-->

Friday, December 6, 2013

သင့် android ဖုန်းကို သင့်ကွန်ပျူတာ ဒါမှမဟုတ် တစ်ခြား device တစ်ခုခုကနေ ထိန်းချုပ်နည်း



သင့် ဖုန်းဟာ google account ၀င်ထားပြီး google play ၀င်ရတယ်ဆိုရင်
သင့်ဖုန်းကို သင့်ကွန်ပျူတာ ဒါမှမဟုတ် တစ်ခြား device တစ်ခုခုကနေ ထိန်းချုပ်လို့ရပါတယ်
browser တစ်ခုခုကနေ အောက်ပါလင့်ကိုသွားလိုက်ပါ
https://www.google.com/android/devicemanager
  • သင့်ဖုန်းထဲဝင်ထားတဲ့ google account နဲ့sign in ၀င်လိုက်ပါ ပုံပါအတိုင်းတွေ့ရပါလိမ့်မယ် …
  • သင့်ဖုန်းတည်နေရာသိချင်ရင် location ပုံလေးနှိပ်ပါ
  • Ring ကတော့ သင့်ဖုန်းမှာ အသံလာမြည်စေဖို့ပါ
  • Lock ချလို့ရပါမယ်…
  • SD ကတ်ဖျက်ပြစ်လို့ ရပါမယ်..
ညဏ်ရှိသလို သုံနိုင်ပါတယ် Google ရဲ့ service တစ်ခုပေါ့ဗျာ…မသိသေးသူတွေအတွက် ရည်ရွယ်တာပါ..
Shared by: Bagyi Phyo (Myanmar Mobile Users Group)

Tuesday, November 26, 2013

Vroot တရုတ် SuperUser ကို အင်္ဂလိပ် SuperSU နဲ့ အစားထိုးနည်း


VRoot နဲ့ Root ထားတဲ့ ဖုန်းတွေမှာ SuperUser က တရုတ် SuperUser ဖြစ်ပါတယ်.. အဲဒါကိုမလိုချင်ဘူး. အစားထိုးလို့မရဘူးလား မေးလာသူတွေအတွက် ဒီပို့စ်ကို တင်ဖြစ်တာပါ..
ကျွန်တော် ဒီပို့စ်ကို တင်ချိန်မှာ မစမ်းရသေးပါဘူး.. မိတ်ဆွေများ မိမိသဘောအလျောက် ပြုလုပ်နိုင်ပါတယ်..
1. အောက်ကလင့်မှာ ဖိုင် နှစ်မျိုး ဒေါင်းရပါမယ်..

  1. Download Terminal emulator app : Link 1 or Link 2
  2. Download SuperSu Files.zip : Link 1 or Link 2
2. ရလာပြီဆိုရင်တော့ Terminal emulator.app ကိုအရင် Installer လုပ်ထားပါ..

3. နံပတ်(၂)က ဒေါင်းလာတဲ့ zip ကိုဖြည်ထုတ်လိုက်ရင် mrw ဆိုတဲ့ Folder တစ်ခုထွက်လာပါမယ်.. ဖိုင် (၅) ဖိုင်ပါပါတယ်.. အဲဒီ mrw ဆိုတဲ့ Folder တစ်ခုလုံးကို ဖုန်းရဲ့ Internal SD ထဲကို ထည့်လိုက်ပါ.

4. ခုနက Install လုပ်ထားတဲ့ Terminal emulator.app ကို Run လိုက်ပါ.. SuperUser Request တောင်းလာရင် ခွင့်ပြုလိုက်ပါအုံး.. ပြီးရင် Terminal emulator ထဲမှာ အောက်ကစာသားကိုရိုက်လိုက်ပါ..


# Su

Superuser က Permission တောင်းလာရင် ခွင့်ပြုလိုက်ပါအုံး.
ပြီးရင် အောက်ကစာသားကို ထပ်ရိုက်ပါ..

