-->

Thursday, May 22, 2014

Apple's iCloud Actication Bypassed

 
iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple’s iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၁ ကြောင်းကို “Magic Line” လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code ကတော့အောက်ပါအတိုင်းပါ။

188.226.251.76 http://Albert.Apple.com/

host file ကတော့ C:\Windows\System32\Drivers\etc အောက်မှာရှိပါတယ်။ ယင်းဖိုင်ကို notepad နဲ့ဖွင့်ပြီး အပေါ်က code တစ်ကြောင်းကိုဖြည့်လိုက်ပါ။ ထည့်သွင်းပုံနမူနာကတော့အောက်ပုံအတိုင်းပါ။


ပြီးရင် save လုပ်ပါ။ hosts file ကို save မရဖြစ်နေရင် ၊ မ save တတ်ရင် အောက်က link မှာ host file save နည်းကိုကြည့်ပါ။

http://www.vsysad.com/2013/06/edit-hosts-file-in-windows-7/

ပြီးရင် ကွန်ပျူတာကို restart ချပါ။
ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ ဖုန်းနဲ့ကွန်ပျူတာနဲ့မချိတ်ခင်မှာဖုန်းကိုပါဝင်အရင်ပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပြီးကွန်ပျူတာနဲ့ချိတ်ပါ။ ပြီးရင် iTunes ကိုပြန်ဖွင့်ပြီး Step by Step activation လုပ်လို့ရပါပြီ။ iCloud မိနေတဲ့ users တွေအားလုံးပဲအဆင်ပြေကြပါစေ။ Video Tutorial ကိုတော့အောက်မှာကြည့်ရှုနိုင်ပါတယ်။


Tuesday, January 21, 2014

IOS ရဲ့ dialpad မှ keytone တွေပေါ်မှာ မိမိကြိုက်နှစ်သက်သော ပုံထည့်ယူခြင်း (ailbroken devices)



ပန်းသီးချစ်သူများ မင်္ဂလာပါဗျာ..
ကျနော် ဒီနေ့ iphone ရဲ့ Dialer keypad မှာ မိမိစိတ်ကြိုက် Custom image လေးတွေ ထည့်တဲ့နည်းလေး ပြောပြမှာပါ.ဒီနည်းလေး လိုက်လုပ်ဖို့ လိုအပ်တာလေးတွေ ကတော့
၁ မိမိဖုန်းက Jailbroken ဖြစ်နေရပါမယ်
၂ iFile ရှိထားရပါမယ်
၃ photo Edit လုပ်ဖို့ PS Touch ရှိထားရပါမယ်
၎ Winterboard ရှိထားရပါမယ်
၅ Cydia ကနေ Color Keypad ကို install လုပ်ထားပေးပါ… ဒါဆို အားလုံးအဆင်သင့်ဖြစ်ပါပီ
ကဲစလိုက်ရအောင်..ပထမဆုံး မိမိအသုံးပြုမည့် ဓာတ်ပုံ ၁၀ပုံကို Ps Touch နဲ့ image size width145 x height145 ရအောင် Edit လုပ်ရပါမယ်. ပီးရင် ၁၀ပုံလုံးကို Png ဖိုင်ဖြင့် Camera Roll ထဲ save ထားလိုက်ပါ.ဒါဆိုရင် ဓာတ်ပုံပြင်တဲ့ အပိုင်းပီးပါပီ..နောက် iFile ကိုသွားပါမယ်.. iFile > var > mobile > media >DCIM > 100 Apple အဲ့မှာ အစောက လုပ်ထားတဲ့ ပုံတွေ အောက်ဆုံးမှာ ရှိနေမှာပါ မသေခြာရင် image viewer နဲ့ကြည့်ပီး တွေ့ပီဆိုရင် ၁၀ပုံလုံးကို copy ကူးပီး back ပြန်ထွက်လိုက်ပါ.. ပီးး iFile > Library > Theme > Color Keypad Theme > Bundles > com.appe.TelephonyUI အဲ့မှာခုနကကူးလာတဲ့၁၀ပုံလုံးကို paste ကပ်လိုက်ပါ ပီးရင် မူရင်းkeypad က keypad-mask-1@2x~iphone.png ဆိုတာလေးကို copy ကူးထားလိုက်ပါ ..အဲ့ဒါမူရင်းkeypad ရဲ့ နံပါတ် ၁ နေရာက ပုံဖြစ်ပါတယ်….အဲ့ဒီနေရာမှာ မိမိတို့ပုံလေးတွေ အစားထိုးဖို့ မူရင်းပုံတွေကို delete လုပ်လည်းရပါတယ်..ကျနော်ကတော့ delete မလုပ်ပါဘူးဖိုင်name ထဲက iphone ရဲ့နောက်မှာ(iphone1.png) 1 လေးထည့်ပေးလိုက်ပါ.

