-->
Sunday, October 27, 2013
online မှာ WinRAR Password ဖြေကြမယ်...
WinRAR Password ကို online ကနေပြီး ဖြေလို့ရပါတယ် တစ်ဆင့်ချင်းလုပ်ပြသွားပါ့မယ်.
အရင်ဆုံး ကိုယ် password ဖြေချင်တဲ့ file ကို .rar ကနေ .zip ကိုအရင်ပြောင်းပါ...
ပြောင်းပြီးသွားရင် ဥပမာ .. အရင်ကHuawei Network Unlock.rar ကနေ
Huawei Network Unlock.zip ဖြစ်သွားတာပေါ့... ။
အောက်က ဆိုက်ကိုသွားပါ....
Browse ကိုနှိပ်ပြီး ကိုယ်ပြောင်းထားတဲ့ Huawei Network Unlock.zip ကိုရွေးပေးပါ။
ပြီးရင် Convert file ကိုနှိပ်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်းတွေ့ရမယ်...
file size ပေါ်မူတည်ပြီး ခဏတော့စောင့်ရပါတယ် ပြီးသွားရင် အောက်ကပုံအတိုင်း download
ပေါ်လာရင် ဒေါင်းလိုက်ပါ။
 ဒေါင်းပြီးသွားရင် Password ရှိမရှိကို ကိုယ်တိုင်သာ ဖြေကြည့်ကြပါ...
ဖုန်းနဲ့ ပတ်သက်တဲ့ update တွေဖတ်ချင်ရင် ဒီနေရာမှာ Like လုပ်နိုင်ပါတယ်ခင်ဗျား။
အဓိပတိ
www.trtech-mm.com
Tuesday, October 22, 2013
Website (သို့) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်...
ဒီလိုတွက်ချက်တာကို Blog နဲ့ website ပိုင်ရှင်တွေ စိတ်ဝင်စားကြမှာပါ... မိမိတို့ရဲ့ Blog ဒါမှမဟုတ် website တွေ ဒေါ်လာငွေ ဘယ်လောက်တန်တယ်ဆိုတာ ဒီ http://domainvalue.congland.com/  ဆိုတဲ့ နေရာမှာ တွက်ချက်နိုင်ပါတယ်..နောက်ပိုင်း ဘိုင်ပြတ်လို့ Blog တွေWebsite တွေ ရောင်းချင်တယ်ဆိုရင်လည်း ဈေးနှုန်းသိရတာပေါ့ဗျာ..း-)
http://domainvalue.congland.com/ ကို ၀င်ပြီးရင် Box ထဲမှာ မိမိ Blog/website လိပ်စာကို ရိုက်ထည့်ပြီး Submit လုပ်... ၁၀ စက္ကန့်လောက်နေရင် ဈေးနှုန်းပေါ်လာလိမ့်မယ်... အခြားပေါ်ပြူလာဖြစ်နေတဲ့ blog/website တွေကိုလည်း ဒီအတိုင်းလေ့လာကြည့်နိုင်ပါတယ်... ဗဟုသုတပေါ့ဗျာ....