# sh /sdcard/mrw/root.sh 

ဒါဆိုရင် ပြီးသွားပါပြီ.. ဖုန်းကို Restart ချလိုက်ပါ. ပြန်တက်လာရင် အင်္ဂလိပ် SuperSu မြင်ရပါမယ်..

Notes :
  • The extracted folder must be in /Phone/ or you will need to change cmd.
  • It won't delete your apps or files, but I recommend to backup your important data first, just in case of this process corrupt your data.
  • I have tested it on my galaxy S4 GT-I9505, it must work for galaxy note3 and all devices.
  • Use it at your own risk.
  • Please let me know the model of your device, if it worked for you
စာရေးသူကတော့ galaxy S4 GT-I9505 မှာ စမ်းသပ်အောင်မြင်ထားပြီး S3 တွေမှာလည်း ရတယ်လို့ရေးထားပါတယ်..

မိတ်ဆွေအဆင်ပြေခဲ့ရင် ဘယ်ဖုန်းအမျိုးအစား၊ Model, Android Version မှာ အောင်မြင်တယ်ဆိုတာကို Comment ပေးခဲ့စေချင်ပါတယ်..

သတိ = ဒီလုပ်ဆောင်ချက်အားလုံး ကျွန်တော် တစ်ခုမှ မစမ်းရသေးပါ.. မိတ်ဆွေများ စမ်းသပ်ဖို့ တင်ပေးလိုက်တာသာဖြစ်ပါတယ်..

Warning : Use it at your own risk.

Credit to : w0lfdroid & Ko Maung Pauk

Friday, November 8, 2013

Android Version 4.3 သမားများ မြန်မာစာ မမှန်ခြင်းကို ZawgyiGhost.ttf ဖြေရှင်းနည်း


ဇော်ဂျီသရဲဖောင့်လေးပါ ပန့်ပန့်အော်တာမှကြိုက်တဲ့ ကိုကိုမမများအတွက် Zawgyi Ghost . ttf ဖိုင်လေး လက်ကမြင်းလိုက်တာပါ ။ လိုချင်သူများ အောက်မှာဒေါင်းယူပါ ။Android V4.3 တွေရဲ့ ဖုန်းမှာပါဝင်လာတဲ့ Browser နှစ်ခုမှာ ( -ျ ) ( -ု ) ( -ူ ) တွေ အထဲကိုဝင်နေတဲ့ပြသနာကို ဖြေရှင်းထားပါတယ် ။ စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ် ။ဖောင့်ပြောင်းနည်းကိုတော့ နားလည်ကြမယ်ထင်ပါတယ် ။ မသိသေးတဲ့သူများအတွက်ကတော့ အားတဲ့အခါ ဖောင့်ပြောင်းနည်း ပို့စ်တင်ပေးပါ့မယ် ။ttf ဖိုင်သည် Root Explorer ဆော့ဝဲကနေ သွင်းရမှာဖြစ်တဲ့အတွက် Root ရှိထားတဲ့ဖုန်းများသာထည့်သွင်းနိုင်ပါတယ် ။


Root မလိုပဲ Display >> Font style ထဲကနေပြောင်းနိုင်တဲ့ Apk ကိုလုပ်ပေးတဲ့သူရှိတဲ့အခါ ပို့စ်မှာထပ်ဖြည့်ပေးသွားပါမယ် ။


အဆင်ပြေပါစေ..

Credit to :Maung Pauk

Friday, November 1, 2013

Google Play Store ကိုကျော်ခွဝင်ပြီး အလွယ်တကူ download ဆွဲနိုင်ရန်အတွက် (100% working)


Google play store ကိုဝင်တဲ့ အခါမှာ This item isn't available in your country  ဆိုပြီးဝင်မရဖြစ်နေပါသလား? အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ်  ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်
ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ပိုပြီးသိချင်ရင်တော့ အောက်ပါ အတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။

Market Unlocker v3.3.3 APK (ဒေါင်းလုတ်ဆွဲရန်)


Download => Link 1 / Link 2 / Link 3

TunnelBear APK (ဒေါင်းလုတ်ဆွဲရန်)


Download => Link 1 / Link 2 / Link 3


အထက်ပါနှစ်ခုကို ဒေါင်းလုတ်ဆွဲပြီးရင် အောက်ပါ ebook (စာအုပ်) ကိုဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

အသုံးပြုနည်း (ဒေါင်းလုတ်ဆွဲရန်)


Download => Link 1 / Link 2 / Link 3

Wednesday, October 30, 2013

Huawei C8813 Downgrade!


