဒါကြောင့်ကိုယ်သုံးနေတဲ့ကွန်ပျူတာက CPU နဲ့ Memory ဟာဘယ်လောက်ထိ
အလုပ်လုပ်သေးလဲ ? ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲ ? ဆိုတာသိဖို့လိုအပ်ပါတယ်။
အဓိကကတော့ မိမိကွန်ပျူတာက CPU နဲ့ Memory ကို Upgrade လုပ်သင့်/မလုပ်သင့်ဆိုတာကို
သိဖို့ပိုအရေးကြီးပါတယ်။ လုပ်သင့်/မလုပ်သင့်သိဖို့အောက်မှာပုံနဲ့ရှင်းပြထားပါတယ်နော်..

(၁)    Window Tesk Manager ကိုဖွင့်လိုက်ပါ။ Tesk Manager ကို
        ဖွင့်ဖို့အတွက် Keyboard မှ Ctrl+Alt+Del / delete ကိုတွဲနှိပ်လိုက်ပါ။
        ဒါမှမဟုတ် Mouse ကို Window မှ teskbar ပေါ်ကို Right click နှိပ်ပြီး
         ပေါ်လာတဲ့စာတမ်းတွေမှ Start Tesk Manager ကို click လိုက်ပါ။



(၂)    Task Manager ပွင်လာပြီဆိုလျင် Performance Tab ကို click လိုက်ပါ။
       အဲဒီ Tab ရဲ့အောက်မှာကြည့်လိုက်ပါ။ CPU Usage  နဲ့ Memory ဆိုတဲ့နေရာကို
       တွေ့ပါလိမ့်မယ်။အဲဒီနေရာတွေမှာ CPU နဲ့ Memory တို့ရဲ့အလုပ်လုပ်နေ
        ပုံကိုဖော်ပြနေပါလိမ့်မယ်။



တကယ်လို့ CPU ဟာသူ အလုပ်တွေအရမ်းလုပ်နေရတယ်ဆိုရင် CPU Usage ဆိုတဲ့နေရာမှာ
အစိမ်းရောင်တန်းလေးဟာ အပေါ်ကိုတက်နေတာကိုတွေ့ရပါလိမ့်မယ်နော်။အဲဒီအချိန်မှာ
ဘာတွေဖြစ်တတ်သလဲဆိုတော့ မိမိ ကွန်ပျူတာဟာ စိတ်ညစ်စရာကောင်းလောက်အောင်
လေးလံနေပါလိမ့်မယ်။အဲဒါဆိုရင်တော့ CPU ကိုUpgrade လုပ်ဖို့လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ Memory ကိုပါ ထပ်တိုးလိုက်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။ မိမိကွန်ပျူတာက Memory ဟာ
အရင်က1Gb ဆိုရင် 2Gb သာတိုးလိုက်ပါ။ သတိထားရမှာက မိမိကွန်ပျူတာကိုဆော့ဖ်ဝဲတွေ Install လုပ်တော့မယ်ဆိုရင် အဲဒီ ဆော့ဖ်ဝဲရဲ့ Version ၊ မိမိကွန်ပျူတာက Memory မှာဘယ်လောက်နေရာယူမလဲ စတဲ့အချက်တွေကိုသိထားဖို့တော့လိုပါမယ်။အဲဒီအချက်တွေကြောင့်လဲ ကွန်ပျူတာက CPU နဲ့ Memory
တွေအလုပ်တွေပိုလုပ်နေရတာလဲပါပါတယ်။ အဲဒီလိုအချက်လေးတွေလဲထည့်စဉ်းစားပြီးမိမိကွန်ပျူတာကို
အသုံးးပြုမယ်ဆိုရင်လဲပိုပြီးကောင်းပါတယ်။ကဲဒါဆိုရင်တော့ ကွန်ပျူတာ CPU နဲ့ Memory နဲ့ပါတ်သတ်လို့အသေးစိတ်မဟုတ်ပေမယ့် မသိသေးတဲ့ User တွေအတွက်တော့အကြမ်းဖျင်းလေး
ကိုတော့နားလည်လောက်မှာလို့ယူဆပါတယ်နော်.. မိမိကွန်ပျူတာရဲ့ Performance တွေ
ကောင်းလာဖို့မိမိမှာလဲတာဝန်ရှိတယ်ဆိုတာသိစေဖို့အတွက်အကြံကောင်းလေးပေးလိုက်ပါတယ်ဗျာ
 