ဒါဆိုရင် ကျနော်တို့ကူးလာတဲ့ ပုံတွေကို file name ပြောင်းလို့ရပါပီ ..ပထမပုံကို အစောက ကူးလာတဲ့ ဖိုင် name ကို past ကပ်လိုက်ပါ..ဒုတိယပုံကိုလည်း အဲ့လိုပဲ paste ကပ်ပီးဖိုင် name ရဲ့ keypad-mask ရဲ့ နောက်မှာ 2 လေးထည့်ပေးလိုက်ပါ.တတိယပုံအတွက်လည်း ဒီလိုပဲ 3 လို့ထည့်ပေးလိုက်ပါ အဲ့ဒီအတိုင်း ၁၀ ပုံလုံးပြောင်းပေးလိုက်ပါ..အားလုံး ဖိုင် name ပြောင်းပီးသွားရင် ပီးပါပီ..နောက်ပြန်ထွက် home.. သွား setting> winterboard> theme မှာ Color Keypad ကိုအမှန်ခြစ်ပီး Respring ချပေးလိုက်ပါ ဖုန်းပြန်ပွင့်လာရင် မိမိတို့ထည့်ထားတဲ့ ပုံလေးတွေနဲ့ Dialer Keypad လေးလန်းနေပါလိမ့်မယ်..

Tuesday, December 31, 2013

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

 
iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်

မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ 
မန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။


လုပ်ငန်းစဉ် 
 
မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။

မြန်မာလက်ကွက် အတွက် Install Source (2)
  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard
Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)


မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။
 
ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

Credit To : ကိုမိုးသကြား

Saturday, December 21, 2013

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း

 
Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။



၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။



၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။



၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ)


၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။




နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။


၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။


၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။



၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။


နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...

*****************************************

>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။


Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။


Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။


  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။
နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။



Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

>> Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Credit to : Apple & ကိုမိုးသကြား

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

 
Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။

Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication" option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။

"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။

"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..



အကယ်၍ သင့်မှာ Apple ID တစ်ခုရှိနေပြီး "Rescue Mail" မထည့်သွင်းရသေးဘူး ဆိုရင်တော့ အမြန်ဆုံးသာ ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...


>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<

၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။



၂) "Manage your Apple ID" ကိုနှိပ်ပါ။

၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။



၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။



  • ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏ information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု email ပေးပို့ပါ။
  • တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။


၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။


၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။ (Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။


၇) သင်၏ Email ကို Rescue Mail အဖြစ် Verify ဖြစ်သွားကြောင်းတွေ့ရပါမည်။



Apple ID နှင့် Password Reset / Recovery လုပ်နည်းကို အောက်ပါနေရာတွင် ဖတ်ရှုနိုင်ပါသည်..

>> Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

Credit to : Apple & ကိုမိုးသကြား

Friday, December 13, 2013

Fifa 14 for iOS ကို full version ဖြစ်အောင် Hack ကြမယ် (No Jailbreak Needed)

http://www.myanmarmobileapp.com/wp-content/uploads/2013/12/FIFA-14-by-EA-SPORTS-320x190.png
 
Fifa 14 ကို Full version ဖြစ်အောင် Hack လုပ်နည်းလေးပါ၊
Myanmar Mobile App ကတွေ့လာလို့ hackချင်တဲ့သူငယ်ချင်းတို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊
Hack လုပ်နည်းကို ရှင်းလင်းပြီးအဆင်လိုက်ပြထားတာမို့လို့လွယ်ကူပါတယ်၊
ကဲလိုအပ်တာလေးဒေါင်းလိုက်ပါဦး၊အဆင်ပြေပါစေ။

Fifa14 unlock.zip >> Link 1 / Link 2

ကွန်ပျူတာမှာ iTunes 11 နဲ့အထက် install လုပ်ထားရပါမယ်။နောက်လိုအပ်တာက မိမိ Apple ID နဲ့ Download ချထားတဲ့ Fifa 14 ipa ဖိုင်ပါ။ကဲ..စုံပြီးဆိုရင်စလိုက်ရအောင်ဗျာ… ;)