ref: >>  htwe naing & MM IT Sky
Tuesday, October 15, 2013
Apple News, Jailbreak News တွေကို up to date သိနိုင်ရန် ဆိုဒ်များ
iOS users တွေ အထူးသဖြင့် beginners တွေအတွက် Apple News, Jailbreak News တွေကို up to date သိနိုင်ဖို့ ကျနော်သိထားတဲ့ knowledge ကို share ပေးလိုက်ပါတယ်
iOS user တစ်ယောက်အနေနဲ့ Twitter acc တစ်ခုတော့ရှိဖို့လိုပါလိမ့်မယ် ဘာကြောင့်လည်းဆိုတော့ Jailbreak News အတွက်တိကျတဲ့ source က Twitter ကလွဲပြီးတစ်ခြားမရှိလို့ပါ ( နာမည်ကျော် iOS hackers တွေ bloggers တွေက သူတို့ရဲ့ iOS နဲ့ပတ်သက်ပြီး ရရှိလာတဲ့ achievements တွေ progress တွေကို Twitter ကနေပဲအများဆုံးကြေညာလို့ပါ သူတို့အချင်းချင်းလည်း Twitter ကနေပဲ contact လုပ်ကြပါတယ် )
နောက်တစ်ချက်ကတော့ iOS နဲ့ပတ်သက်တဲ့ websites တွေ blogs တွေကို ပုံမှန်နေ့စဉ် check out လုပ်ဖို့ပါ up to date အဖြစ်ဆုံး websites နဲ့ blogs တွေကို ဖော်ပြပေးလိုက်ပါတယ် (ကိုယ်တိုင်စုစည်းထားတာလေးတွေပါ)
List of Apple News Sites
===============
www.apple.com (official site)
www.redmondpie.com
www.iclarified.com
www.pandaapp.com
www.theverge.com
www.macrumours.com
www.imore.com
www.appadvice.com
www.appleinsider.com
www.macworld.com
www.gdeluxe.com
List of iOS apps and games download sites
==========================
www.iphonecake.com/appcake/
www.apps.su
www.appulo.us
www.iphoneapplist.net
List of IPSWs Download Sites
==================
www.felixbruns.de
www.getios.com
www.ipswdownloader.com
www.imzdl.com (beta iOS downloads)
www.betaio.so (beta iOS downloads)
List of Jailbreak News & Tools Sites
======================
www.iphone-dev.org (Redsnow)
www.idownloadblog.com
www.igeeksblog.com
www.ih8sn0w.com (iReb, Snowbreeze, iFaith)
www.evasi0n.com (Evasion)
www.greenpois0n.com (Greenpoison, Absinthe)
thefirmwareumbrella.blogspot.com (TinyUmbrella)
List of third-party softwares download sites
==========================
www.i-funbox.com (iFunbox)
www.itools.cn (iTools)
www.25pp.com (PP ipa downloader)
www.kuaiyong.com ( Kuaiyong ipa downloader)
www.tongbu.com ( Tongbu ipa downloader)
From:::: Thet Hmu Swe's Cydia Repo
Saturday, October 5, 2013
အကောင်းဆုံး YouTube URL Tricks ခြောက်ခု။
clip_image002
YouTube က Online Video Services တွေထဲမှာအကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ YouTube နဲ့ ပတ်သက်ပြီးတော့လည်း Tricks တွေများကြီးရှိပါတယ်။ဒီဆောင်းပါးမှာ URL Bar ကနေ YouTube ကို သင့်အလိုကျအသုံးပြုနိုင်မယ့် Tricks တွေကို ဖော်ပြလိုက်ပါတယ်။
YouTube Video တွေကို Repeat လုပ်ပြီးကြည့်ပါ။
clip_image004
ဥပမာ။  Youtube Video URL က ဒီလို ဆိုရင်
youtube.com/watch?v=kfVsfOSbJY0
အောက်မှာလို ပြောင်းပါ။