Credit TO : www.mmitsky.com

Saturday, September 28, 2013

iPhone 5S ရဲ့ Touch ID ခေါ် Fingerprint Sensor ကို ဖောက်ထွင်းခြင်းက လွယ်ကူသလား

iphone-5s-touch-id-img_0798-100053552-gallery
Apple က အသစ်မိတ်ဆက်လိုက်တဲ့ iPhone 5S ရဲ့ Touch ID ကို မနေ့တနေ့ကပဲ Chaos Computer Club က လက်ဗွေ အတု တစ်ခုနဲ့ လှည့်စား ဖောက်ထွင်းနိုင်ခဲ့ပါတယ်၊ အဆိုပါ သတင်းဟာ Apple Blog များမှာသာမကပဲ Apple ရဲ့ ပြိုင်ဘက် Android ဖုန်းကိုင်ဆောင်သူတွေရဲ့ ပါးစပ်ဖျားမှာပါ ကဲ့ရဲ့ အပြစ်တင်စရာ တစ်ခုလို ဖြစ်လာခဲ့ပါတယ်၊ Chaos Computer Club ရဲ့ Web Site မှာလဲ Touch ID ကို လှည့်စားရခြင်းမှာ နေ့စဉ် အလုပ်များကဲ့သို့ပင် လွယ်ကူကြောင်း “using easy everyday means.” လို့ ရေးသားထား ပြန်ပါတယ်အမှန်တကယ်ကော  Touch ID က လှည့်စားရ လွယ်ကူသလား၊ ဖောက်ထွင်းနည်းက လူတိုင်းလုပ်နိုင်လောက်အောင်ပဲ ရိုးရှင်းသလား၊
လေ့လာကြည့်ရအောင်…

Touch ID ကို လှည့်စားဖို့ လိုအပ်တဲ့ချက်များ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်