1. windows 7 မှာဆိုရင် C:\Users\user\Music\iTunes\iTunes Media\Mobile Applications အောက်က Fifa 14.ipa ကို copy ကူးပြီး Desktop မှတင်ထားပါ။

2. Windows key+E နှိပ်ပြီး Organize>Folder & search options>view> မှ Hide extensions for know files type မှာအမှန်ခြစ်ဖြုတ်ထားပြီး Apply လုပ်ပါ။

1

3. စောစောက desktop ပေါ်တင်ထားတဲ့ fifa14.ipa ဖိုင်ကို  fifa14.zip ဖိုင်အဖြစ် extension rename ချိန်းပေးပါ။

4. Download ဆွဲထားတဲ့ zip ဖိုင်ထဲမှ Fifa 14 iDevices.zip ကိုဖြည်ပြီးအထဲမှ ဖိုင်၂ခုကို Ctrl + C လုပ်ပါ။zip ဖိုင်အဖြစ်ချိန်းထားတဲ့Fifa14.zipဖိုင်ကိုဖွင့်ပြီး
Payload/FIFA14.app/Data/Gui/Data/XML/Screenlayouts/Main Menu သို့သွားပြီး Ctrl+V နှိပ်ပေးပါ။နဲနဲကြာတတ်ပါတယ်။စောင့်ပေးပါ။ပြီးသွားပြီဆိုရင်အဲ့ဒီ zip ဖိုင်ကိုပိတ်လိုက်ပါ..ပြီးရင် Fifa14.ipa ဟု extension rename ပြန်ချိန်းပေးပါ။

5. Download ဆွဲထားသော zip ဖိုင်ထဲမှ iPhone Configuration Utility ကို install လုပ်ပြီး run ပေးပါ။ တစ်ကယ်လို့များ “Cannot located SQLITE3.dlll….”  ဘာညာသာရကာ error တွေတက်လာရင် C > Program Files > Common Files > Apple > Apple Application Support > မှ SQLITE3.dll ဖိုင်ကို copy ကူးပြီး C:\Program Files\iPhone Configuration Utility ကိုသွားထည့်ပေးလိုက်ပါ။ iPhone Configuration Utility တက်လာပြီဆိုရင်တော့နောက်တစ်ဆင့်ကိုတက်လို့ရပါပြီ။

6. iCU မှ Application ကိုနှိပ်ပြီး စောစောက extension rename ချိန်းပေးထားသော Fifa14.ipa ကို mouse ဖြင့် Drag ဆွဲပြီးထည့်ပေးပါ။အချိန်အနည်းငယ်ကြာပါလိမ့်မယ်..သည်းခံပြီးစောင့်ပေးပါ။Loading လုပ်နေချိန် iCU မှာ click မနှိပ်မိပါစေနဲ့။

2

တစ်ကယ်လို့ you already have another version of this game existed and it want to replace it လို့မေးလာခဲ့ရင် Yes နှိပ်ပေးပါ။ကျွန်တော့်တုန်းကတော့မမေးပါဘူး :)

7. iCU မှာ loading ရပ်သွားတာနဲ့ သင့် iphone/ipad ကိုကွန်ပျူတာနဲ့ချိတ်ပါ။ iCU မှာ သင့် device ပေါ်မှာ click နှိပ်ပြီး Application ကိုထပ်နှိပ်ပါ။Fifa 14 ရဲ့ဘေးက install ဆိုတဲ့ button လေးကို click လုပ်ပေးလိုက်ပါ။ခဏကြာပါဦးမယ်…စောင့်ပေးပါ။

3

အားလုံးပြီးသွားပြီဆိုရင်တော့ သင့် device မှာ Fifa14 icon ကိုမြင်နေရမှာပါ။Congratulation ပါ  :D
Fifa 14 full version ကိုအောင်မြင်စွာ unlocked လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဆင်ပြေကြပါစေခင်ဗျာ :D

NickyPaing(MMAS)