မိတ်ဆွေတို့ရေအခုတင်မှာကတော့ Huawei C8813 ကို Downgrade ဆင်းနည်းလေးဖြစ်ပါတယ်သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါဗျာ..
လိုအပ်သူများအောက်ကလင့်မှာဒေါင်းလိုက်ပါပြီးရင်တော့

  1. ဒေါင်းလို့ရလာတဲ့ zip file လေးကိုဖြည်လိုက်ပါ...ဖြည်လိုက်ရင် update.app လေးရလာပါလိမ့်မယ် 
  2. အဲဒီကောင်လေးကို folder လေးဆောက်ပါဆောက်ပြီးရင်အဲဒီ folder လေးကို dload လို့နံမည်ပေးလိုက်ပါ
  3. အဲဒီကောင်လေးကို firmware တင်သလိုpower+Volume up+Volume down တွဲပြီးနှိပ်လိုက်ပါ
  4. ပြီးမှ Downgrade ဆင်းပါဗျာ...မဟုတ်ရင်တော့ update fail ပြလိမ့်မယ်နော်..
ဒေါင်းလိုက်ကြတော့နော်.....



Credit To : Aung Koe

Friday, October 25, 2013

Android ဖုန်း/Tablet တွေပေါ်မှာ PSP ဂိမ်းတွေဆော့မယ်

ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့……နော့ :D ။တကယ်ဆော့လို့ ရတယ်နော်။ကိုယ့်ဖုန်းရဲ့  ROM ပေါ်မူတည်ပီး အနှေးနဲ့ အမြန်ဆော့လို့ ရပါတယ်။S2 နဲ့ တော့စမ်းပီးပီ။အိုကေတယ်။PSP ဂိမ်းဆော့ဖ်ဝဲ တွေကိုတော့မတင်ပေးတော့ဘူးနော်။ဆိုဒ်ကြီးတွေက အယ်စတုန်ကြီးတွေမလို့ ။SD card ဆိုဒ်ကြီးကြီးသာပြေးဝယ်ထားလိုက်တော့။အပြင်က ဆော့ဖ်ဝဲခွေ တွေရောင်းတဲ့
ဆိုင်တွေမှာ လည်းဝယ်လို့ ရပါတယ်။မဝယ်ချင်ဘူး ဆော့ဖ်ဝဲတွေကို ကိုယ်တိုင် ဒေါင်း
ချင်ရင်လည်းအောက်ဆုံးမှာ လိပ်စာထည့်ပေးထားပါတယ်။နောက်ဆုံးပေါ် Android ဖုန်း/Tablet
တွေနဲ့ ဆို ပိုဆော့လို့ ကောင်းမှာ။apk version ကတော့ ကြိုက်တာဒေါင်းပါ။တူတူ
ပါပဲ။Gold ဆိုတာက ရွှေရောင်လေးနဲ့ ဖြစ်သွားတာပါ။ရိုးရိုး normal ကတော့ရိုးရိုးလေးပေါ့။

Apk Gold version ဒေါင်းရန်(Copy)
                  (Or)
Apk_normal version ဒေါင်းရန်(Box)
                  (Or)
Apk_normal version ဒေါင်းရန်(Dropbox)