youtuberepeater.com/watch?v=kfVsfOSbJY0
Video ကို Download လုပ်ပါ။
clip_image006
မူလ URL
youtube.com/watch?v=Sagg08DrO5U
ကို ဒီလို ပြောင်းပါ။
pwnyoutube.com/watch?v=Sagg08DrO5U
ကြည့်လို့ မရတဲ့ Video တွေကို ကြည့်ပါ။
clip_image008
YouTube မှာ နိုင်ငံကန့် သတ်ချက်နဲ့ ပိတ်ထားတဲ့ Video တွေ ရှိပါတယ်။အဲဒီ Video ကိုကြည့်ချင်ရင် မူလ URL
watch?v=IEIWdEDFlQY
ကို ဒီလို ပြောင်းပေးပါ။
/v/IEIWdEDFlQY
အချိန် တစ်ခုသတ်မှတ်ပြီး ကျော်ကြည့်ပါ။
clip_image010
မူလ URL ကို
youtube.com/watch?v=9R6Ibz31DtE
ကဒီလို ဖြစ်သွားပါမယ်။စက္ကန့် ကိုပြင်ပြီးသတ်မှတ်နိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=114
မီနစ်၊စက္ကန့်  နဲ့ သတ်မှတ်ချင်ရင် ဒီလို ပြောင်းနိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=1m30s
Related Videos တွေကို Disable လုပ်ပါ။
clip_image012
YouTube မှာ Video  တစ်ခု ကိုကြည့်ပြီးတိုင်း Related Videos တွေကို Video Player မှာပြပေးပါတယ်။အဲဒီ Related Video တွေကို မတွေ့ ချင်ရင် Video Player အောက်က Embed က Code တွေ ရဲ့ URL နောက်ဆုံးမှာ “?rel=0”  ကိုဖြည့်ပေးပါ။
မူလ Code ကို
src="//www.youtube.com/embed/T0-2lzA7_Cg"
ဒီလိုပြောင်းပေးပါ။
src="//www.youtube.com/embed/T0-2lzA7_Cg?rel=0"
ဒီနည်းကတော့ URL လင့်အနေနဲ့  Address Bar မှာကြည့်လို့ ရမှာမဟုတ်ပါဘူး။ Website,Blog မှာ Video ကို Embed လုပ်တဲ့အခါမှာသုံးရမှာပါ။
Video ရဲ့  30% ကို ကျော်ကြည့်ပါ။
clip_image014
မူလ URL
youtube.com/watch?v=c0KYU2j0TM4
ကဒီလို ဖြစ်သွားပါမယ်။
youtube.com/watch?v=c0KYU2j0TM4&wadsworth=1
စာဖတ်သူမှတ်ထားရမှာက ဒီ Tricks တွေက Official Google Features တွေ မဟုတ်ပါဘူး။အဲဒီအတွက်အခု အသုံးပြုလို့ ရနေပေမယ့် နောင်တစ်ချိန်မှာတော့ သုံးလို့ ရချင်မှရမှာပါ။
Myanmar ICT မှာ ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Saturday, September 28, 2013
Programmer ဖြစ်ရန် အွန်လိုင်းမှာ အလွယ်တကူ လေ့လာလို့ရတဲ့ ဝဘ်ဆိုဒ်
www.codeacademy.com
Code Academy နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက လက်ရှိ ကမ္ဘာပေးမှာ လူသုံးအများအဆုံး Code Learning Website များထဲမှ တစ်ခု ဖြစ်ပါတယ်။ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်မှာပါ။
Basic html က စလို့ ပရော်ဖက်ရှင် coder တစ်ယောက် ဖြစ်ဖို့အတွက် သင်ခန်းစာ အားလုံး အပြည့်အစုံ ရှိပါတယ်။ အခမဲ့ သင်ကြားရေး ဝဘ်ဆိုဒ်ပါ။ Home Page မှာ ရေးထားတဲ့စာတွေကို အသေအချာဖတ်ဖို့ လိုအပ် ပါတယ်။ calculation, time and Date တွေလောက် အလွယ်တကူ ရိုက်ထည့်ပြီးရင် site ရဲ့  Learning Portal ထဲကို ဝင်လို့ ရပါပြီ။ ပထမဆုံး ပေးမယ့် သင်ခန်းစာက Basic html ပါ။ html လောက်နဲ့ Web page တစ်ခုရေးနိုင်သွားရင် Certificate ကို အီးမေးလ်လှမ်းပို့ ပေးပါတယ်။ နောက်ပိုင်းသင်ခန်းစာ များမှာ CSS လည်းပါဝင်လာပါမယ်။