Thursday, November 21, 2013

iOS 7 ၏ error များနှင့် ဖြေရှင်းရန် နည်းလမ်းများ


ကွန်ပြူတာမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းမှာပဲဖြစ်ဖြစ် ဘယ် Operating System မဆို အသစ်ထွက် လာပြီးတဲ့ နောက်မှာတော့ အနည်းနဲ့ အများဆိုသလို ပြဿ     နာတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ထိုနည်းတူပါပဲ Apple ရဲ့ ပြောင်းလဲမှုများစွာနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ iOS 7 လည်း Glitch တွေ ၊ Bug တွေ ၊ Problem တွေနဲ့ မကင်းပါဘူး။
ယခုဆိုရင် iPhone နဲ့ iPad သုံးစွဲသူ အားလုံးနည်းပါးဟာ iOS 7 သို့ အဆင့်မြှင့်တင်ပြီးတဲ့ အခြေအနေမှာ ရှိနေပြီးကြုံတွေ့နေရတဲ့ပြဿ     နာများကလည်းတစ်နေ့တစ်ခြားများပြားလို့လာနေပါတယ်။အချို့သောပြဿ     နာ
များကတော့ သာမန် Glitch တစ်ခုမျှသာ ဖြစ်သော်လည်း အချို့ပြဿနာများကတော့ ဖုန်းသုံးစွဲမှုကို ရပ်ဆိုင်းသွားစေတဲ့အထိ ကြီးမားတာကို တွေ့ရပါတယ်။
အောက်မှာ ဖော်ပြထားတာကတော့ လက်ရှိ သုံးစွဲသူအများစု ကြုံတွေ့နေရတဲ့ iOS 7 ပြဿနာများနဲ့ ဖြေရှင်းရန် နည်းလမ်းများပဲ ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ ဤဆောင်းပါးတွင် iPhone လို့ အဓိကထား ရည်ညွှန်းရေးသား ထားပေမယ့် ပြဿနာများနဲ့ ဖြေရှင်းနည်းများဟာ iPad နဲ့ iPod Touch များနဲ့လည်း သက်ဆိုင်ပါတယ်။

ပြဿ     နာ : Apple logo မှ မတက်တော့ခြင်း
iOS 7 ကို update လုပ်ရင်းနဲ့ ဖြစ်တတ်တဲ့ glitch ပါ။ ဤ glitch ကြောင့် ဖုန်းကို reboot လုပ်ပြီးတဲ့အခါမှာ ပြန်ပွင့်မလာတော့ပဲ Apple logo နေရာမှာ ရပ်တန့်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သင့်အနေနဲ့ iTunes နဲ့ ထပ်မံချိတ်ဆက်ပြီး DFU (Device Firmware Upgrade) ပြုလုပ်ကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Power ခလုတ်အား စက္ကန့် အနည်းငယ်ကြာ ဖိထားပြီး ပိတ်လိုက်ပါ။
၂) မိမိ၏ ကွန်ပြူတာပေါ်တွင် iTunes အားဖွင့်ပြီး ဖုန်းအား ချိတ်ဆက်လိုက်ပါ။
၃) Power ခလုတ်နဲ့ Home ခလုတ်တို့ကို ၁၀ စက္ကန့်ကြာ ပြိုင်တူနှိပ်ထားပြီး Power ခလုတ်အား လွှတ်လိုက်ပါ။ Home ခလုတ်အား ဆက်နှိပ်ထားပါ။
၎) iTunes ပေါ်တွင် “iTunes has detected an iPhone in recovery mode. You must restore this iPhone before it can be used with iTunes.” ဟူသော အသိပေးချက် ပေါ်လာသည်အထိ Home ခလုတ်အား နှိပ်ထားပါ။
၅) ဤအချိန်၌ သင့် iPhone မျက်နှာပြင်ပေါ်သည် Blank ဖြစ်နေရမည်။ Logo (သို့) အခြားစာတန်း တစ်ခုခု ပေါ်နေပါက DFU Mode မဟုတ်ပေ။
၆) iTunes ၏ ဘယ်ဘက်ကော်လံပေါ်၌ iPhone အား ရွေးချယ်ပါ။ ထို့နောက် Summary > Restore အား ရွေးချယ်ပါ။
၇) သင့်အနေနဲ့ iOS 7 Update အား ပြန်လုပ်ရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ပြဿ     နာ : ဘက္ကထရီ လျင်မြန်စွာ ကုန်ခြင်း
iOS 7 အနေနဲ့ iOS 6 ထက် ဘက္ကထရီ ပိုစားတယ်ဆိုတာ လူတိုင်း သတိထားမှာပါ။ ဖုန်းရဲ့ ဘက္ကထရီသက်တမ်းဟာ မိမိရဲ့ အသုံးပြုပုံအပေါ် မူတည်တယ်ဆိုပေမယ့် အောက်ပါ အချက်များကို ဆောင်ရွက်ခြင်းဖြင့် ဤပြဿနာကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါမယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Parallax Effect လို့ခေါ်တဲ့ Home Screen ရဲ့ 3D ပုံထွက်ကို Settings > General > Accessibility > Reduce Motion သို့သွားပြီး ပိတ်လိုက်ပါ။
၂) အသုံးမများတဲ့ App တွေကို အလိုအလျောက် Refresh လုပ်ခြင်းအား Settings > General > Background App Refresh ၌ ပိတ်ထားပါ။
၃) AirDrop အား မျက်နှာပြင်ကို အောက်မှအထက်သို့ swipe လုပ်ပြီးနောက် Control Center ထဲမှ Toggle အား ရွေးချယ်ခြင်းဖြင့် ပိတ်ထားပါ။
၎) Settings > Notification Center သို့ ဝင်ရောက်ပြီး အလိုမရှိသည့် App များအား ဖယ်ရှားပါ။