သုံးပုံသုံးနည်းလေးပြောပြမယ်နော်။ပေးထားတဲ့လိပ်စာကနေ apk ဒေါင်းပီးရင် ဖုန်းမှာသွင်းလိုက်ပါ။
ပီးရင်အဲ့ကောင်ကိုဖွင့်ကြည့်လိုက်။ပုံမှာပြထားတဲ့အတိုင်း Games ထဲကိုဝင်လိုက်ပါ။PSP ဂိမ်းဆော့ဖ်ဝဲတွေ
မထည့်ရသေးတဲ့ သင့်ဖုန်းကတော့ဘာမှတွေ့ ဦးမှာမဟုတ်ဘူး။ပုံမှာက ကျွန်တော်စက်ထဲမှာ ဂိမ်းထည့်ထားလို့ မြင်ရတာပါ။


PSP ဂိမ်းဆော့ဖ်ဝဲ များထည့်နည်း

သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။
SD ကပ်ထဲမှာ PSP Game ဆိုပီး folder ဆောက်လိုက်ပါ။ဒေါင်းထားတဲ့ PSP ဂိမ်းဆော့ဖ်ဝဲ
မှန်သမျှကိုအဲ့ folder ထဲ ထည့်လိုက်ပါ။

ဖုန်းထဲပြန် ၀င်ပီး PPSSPP ဆိုတဲ့ apk လေးကိုဖွင့်လိုက်ပါ။ Home ဆိုတာကိုနှိပ်လိုက်ပါ။

 
ပုံမှာပြထားတဲ့အတိုင်း အပြောက်လေးတွေနဲ့ အကွက်ကိုနှိပ်လိုက်ပါ။


ပီးရင် extSdCard ထဲဝင်ပီး သင်ခုနက တည်ဆောက်ခဲ့တဲ့ PSP Game folder ထဲကိုဝင်လိုက်ပါ။အဲ့ထဲမှာ သင်ထည့်ထားတဲ့ PSP ဂိမ်း တွေ တွေ့ ရပါလိမ့်မယ်။ကြိုက်တဲ့ဂိမ်းနှိပ်ပီးဆော့ပေတော့။အဆင်ပြေပါစေ။







မိမိစိတ်ကြိုက် PSP ဂိမ်းဆော့ဖ်ဝဲများဒေါင်းရန်

**သတိ**** PSP ဂိမ်းရဲ့  file extension က ISO နဲ့  CSO ပါ။
အောက်ကပုံကတော့ PSP ရဲ့ file extension တွေပါ။ ISO extension အမျိုးအစားကလည်း WinRar နဲ့ လာတာပါ။ဒေါင်းလို့ ရလာတဲ့ဖိုင်တွေက Rar နဲ့  Zip ဖိုင်တွေဆိုရင် ISO နဲ့  CSO extension တွေရောက်တဲ့အထိ ဖြည်လိုက်ပါ။****


Tuesday, October 8, 2013

Android ဖုန်းတွင် Dropbox 50 GB ရအောင်ပြုလုပ်နည်း

Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ DropBox Storage ဟာ ဝယ်မယ်ဆို ဈေးကြီးပါတယ်.. 100 Gb Storage ကို တစ်နှစ်စာ အမေရိကန်ဒေါ်လာ 100 တောင် ပေးးရပါတယ်.. မြန်မာငွေနဲ့ဆို ၁ သိန်းနီးပါးလေ..

DropBox ကို www.dropbox.com မှာ အကောင့်ဖောက်ရင်  2Gb ပဲ အလကားရတာပါ.. www.dropbox.com မှာ ဝင်ပြီး Account ဖောက်နိုင်သလို သူ့အတွက် PC Software နဲ့ Android အတွက်လည်းရှိပါတယ်။ Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင် Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။

ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။
ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။ ဒါကိုinstall လုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူး ( Root )ပြီးသားဖြစ်နေရပါမယ် ။မိမိဖုန်းမှာ Dropbox application ရှိပြီးသားဆိုရင် dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။