ပရိုဂမ်မာ ဖြစ်ချင်စိတ် ရှိပြီး လုံးဝ အခြေခံမရှိတဲ့သူများလည်း သင်ကြားလေ့လာနိုင်ပါတယ်။ အခြေခံကျတဲ့ စာသားများနဲ့ပဲ ဖော်ပြထားပါတယ်။ လက်တွေ့စမ်းသပ်လို့ရမယ့် Casing တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ လူတိုင်း Coding တတ်ဖို့အတွက် Code Academy ဟာ အကောင်းဆုံး ဝဘ်ဆိုဒ်လေးမို့ မိတ်ဆက် မျှဝေ ပေးလိုက် ရပါတယ်။
www.codeacademy.com
အောင်ခမ်း ( TSJ Team )
Tuesday, September 24, 2013
https:// ပါတဲ့ website တွေ ဖွင့်မရရင်
ကျွန်တော်တို့ Web Address တွေကို ဖွင့်ကြတဲ့အခါ http:// တွေက အများဆုံးတွေ့ရမှာဖြစ်ပြီး https:// ကိုတော့ လုံခြုံရေးအထူးအဆင့်မြင့် Site တွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်.. ဥပမာအားဖြင့် Gmail ကိုဖွင့်ရင် https://mail.google.com လို့ တွေ့ရမှာဖြစ်ပါတယ်.. ဒီလို လုံခြုံရေးသတ်မှတ်ထားတာကို SSL (Secure Sockets Layer) စနစ်သုံးထားတယ်လို့ ခေါ်ပါတယ်.. ဒီလို Site မျိုးကို တစ်ချို့ ဖွင့်မရတဲ့ ပြဿနာ တွေ့ရတတ်ပါတယ်.. ဒီပြဿနာ ကြုံလို့ မေးထားတဲ့သူလည်း ရှိပါတယ်.. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..
Mozilla Firefox
1. Mozilla Firefox ရဲ့ Address Bar မှာ about:config လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. "This might void your warranty!" ဆိုပြီး ဘောက်တစ်ခု ကျလာပါမယ်.. မကြောက်ပါနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Firefox အတွက် Warranty ဆိုတာ ကြားတောင် မကြားဖူးပါဘူး.. I'll be careful, I promise ! ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ..
2. ကျလာတဲ့ဘောက်ထဲက search Box ထဲမှာ security.enable ဆိုတာကိုနှိပ်လိုက်ပါ.. စာကြောင်း (၂)ကြောင်း ပေါ်လာပါမယ်.. အဲဒီ စာကြောင်းတွေရဲ့ ညာဘက်မှာ True , False တစ်ခုခု ပေါ်နေပါတယ်.. စာတစ်ကြောင်းချင်းကို Double Click ခေါက်ပြီး True ဆိုရင် False ဖြစ်အောင်၊ False ဆိုရင် true ဖြစ်အောင် လုပ်ပေးလိုက်ပါ..
3. Mozilla Firefox ရဲ့ Menu bar ပေါ်က Tools>Option ကိုနှိပ်ပါ.. ကျလာတဲ့ဘောက်ရဲ့ ပေါ်တန်းမှာ Privacy ကိုနှိပ်. ပြီးရင် clear your recent history နဲ့ remove individual cookies နှစ်ခုလုံးကို နှိပ်ပြီး History နဲ့ Cookies တွေကို ရှင်းလိုက်ပါ..
4. Browser ကို ပိတ်ပြီးမှ ပြန်ဖွင့်ပါ.. 
Internet Explorer
1. Menu Bar ထဲက Tools> Internet Option ကိုနှိပ်ပါ..
2. ကျလာတဲ့ Option Box မှာ အပေါ်တန်းက Security ကိုနှိပ်ပါ.. အထဲမှာ အမှန်ခြစ် အမှတ်အသား အစိမ်းရောင်နဲ့ Trusted sites ကိုနှိပ်ပါ.. အောက်နားမှာ Reset all zones to default level ကိုနှိပ်ပြီး Apply ကိုနှိပ်ပါ..
3. Content ဆိုတာကိုနှိပ်. ပြီးရင် အထဲမှာ Clear SSL state ကိုနှိပ်လိုက်ပါ.. The SSL cache was successfully cleared. ဆိုတာပေါ်လာပါမယ်.. OK နှိပ်လိုက်ပါ..
4 . ပြီးရင် အပေါ်တန်းမှာ Advanced ကိုနှိပ်ပါ.. အထဲမှာ Use SSL 2.0 နဲ့ Use SSL 3.0 နှစ်ခုလုံးကို အမှန်ခြစ်လိုက်ပြီး OK ကိုနှိပ်ပါ..