၁။ iPhone 5S ကို Unlock လုပ်နိုင်မဲ့ လက်ဗွေပိုင်ရှင်ရဲ့  ပြားချပ်ပြီး သန့်ရှင်းတဲ့ မျက်နှာပြင်ပေါ်က ပြတ်သား တိကျတဲ့ လက်ဗွေရာ တစ်ခု
(Chaos Computer Club ကတော့ လက်ဗွေပိုင်ရှင်ကိုယ်တိုင် လိုလိုလားလားနဲ့ ဖိနှိပ်ပေးထားတဲ့ လက်ဗွေရာကို အသုံးပြုခဲ့ပါတယ်၊ လက်တွေ့မှာတော့ တခြားလူတစ်ယောက်ရဲ့  သန့်ရှင်းတဲ့ လက်ဗွေကို ရယူဖို့ လွယ်ကူပါသလား)
၂။ လက်ဗွေကို တုပ နိုင်ဖို့ အပူပေးခံရမယ့် Superglue
၃။ 2400 dpi resolution အထိ ရိုက်ကူးပေးနိုင်မယ့် High-Quality Digital Camera
၎။ လက်ဗွေရဲ့ ဓာတ်ပုံကို သန့်ရှင်းပေးပြီး ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမယ့် Photo-Editiing Program
၅။ Print ထုတ်လို့ရနိုင်မယ့် အကြည်ရောင် Plastic Sheet တစ်ချပ်
၆။ 1200 dpi resolution အပြင် Think Toner Setting နဲ့ပါ Print ထုတ်ပေးနိုင်မယ့် Printer
၇။ Print ထုတ်ထားတဲ့ လက်ဗွေပေါ်မှာ လိမ်းကျံပေးဖို့  Liquid Latex နဲ့ Glycerine
၈။ Print ထုတ်ပြီးသွားတဲ့ လက်ဗွေပေါ်မှာ အစိုဓာတ်ရရှိအောင်လဲ ပြုလုပ်ပေးရပါသေးတယ်၊
၉။ နောက်ဆုံး အရေးကြီးတဲ့ လိုအပ်ချက်ကတော့ ပိုင်ရှင်မသိအောင် ယူလာရမယ့် iPhone ပဲ ဖြစ်ပါတယ်
အခိုးခံရတာကို iPhone ပိုင်ရှင်သိသွားရင်တော့ မိနစ်အနည်းငယ် အတွင်းမှာပဲ iPhone ထဲက Data တွေကို အဝေးကနေ လှမ်းဖျက်နိုင်ပါတယ်၊တကယ်လို့ အပေါ်က လိုအပ်ချက်တွေထဲက တစ်ခုခု သင့်မှာ မရှိဘူး ဆိုရင်တော့ Touch ID ကို လှည့်စားဖို့ မဖြစ်နိုင်တော့ပါဘူး
iPhone အသုံးပြုသူ တစ်ဝက်လောက်က ၄င်းတို့ iPhone ကို ဘာ Security မှ မကာရံထားကြကြောင်းကို iPhone 5S ကို မိတ်ဆက်တဲ့ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ဒီအချက်ကို Touch ID က ပြောင်းလဲပေးနိုင်ပါတယ်၊
Touch ID က ယခင် 4-Digit Passcode ထက် ပိုလုံခြုံသလား?
ပိုလုံခြုံပါတယ်၊ သင့်ဖုန်းကို Passcode သို့မဟုတ် Pattern Lock ဖွင့်နေတဲ့ အချိန် သင့်အနောက်ကနေ ခိုးကြည့်သွားတာထက်စာရင် သင့် လက်ဗွေကို တုပ ပြုလုပ်ဖို့က ပိုမို ခက်ခဲပါတယ်
“ဒါဟာ Fingerprint Security တစ်ခုပါ၊ သံလှောင်အိမ် တစ်ခု မဟုတ်ပါဘူး”
တကယ်လို့ သင်ဟာ iPhone ထဲမှာ Nuclear Lauch Code လိုမျိုး အရေးကြီး Data ထည့်ထားမယ်ဆိုရင်တော့ 4-Digit ကော Touch ID ကော မလုံလောက်တာတော့ အမှန်ပါပဲ၊ 20-Digit Passcode သုံးလိုက်တာက သင့်အတွက် ပိုလုံခြုံပါလိမ့်မယ်
Touch ID ဟာ Mobile Security အတွက် နည်းပညာ အသစ်တစ်ခုပါ၊ အလွန် သုံးရလွယ်ကူပြီး စမတ်ကျပါတယ်၊ သင့်ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက် မှာ High-End Printer, Liquid Latex နဲ့ Photoshop ကျွမ်းကျင်မှုတွေ ရှိနေရင်တောင် သင့်ရဲ့ သန့်ရှင်းတိကျတဲ့ လက်ဗွေ တစ်ခုကို ရရှိဖို့ ဆိုတာ ခက်ခဲပါတယ်၊ သင့်ဖုန်းကိုရော သူဘယ်အချိန်မှာ လက်ဗွေ အတုကို တင်ကြည့်မှာလဲ၊ တခြား အခက်အခဲတွေ အများကြီး ရှိပါသေးတယ်၊ သင့်ရဲ့  Message တွေနဲ့ Call Log တွေအတွက် စိတ်မပူပါနဲ့တော့၊ ထပ်ပြောပါမယ်..သင့်ဖုန်းကို Passcode သို့မဟုတ် Pattern Lock ဖွင့်နေတဲ့ အချိန် သင့်အနောက်ကနေ ခိုးကြည့်သွားတာထက်စာရင် သင့် လက်ဗွေကို တုပ ပြုလုပ်ဖို့က ပိုမို ခက်ခဲပါတယ်

- ဖြိုးမင်းသူ