ပထမဆုံး အောက် မှာပေးထားတဲ့လင့်ကနေ ဖိုင်လေးဖိုင်ကိုဒေါင်းလိုက်ပါ ။ download link များမသေစေရန်နည်းသုံးနည်းနဲ့တင်ပေးထားပါတယ်။ 50G ပြုလုပ်၇န် မိမိနှစ်သက်ရာပုံစံ တမျိုးကိုသာ download ပြုလုပ်ပါ။အဆင်ပြေကြပါစေ။ပျော်ရွှင်ကြပါစေ။

လိုအပ်တဲ့ဖိုင်များ+pdf အားဒေါင်ရန်(.Zip) >> Link 1 / Link 2




1. ပထမဆုံး Root Explorer ကို Install လုပ်ပါ..
2. ပြီးရင် Root Explorer ကို ဖွင့်ပြီး  dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက
   app   folder ထဲကိုထည့်ပါ ။
3. ပြီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။
4. အဲဒါပြီးရင် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ 5. ပြီးရင် ဖုန်းကို Restart ချလိုက်ပါ ။
6. ဖုန်း restart ပြန်တက်လာရင် dropbox application ကိုဖွင့်လိုက်ပါ ၁၀ မိနစ်လောက်ကြာရင်တော့ 
   မိမိအကောင့်အီးမေးထဲကို 48GB Storage ရမည်ဖြစ်ကြောင်း Mail ၀င်လာပါလိမ့်မည် ။

( Get started မှတောင်းဆိုထားသော အချက် ၅ ချက်ကို ဖြည့်ပီးရင်တော့ 48GB ရရှိပီဖြစ်ကြောင်း    မေးဝင်လာပါလိမ့်မည် ။ အဲဒီ Get Started မှာတော့ ကိုယ့်ဟာကိုယ် ဖတ်ပြီး လုပ်ကြပေါ့.. မခဲယဉ်းပါဘူး.. အားလုံးပဲအဆင်ပြေပါစေ။ )

Ref : Min Soe Yar Sar

Tuesday, September 17, 2013

Huawei G-510 Stock recovery ပြန်တင်ခြင်း

 
ကျနော်ရဲ့ Huawei G-510 မှာ Custom recovery ကနေ Stock recovery ပြန်ပြောင်းသွင်းနည်းလေးတခု စမ်းသပ်အောင်မြင်ထားတာလေးပြန်လည်ဝေမျှမှုလေးပါ…။(အကို့Blog မှာ ဖော်ပြလို့ရရင်ဖော်ပြပေးပါခင်ဗျာ၊အမှားပါရင်ခွင့်လွှတ်ပေးပါ)

Huawei G-510 တလုံး custom recovery သွင်းထားတာ error တွေနဲ့ရောက်လာပါတယ်။ဒါနဲ့….ကျနော် အဲ့ဒါကို  stock recovery ပြန်သွင်းဖို့ကြိုးစားပါတယ်…။G-610 မှာ သွင်းသလို  Mobileuncle  Tool နဲ့လုပ်ကြည့်တယ် မရဘူး ခင်ဗျ..။Uni Flash Tool နဲ့စမ်းကြည့်တယ် ဒါလည်းမရဘူးဗျ….။ Custom recovery သွင်းတဲ့နည်းတချို့နဲ့ Custom recovery ချို့ကိုသွင်းကြည့်တယ်… မရဘူးခင်ဗျ…   နောက်တော့ custom recovery ထဲက TWRP 2.6 နဲ့သွင်းလိုက်တာ ရသွားတယ်…။ ဒါပေမယ့် အဲဒါက Touch recovery ဖြစ်နေပြီး G-510 မှာအလုပ်မလုပ်ပြန်ဘူးခင်ဗျ… (နဂို error )။ ဒါနဲ့ ကျနော် အဲ့ဒီ TWRP 2.6 ဖိုင်ထဲက နဂိုပါတဲ့ recovery.img ကိုဖျက်ပြီး G-510 ရဲ့ stock recovery ထဲက recovery.img ဖိုင်ကိုထည့်ပြီး သွင်းလိုက်ပါတယ်…။ ရသွားပါတယ်ခင်ဗျာ…Huawei G-510 ဟာ သူ့နဂို Stock recovery နဲ့ပြန်ပြီးအဆင်ပြေသွားပါတယ်…။ (TWRP custom recovery နဲ့ Stock recovery ကိုသီးသန့် Down ထားပါတယ်)။

TWRP ကိုသွင်းတဲ့နည်းက….