4. တကယ်လို့ အဲဒါနဲ့ အဆင်မပြေရင် Restore advanced settings ကိုပဲဖြစ်ဖြစ် Reset ကိုပဲဖြစ်ဖြစ် နှိပ်ပြီး Apply ကိုနှိပ်လိုက်ပါ.. OK ကိုနှိပ်ပါ..
5. Browser ကိုပိတ်ပြီး ပြန်ဖွင့်ပါ..
ဒါဆိုရင်တော့ SSL Security သုံးထားတဲ့ https:// လိပ်စာတွေကို ဖွင့်လို့ရပြီလို့ထင်ပါတယ်..
အဆင်ပြေပါစေ..
Sunday, September 15, 2013
Gmail စာတစ်ခုကို အချိန်နဲ့သတ်မှတ်ပြီးပို့စေလိုလျှင်
မင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့်သူငယ်ချင်းမနက်ဖြန်မွေးနေ့ကို Gmail နဲ့ မနက်အတိအကျပို့ချင်တယ် ဒါပေမယ့် သင်က မအားဘူးဆိုရင် အချိန်အလိုအလျောက်ပို့ပေးမှာပါ။
http://pyae-phyo.blogspot.com
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က
ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။
Install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။ allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။
http://pyae-phyo.blogspot.com
အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း Send Later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။
ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ် Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။
အဆင်ပြေပါစေ။ သူက ကန့်သတ်ချက်ရှိလို့ သတိထားသုံးစေလိုပါတယ်။ လေးစားစွာဖြင့်
Gmail ကိုလာတဲ့မေးလ်တွေကို Auto Reply လုပ်တဲ့နည်းကိုကြည့်ရန်နှိပ်ပါ
credit >> YGNBlogger
အဆင်ပြေပါစေ..
Saturday, September 14, 2013
Gmail ကိုလာတဲ့မေးလ်တွေကို Auto Reply လုပ်မယ်
ကိုယ်ကအလုပ်ရှုပ်နေတာတို့တခြားအကြောင်းကြောင့်
ဝင်လာတဲ့မေးလ်တွေကိုပြန်မဖြေမိတာတွေရှိပါလိမ့်မယ့်။
ဒီပြသာနာကိုဖြေရှင်းဖို့ သတိမထားမိတဲ့ gmail tool တစ်ခုဖြစ်တဲ့
vacation responder ဆိုတာလေးကိုအသုံးပြုနိုင်ပါတယ်။Vacation responder
How To Convert a Image To Text Format Online
ကျနော်တို့ပုံထဲကစာတွေကများနေရင်ကွန်ပြုတာထဲရိုက်ထည့်တဲ့အခါ
လက်ကွက်နှေးတဲ့သူတွေအတွက်အချိန်အရမ်းပေးရပါတယ်၊
လက်ကွက်မြန်တဲ့သူတွေအတွက်ကတော့ပြသာနာမရှိပါ။
Saturday, September 7, 2013
Firefox PlugIn ကိုသုံးပြီး မိမိရဲ့ မူရင်း IP Address ကိုဖျောက်မယ်
မင်္ဂလာပါသင်ဟာတစ်ကယ်ပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ကျော်ရခွရတဲ့အရသာကိုကြိုက်တဲ့သူတစ်ယောက်လား
သင်သုံးနေတဲ့ Firefox ကနေ anonymoX 2.0.2 နဲ့ HMA! IP Checker 1.5.1 ဆိုတဲ့ 
Add-on လေးနှစ်ခုသာပစ်ထည့်ထားလိုက်ပါ သင့်ရဲ့ မူရင်း IP ကိုလည်း Trace 
လိုက်ဖို့မလွယ်သလို ကျော်ချင်ခွချင်တဲ့ Access Denied ဖြစ်နေတဲ့ 
Site တွေကိုလည်း.. ပုဆိုးကတောင်းကျိုက်နည်းလေးနဲ့ကျော်သွားလို့ရပါတယ် .. :) 
ကဲ..အောက်မှာပေးထားတဲ့ Link နှစ်ခုကို Install လုပ်..Firefox ကို Restart ပီး
ပြန်တက်လာတာနဲ့  အော်တို IP Hide ပီးသားလည်းဖြစ်..ကျော်လို့ခွလို့လဲရသွားပါလိမ့်မယ်.