ပြဿ     နာ : Wi-Fi နှင့် Bluetooth အလုပ်မလုပ်ခြင်း
iOS 7 ကို update လုပ်ပြီးတဲ့နောက်မှာ Wi-Fi နဲ့ Bluetooth အလုပ်မလုပ်တဲ့ ပြဿနာကို သုံးစွဲသူ အတော်များများ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ Setting ထဲမှာလည်း အရောင်မှိန်နေပြီး နှိပ်လိုက်တဲ့အခါမှာလည်း ပွင့်မလာတာ (သို့) ပွင့်လာသည့် ပုံစံမပေါက်ပဲ အရောင်ပြန်မှိန်ပြီး ပိတ်သွားတာနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ သင့်အနေနဲ့ iPhone နဲ့ Router ကို ပိတ်/ဖွင့် လုပ်ကြည့်နိုင်ပါတယ်။ ဒါမှ မရဘူး ဆိုရင်တော့ -
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) ဖုန်းအား Airplane mode သို့ ပြောင်းပါ။ ယင်းနောက် Settings > General > Reset > Reset Network Settings သို့သွားပြီး Reset လုပ်ပါ။
၂) ဒါမှမဟုတ်ရင် Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ပါ။ ပြီးရင် iPhone အား ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ။
၃) သင့်ရဲ့ Wi-Fi စနစ်ကို စစ်ဆေးကြည့်ပါ။ Router ရဲ့ Firmware ကို update လုပ်ပါ။

ပြဿ     နာ : Keyboard တုန့်ပြန်မှု နှေးကွေးခြင်း
iPhone 4 မှာလည်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာပါ။ သုံးစွဲသူတွေက iOS 7 ကိုက တုန့်ပြန်မှုနှေးတယ်လို့ ပြောနေကြပါတယ်။ အထူးသဖြင့် ဒီ Virtual Keyboard နဲ့ စာရိုက်တဲ့ အချိန်မှာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
Settings > iCloud သို့သွားပြီး Documents & Data အား ပိတ်လိုက်ပါ။

ပြဿ     နာ : iTunes Store ဆက်တိုက် Crash ဖြစ်နေခြင်း
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Music app အား ဖွင့်ပါ။ ဘယ်ဖက် အပေါ်ထောင့်မှ Store အား နှိပ်ပါ။ iTunes Store ပွင့်လာဖွယ် ရှိပါတယ်။
၂) Home ခလုတ်အား ၂ ချက်ဆက်နှိပ်ပါ။ Multitasking Menu ပေါ်လာပါလိမ့်မယ်။ iTunes Store ပွင့်နေလျှင် ပိတ်လိုက်ပါ။ ပြီးနောက် Settings > iTunes & App Store သို့သွားပြီး Apple ID အား ရွေးချယ်ပြီး Sign Out လုပ်လိုက်ပါ။ ပြီးလျှင် Log In ပြန်လုပ်ပြီး iTunes Store app အား ဖွင့်ကြည့်ပါ။ ရပါလိမ့်မယ်။