၁။ ဖုန်းပိတ်၊batt: ဖြုတ်၊ပြန်တပ်
၂။ Fastboot Mode (vol- + power key)၀င်
၃။ ဖုန်းနဲ့ကွန်ကို ချိတ်၊ Driver သိရင်
၎။ Down ထားတဲ့ TWRP ဖိုင်ကို zip ဖြည်၊အဲ့ထဲက install-Window ဆိုတဲ့ batch file လေးကို run
   ပြီး enter ခေါက်လိုက်ပါ…ဖုန်းက reboot ကျပြီးTWRP recovery ရသွားပါပြီ…။ Stock recovery ပြန်သွင်းမယ်ဆိုရင်…

၅။ အဆင့်(၃) အထိပြန်လုပ်ပြီး TWRP file ထဲက recovery.img ကိုဖျက်ပြီး G-510 ရဲ့ recovery.img ဖိုင်ကိုထည့်….ပြီးရင် အဆင့် (၄) အတိုင်းပြန်လုပ်ပါ…Stock recovery ရသွားပါမယ်…။

ဒီနည်းနဲ့ကျနော် Huawei G-510 ကို စမ်းသပ်တာအောင်မြင်ခဲ့ပါတယ်…။ သိပြီးသူတွေအတွက်ကတော့ဘာမှမဟုတ်ပေမယ့် မသိသေးသူတွေအတွက် လုပ်ရတာအဆင်ပြေအောင်ပြန်လည်မျှဝေပါတယ်…။Post ရေးတာ ခုမှပထမဆုံးမို့ လိုအပ်ချက်နဲ့အမှားတွေရှိနိုင်ပါတယ်…။ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးပြီးကျနော့်ရဲ့အားနည်းချက်ဖြစ်ကြောင်းဝန်ခံပါတယ်…။



Sunday, September 15, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)


 ကျွန်တော် ဘလော့ခရီးသည်မှာတွေ့လို့ ပြန်ရှဲပေးလိုက်ပါတယ်။


တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ


      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...