စမ်းကြည့်ပါခင်မျ :)
AnonymoX 2.0.2 => Install
HMA! IP Checker 1.5.1
Wednesday, September 4, 2013
Chrome ရဲ့  Extension တွေကို Manage လုပ်ပေးမယ့် SimpleExtManager
Extension တွေကိုရှာဖွေ ဖို့  Search Box လည်းပါရှိပါတယ်။Search Box ဘေးက Disable All ကိုနှိပ်ပြီး Extension အားလုံးကို Disable လုပ်နိုင်ပါတယ်။ SimpleExtManager ရဲ့ Options မှာ Extension တွေကို Group တွေ ခွဲခြားထားနိုင်ပါတယ်။ Groups တွေ ကို Groups Tab မှာတွေ့ မြင်နိုင်ပြီး Group အလိုက် Enable/Disable  လုပ်နိုင်ပါတယ်။အဆင်ပြေပါစေ..
Friday, August 30, 2013
Top 10 Global websites (နာမည်အကြီးဆုံး ၀ဘ်ဆိုဒ် ၁၀ခု) in 2013
http://portnoise.wpengine.netdna-cdn.com/wp-content/uploads/2013/02/TopWebsites.png
မင်္ဂလာပါ။ကျနော် HARRIS မှကြိုဆိုပါတယ်။ကျွန်တော်လည်း ခုလူတွေအားလုံးသိအောင် ၂၀၁၃ မှာ နာမည်ကြီး ၀ဘ်ဆိုဒ် ၁၀ခု ကိုပြဦးပါမယ်ဗျာ။ Screenshot နှင့်တကွကြည့်ပါ။ အားလုံးသိအောင်လည်း ဝေမျှလိုက်ဦးနော်။ ထိပ်ဆုံးက တင်ထားတဲ့ဆိုဒ်က နာမည်အကျော်ကြားဆုံးပေါ့။ ကဲ လေ့လာကြစို့။
http://www.google.com 
ခုလူတိုင်း မရှိမဖြစ်သုံးနေတဲ့ အင်တာနက်သွေးကြော Google Search Engine ပါ။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတိုင်းလိုလိုအသုံးများပါတယ်။
http://www.facebook.com 
Facebook ဆိုတာက အလွယ်တကူလူမှုကွန်ယက်တစ်ခုပါ။ ၂၀၀၄ မှ စတင်တည်ထောင်တာဖြစ်ပြီး Mark Zuckerberg မှ တည်ထောင်ထားတာဖြစ်ပါတယ်။ သူက ဒုတိယ နာမည်ကျော် ၀ဘ်ဆိုဒ်အဖြစ်တည်ရှိနေဆဲပါ။ Facebook ကိုကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း အသုံးပြုပါတယ်။
http://www.youtube.com 
၂၀၁၁ ကစပြီး မြန်မာနိုင်ငံကစပြီး YouTube တို့ကို Access Denied အဖြစ်မှ လွှတ်ငြိမ်းခွင့်ပေးခဲ့ပါပြီ။ ခုလူတိုင်းလည်း Tutorials | Game cheats | MTV | Series | Film စသဖြင့် ပါသော ဗွီဒီယိုများ အလွယ်တကူတင်ခွင့်နှင့် ကြည့်ခွင့်များရှိပါတယ်။ YouTube က Google ရဲ့ အမျိုးစုထဲမှာ ပါပါတယ်။
http://www.yahoo.com 
Yahoo! ကို ထောင်တာ ၂၁ နှစ်ကျော်ခဲ့ပါပြီ။ Google မစမီကတည်းက သူက နာမည်ကြီးနေခဲ့တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအရမ်းအသုံးနည်းပါတယ်။ ဒါပေမယ့် Yahoo! ကနာမည်ကြီး စတုတ္တ၀ဘ်ဆိုဒ်နေရာမှာ တည်ရှိနေဆဲပါ။
http://www.baidu.com