ပြဿ     နာ : iMessage (သို့) FaceTime အလုပ်မလုပ်ခြင်းသုံးစွဲသူ အတော်များများဟာ iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့အခါမှာ iMessage နဲ့ FaceTime ဆက်သွယ်ရေးစနစ်များ အလုပ်မလုပ် တော့တဲ့ Bug နဲ့ ကြုံတွေ့နေရပါတယ်။ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) FaceTime (သို့) iMessage အား Setting သို့ ဝင်ရောက်ပြီး အပိတ်-အဖွင့် လုပ်ကြည့်ပါ။၂) Settings > Cellular ၌ Cellular Data အား ပိတ်ပါ။ ဖုန်းအား Wi-Fi နှင့် ချိတ်ဆက်ပါ။ ပြီးရင် Settings > General > Reset > Reset Network Settings သို့ သွားပြီး Reset လုပ်ပါ။၃) ဒါမှ မရသေးဘူး ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Restore လုပ်ကြည့်ပါ။ Data ကို backup လုပ်ဖို့ မမေ့ပါနဲ့။
ပြဿ     နာ : Lock Screen အား အခြားသူများက ဖြတ်ကျော်နိုင်ခြင်း
iOS 7 မှာ Lock Screen ကို မသမာသူများက ဖြတ်ကျော်ပြီး မိမိဖုန်းအတွင်းက အချက်အလက် အချို့အား ရယူနိုင်တဲ့ Bug ရှိနေကြောင်း အားလုံးသိရှိပြီး ဖြစ်ပါတယ်။ မသမာသူများရဲ့ ရန်က ကာကွယ်နိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း 
၁) Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ထားပါ။
၂) Apple အနေနဲ့လည်း Bug ကို ဖြေရှင်းပေမယ့် Software Update ကို ထုတ်ထားပြီးပါပြီ။Settings > General > Software Update သို့သွားပြီး မဖြစ်မနေ Update လုပ်သင့်ပါတယ်။
ပြဿ     နာ : အသုံးပြုနေသည့် App များက အလိုအလျောက် Logout လုပ်နေခြင်း
သုံးစွဲသူ အများစုဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် Mailbox နဲ့ Snapchat app များမှာပါ။ App တီထွင်သူများကတော့ ဒီပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစာနေကြပေမယ့် iOS 7 ရဲ့ နောက်ကွယ်ကနေ အလိုအလျောက် Refresh လုပ်ပေးတဲ့စနစ်က အဓိက တရာခံလို့ လက်ခံထားကြပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Background App Refresh သို့သွားပြီး ပြဿနာရှိနေသည့် App များအတွက် ပိတ်ထားလိုက်ပါ။

ပြဿ     နာ : iPhone အား ဖွင့်မရတော့ခြင်း
iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့နောက် လူအနည်းစုကတော့ ဤပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Charger တပ်လည်း အကြောင်းမထူး။ ကွန်ပြူတာနဲ့ ချိတ်ကြည့်လည်း အကြောင်းမထူး ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေက များပြားလှပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Apple ရဲ့ ကေဘယ်ကြိုးနဲ့ အားသွင်းခလုတ် “အစစ်”ကို အသုံးပြုပါ။ Apple အနေနဲ့ မကြာမီမှာ ပြင်ပ ကုမ္ပဏီတွေက Apple ထုတ်ပစ္စည်းတွေအတွက် ကေဘယ်ကြိုးတွေ၊ အားသွင်းခလုတ်တွေ ထုတ်လုပ်နေတာကို တားမြစ်ပါတော့မယ်။
၂) Power ခလုတ်အား ၁၀ စက္ကန့် နှိပ်ထားပြီး Reboot ဖြစ်-မဖြစ် စောင့်ကြည့်ပါ။
၃) မူရင်း အခြေအနေ ပြန်ရောက်စေရန် Factor Reset လုပ်ကြည့်ပါ။
၎) အထက်မှာ ဖော်ပြခဲ့သလို ဖုန်းအား ကွန်ပြူတာနှင့် ချိတ်ဆက်ပြီး DFU Mode အား စမ်းကြည့်ပါ။
၅) ဒါမှ မရသေးဘူး ဆိုရင်တော့ Apple Store (သို့) တရားဝင် အရောင်းဆိုင်သို့ အမြန်ဆုံး သွားရောက်ပါ။

