-->

Sunday, November 17, 2013

iOS 7.0.4 Update

iPhone, iPad, iPodTouch တို့အတွက် Update ပေးလာတဲ့ iOS 7.0.4 မှာ ကြီးကြီးမားမား ပြောင်းလဲထားတာမျိုး မပါပဲ OS ပိုမိုကောင်းမွန်စေဖို့ Bug တွေကို ပြုပြင်ခြင်းနှင့် အသုံးပြုသူ အချို့ ရင်ဆိုင်နေရတဲ့ FaceTime Call fail ဖြစ်တဲ့ ပြဿနာတွေကို ပြုပြင်ထားပြီး minor update လုပ်ထားခြင်းသာ ဖြစ်ပါတယ်..


Apple ဟာ Fourth generation iPodTouch အတွက်လည်း FaceTime  ပြဿနာကို ဖြေရှင်းပြီး iOS 6.1.5 အနေနဲ့ ထုတ်ပေးထားပါတယ်။ Apple TV အတွက် version 6.0.2 ကို update ပေးထားသော်လည်း ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

iOS 7.0.3 ထွက်ပြီးလို့ ရက်သတ္တ သုံးပါတ်အကြာမှာ ထပ်ထွက်လာတဲ့ 7.0.4 မှာ iCloud Key-Chain support လုပ်ထားပါတယ်။ iOS 7.0.4 ကို update လုပ်ချင်တယ် ဆိုရင်တော့ iTunes ကနေဖြစ်စေ iDevice ရဲ့ Settings ထဲကနေဖြစ်စေ update လုပ်နိုင်ကြပါပြီ..

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.