3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ


6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

Tuesday, August 27, 2013

Galaxy Note N7000 ကို Android 4.2.2 ParanoidAndroid Jelly Bean ROM တင်နည်း


Install Android 4.2.2 Jelly Bean Update on Galaxy Note N7000 with ParanoidAndroid 3.10 ROM
ကဲ ဒီတစ်ခါကတော့ Galaxy Note N7000 အတွက် 4.2.2 jelly လေးပါဗျာ .. ဘယ်လိုပြန်တင်ရမယ်ဆိုတာကတော့ အရင်တင်နေကြအတိုင်းပါဘဲ အရင်ဆုံး လိုတာကို Download ယူ
ပြီးရင် ZIP ကို ပြန်မဖြေဘဲနဲ့ SD ကဒ်ထဲကိုထည့်... ဖုန်းကို အရင်ဆုံး CWM တင် ပြီးရင်ဖုန်းကို Recover Mode ထဲကိုဝင် Wipe Data/Factory Reset ရယ် အရင်လုပ် ပြီးရင် Rom ကို Install လုပ်  Reboot System Now နဲ့ Reboot ပြန်တက် တူတူပါဘဲအောက်မှာဆက်လေ့လာကြည့်ပါဗျာ အားလုံးအဆင်ပြေကြပါစေနော်..
Install Android 4.2.2 Jelly Bean Update on Galaxy Note N7000 with ParanoidAndroid 3.10 ROM
Step 1 -Download 4.2.2 ParanoidAndroid Jelly Bean ROM for Galaxy Note on the computer.
Step 2 - Connect and mount the Galaxy Note USB mass storage on computer with the USB cable.
Step 3 - Without extracting, copy the downloaded ParanoidAndroid ROM  zip files to the phone's SD card.
Step 4 - Then switch off the phone and disconnect its USB cable from computer.
Step 5 - Boot the phone into Recovery Mode by pressing and holding Volume Up, Home and Power buttons together.
Step 6 - Once the device enters ClockworkMod Recovery, do a full data wipe by choosing Wipe Data/Factory Reset. NOTE: Use Volume buttons to navigate and Power button to select an option in Recovery.
Step 7 - Perform Wipe Cache Partition and then do Wipe Dalvik Cache. Dalvik Cache wipe is essential to prevent boot loops or any other errors. To do so, choose Advanced in CWM recovery and then click Wipe Dalvik Cache.
Step 9 - Return to the main recovery screen and tap on Install Zip from SD card.
Step 10 - Click Choose Zip from SD card. Use Volume keys to navigate to the ParanoidAndroid 3.10 ROM zip file that you copied earlier to the phone's SD card and select it by tapping the Power button. Confirm the ROM installation on next screen and the installation process should begin.
Step 11 - Once both the ROM is installed, choose "+++++Go Back+++++" and hit Reboot System Now in the recovery menu. The phone will reboot automatically and the first boot may take about 5 minutes to complete. So, please be patient.
Galaxy Note N7000 is now running the latest Android 4.2.2 ParanoidAndroid Jelly Bean ROM onboard. Go to Settings > About Phone to verify the firmware version installed.
Read more »

Sunday, August 25, 2013

ADSL အင်တာနက် Proxy address တွေကို Android ဖုန်း/Tablet ရဲ့ အင်တာနက် setting မှာထည့်နည်း



Android ဖုန်း/Tablet အသုံးပြုသူတွေမှာ တစ်ချို့တွေက ADSL လိုအင်တာနက်လိုင်းမျိုးကနေ Wifi လွှင့်ပြီး ဖုန်းမှာပြန်သုံးနေကြသူတွေရှိမှာပါ။ ADSL ဆိုရင် တစ်ချို့နယ်တွေမှာ Proxy ခံသုံးရပါတယ်။ ygncache.mpt.net.mm နဲ့ 8080 ဆိုတာ ထည့်သုံးရပါတယ်။ Android ဖုန်း/Tablet တွေမှာ Proxy ထည့်သုံးမယ်ဆိုရင် ဖုန်းကို Root လုပ် ၊ ပြီးရင် ProxyDroid လိုဆော့ဝဲမျိုးထည့်ပြီး အဲဒီဆော့ဝဲထဲမှာ ခုနက ပြောတဲ့ proxy address နဲ့ port တွေကိုထည့်သုံးရပါတယ်။ ခုနကပြောတဲ့ adsl လိုလိုင်းမျိုးမှာ proxy မထည့်ဘဲ wifi လိုင်းကိုဖုန်းကနေ ဒီအတိုင်းချိတ်ထားရင် proxy address နဲ့ port မထည့်ထားတဲ့အတွက် အင်တာနက်သုံးလို့မရပါဘူး။ နည်းနည်းအလုပ်ရှုပ်တာပေါ့ဗျာ ။ ဒါပေမယ့် Proxy ထည့်တဲ့ setting ဟာ Android System မှာ built-in ပါပြီးသားဆိုတာကို သိတဲ့သူတွေလည်းရှိသလို မသိသူတွေလည်းအများကြီးရှိနေပါတယ်။ ကဲ.. မသိသေးသူတွေအတွက် ဒါဆို Proxy ထည့်သုံးရတဲ့ Wifi အင်တာနက်လိုင်းတွေအတွက် Android ဖုန်း/Tablet တွေမှာ Proxy address နဲ့ Port တွေဘယ်လိုထည့်ရလဲဆိုတာ ပြောပြပါမယ်။ ဖုန်းရဲ့ setting ထဲက Wifi ထဲကိုဝင်ပြီး ကိုယ်သုံးမယ့် wifi လိုင်းတစ်ခုကိုချိတ်ဆက်ထားလိုက်ပါ။ Wifi လိုင်း ဖုန်းမှာ Connected ဖြစ်သွားပြီဆိုရင်တော့ အခုချိတ်ဆက်ထားတဲ့ Wifi လိုင်းနာမည်ပေါ်မှာ 3 စက္ကန့်ခန့် နှိပ်ထားလိုက်ပါ။ Pop up alert လေးတစ်ခုပေါ်လာပြီး Forget network နဲ့ Modify Network ဆိုတာလေးပေါ်လာပါမယ်။ Modify Network ထဲကိုဝင်ပါ။ ပြီးရင် show advanced options ကိုအမှန်ခြစ်ပေးပါ။ Proxy Settings မှာ Manual ကိုရွေးပါ။ ရွေးလိုက်တာနဲ့ အောက်ဘက်နားလေးမှာ Proxy host address နဲ့ Proxy Port ထည့်တဲ့နေရာလေးပေါ်လာပါမယ်။ အဲဒီမှာ ကိုယ့်အင်တာနက်လိုင်းရဲ့ proxy address နဲ့ proxy port ကိုထည့်ပြီး save လိုက်ပါ။ ပြီးရင်တော့ Proxy ထည့်ရတဲ့ အင်တာနက်လိုင်းကို ဖုန်း/Tablet ကနေအဆင်ပြေပြေစသုံးနိုင်ပါပြီ။