တရုတ်လူမျိုးတွေရဲ့ အင်တာနက်ရှာဖွေရေးသွေးကြောတစ်ခုဖြစ်တဲ့ Baidu Search Engine ပါ။ တရုတ်ဟန်းဆက် (Android version) တွေရဲ့ Browser တွေမှာလည်း Baidu Search Engine ပါပါတယ်ဗျာ။ Baidu ဆိုတဲ့နာမည်က ဘီစီ ၈၀၀ ကတည်းက သုံးခဲ့တာ ခုထက်ထိ နာမည်လှလှလေးဖြစ်နေဆဲပါ။
http://www.wikipedia.org
Wikipedia က စာပေ၊ သမိုင်း၊ ပထ၀ီ အစုံစုံလေ့လာလို့ရပါတယ်။ နိုင်ငံတိုင်းလိုလိုဝင်ကြည့်ပြီး Project အဖြစ် လုပ်တယ်။ ဝေမျှကြတယ်လေ။ ဘာသာမျိုးစုံနှင့်လည်း သင်လိုရာကိုဖတ်နိုင်ပါပြီ။
http://www.qq.com
QQ က တရုတ်လူမျိုးရဲ့ အင်တာနက်သွေးကြောနောက်တစ်နေရာမှာပဲဗျာ။ Yahoo! ရဲ့ပုံစံအသွင်ကိုခိုးယူထားတဲ့ QQ တရုတ်ထုတ်ပါ။ Search Engine ဆိုပေမယ့် တရုတ်လိုနားလည်သူတွေပဲ သုံးကြပါတယ်။
http://www.linkedin.com
ဆက်သွယ်ဖို့ကွန်ယက်တစ်ခုပါ။ လင့်တွေပါတွေ share လို့ရပါတယ်။ မြန်မာနိုင်ငံမှာအသုံးနည်းပါတယ်။
http://www.amazon.com
အွန်လိုင်းမှာအလွယ်တကူ သင်လိုချင်ရာ ၀ယ်နိုင်မယ့် Online ဈေးကွက်ပါ။
http://www.live.com
MSN  အကောင့်ကိုဝင်ရမယ့်နေရာပါ။ ပြီးတော့ သူက Microsoft ရဲ့ဆွေမျိုးတော်တွေပါ။
Sunday, August 25, 2013
ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************
Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။
ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။
ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။
flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။
ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 
ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 
ပျော်ရွှင်ပါစေဗျာ။
Credit to Mr.AD
Friday, August 23, 2013
Youtube မှာ သီချင်း-ဗီဒီယို တင်ကြမယ်.. တင်ပြီးသားသီချင်းတွေဘယ်လိုဖျက်ရမလဲဆိုတာ ပုံနှင့်တကွရှင်းပြ
သူငယ်ချင်းတစ်ယောက်ကမေးလာလို့ ယူတုစ်မှာဘယ်လိုသီချင်းတွေဗီဒီယိုတွေ
တင်လည်းသိရင်ပြောပြပါဆိုလို့ ...ဘယ်လိုတင်ရမလဲဆိုတာပုံနှင့်တကွရှင်းပြထားပါတယ်..
စိတ်ဝင်စားသူများ ပုံလေးတွေကြည့်ရင်း လိုက်လုပ်ကြရအောင်....မမြင်ရလျှင်ပုံကိုကလစ်ပြီးကြည့်ပါ။    
ပထမဆုံး...
တင်ပြီးသွားပြီဆိုတော့..... ကိုယ်မကြိုက်တဲ့ ကားကိုပြန်ဖျက်မယ်ဆိုရင်..အောက်မှာတဆင့်ချင်း
ထပ်ပြီးလုပ်ကြည့်တာပေါ့....
  ကဲ..အားလုံး အိုကေမယ်လို့ထင်ပါတယ်