ပြဿ      နာ: မူးဝေအော့အန်ခြင်း
iOS 7 မှာ ပါဝင်လာတဲ့ Parallax Effect ရယ် ၊ အရောင်တောက်ပတဲ့ icon တွေရယ် ၊ မြင်ကွင်းပြောင်းလဲမှုမှာ zoom လုပ်တာတွေရယ်ကြောင့် iOS 7 သုံးစွဲသူ အများစုဟာ မူးဝေခြင်း၊ အော့အန်းခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ iOS 7 ရဲ့ လှုပ်ရှားမှု animation တွေအားလုံးကို ပိတ်ထားဖို့ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။ သက်သာရာ ရပါလိမ့်မယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Accessibility သို့သွားပြီး Reduce Motion အား နှိပ်ပါ။
၂) Wallpaper ကို လှုပ်ရှားမှု မရှိတဲ့ Static Wallpaper များကိုသာ သုံးစွဲပါ။ Settings > Wallpapers & Brightness သို့သွားပြီး ရွေးချယ်ပါ။
၃) စာလုံးများရဲ့ အရွယ်အစားကို အနည်းငယ် ကြီးလိုက်ပါ။ Settings > General > Text Size မှာ လုပ်ဆောင်နိုင်ပါတယ်။
၎) ဖောက်ထွင်းမြင်ရမှု (Transparency) ကို Settings > General > Accessibility > Increase Contrast မှာ လျော့ချပါ။

ပြဿ     နာ: Text Message ပို့မရခြင်း
သုံးစွဲံသူ အနည်းငယ် ကြုံတွေ့နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ iOS 7 သို့ ပြောင်းလဲပြီးမှ ဖြစ်တာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) မိမိရဲ့ Text Message အား ဖိနှိပ်ပြီး “Send as text message.” ပေါ်လာသည့်အခါ ရွေးချယ်ပြီး နှိပ်လိုက်ပါ။၂) ဒီပြဿနာဟာ iMessage မှာ ဖြစ်နေတယ် ဆိုရင်တာ့ iOS 7 က SMS ပေးပို့မှုစနစ်အား အလိုအလျောက် ပိတ်ထားတာ ဖြစ်နိုင်ပါတယ်။ Settings > Messages သို့သွားပြီး Send as SMS အား နှိပ်ပြီးဖွင့်လိုက်ပါ။၃) အထက်မှာ ဖော်ပြထားတဲ့ iMessage နဲ့ FaceTime ပြဿနာ ဖြေရှင်းနည်းအား စမ်းသပ်ကြည့်ပါ။
ဒီတစ်ခေါက်တော့ ဒီမျှပါပဲ။ လာမည့် ရက်တွေ၊ လတွေမှာ ထပ်မံကြုံတွေ့ လာရတဲ့ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း ထပ်မံဖော်ပြ ပေးသွားပါမယ်။ သင့်အနေနဲ့လည်း ဤစာရင်းမှာ မပါဝင်တဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းနိုင်ခဲ့တယ် ဆိုရင်လည်း အခြားစာဖတ်သူများထံ အောက်တွင်ဖော်ပြပြီး မျှဝေပေးပါလို့ တိုက်တွန်းလိုပါတယ်။

ref:http://mmconsumerguide.com

Wednesday, November 13, 2013

iOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်လုပ်နည်း

 
Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော "Background App Refresh" ကို "Disable" လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက "Disable" လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။


AirDrop ကို အသုံးမပြုသည့်အခါ "Off" ထားပါ။


"Automatic downloads" ကို "Off" ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။


"Brightness" ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ "Auto Brightness" On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။


"Notification Center" မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် "On" ထားပါ။


Mail setting ရှိ "Fetch New Data" တွင် "Push" ကို "Disable" လုပ်ထားပါ။


"Location Services" ကို မလိုအပ်ပါက "Off" ထားပါ။


iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> "Reduce Motion" ကို "Enable" လုပ်ပါ။


iOS 7 ရဲ့ Wallpaper မှာ "Dynamic" နဲ့ "Stills" ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။


Siri ၏ setting ရှိ "Raise to Speak" ကို "Disable" လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။


"Spotlight Search" တွင် ရှာဖွေရန် မလိုအပ်သည်များကို "Off" လုပ်ထားပေးပါ။


Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် "Vibrations" ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။

Cellular Data setting ရှိ "LTE" ကို "Off" ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။


General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။


"Limit Ad Tracking" ကို "Enable" လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable


အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။ 
 
Credit To : Moethagyar