Credit To: Myanmar Mobile App

Thursday, August 22, 2013

Internet Settings ချိန်နည်းများ စုစည်းမှု

၂သိန်းအင်တာနက်Settingချိန်နည်းနှင့်၁၅၀၀တန်အင်တာနက်Settingချိန်နည်းအပြည့်
အစုံကိုတင်ပေးလိုက်ပါသည်။တခြားဖုန်းမော်ဒန်များအပြည့်အစုံပါဝင်ပါသည် 
အင်တာနက်Setting ချိန်နည်းတွင်ဖုန်းများအတွက်အင်တာနက် Setting မှတ်စုများ

Tuesday, August 20, 2013

Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနည်း

Huawei C8813  ကို GSM Sim ထည့်သွင်းအသုံးပြုနည်း  ပါ။
အခုနာက်ပိုင်း  အသုံးများနေတဲ့   Modeal တစ်မျိုးပါ  တန်ဖိုးနည်း လိုင်းကတ်ဖြစ်သော 1500 တန်  များအသုံးများနေကြတာတွေ့မြင်ရပါတယ်။Huawei C8813 က CDMA ကဒ်ထည့်ရတဲ့ဖုန်းပါ၊Huawei C8813  ကို GSM Sim ထည့်သွင်းအသုံးပြု လို့ ရပါတယ်  ဆိုရင် သင့် ယုံကြည့်ပါ့မလား  :)
Firmware ပြောင်းလဲပြီးတော့  တင်ကြည့် ရအောင် ဗျာ ..။

ဒီနေရာမှ  Download  ဆွဲလိုက်ရအောင်ဗျာ

မိမိ ဒေါင်းလော့ဆွဲလို့ ရလာတဲ့ အထဲ မှ . Zip ကို ဖြည် လိုက် ရင် dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
အရေးကြီးတာကတော့ Firmware တင်ဖို့ကအဓိက SD card ကောင်းကောင်းတစ်ကဒ်လိုပါတယ်။
ဘာလို့လဲဆိုတော့ သင် Firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်းစသည့် အခြေအနေ များကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။

၁ .ဖုန်းအား Power ပိတ်လိုက်ပါ။
၂ .ပီးရင် SD Card အား ကွန်ပျူ တာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၃ .ခုနက zip ဖိုင်ဖြည် ချထားတဲ့  dload folder အား SD Copy ကူးထည့် လိုက်ပါ။
၎ .သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။
၅ .ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select “OK”ပေးလိုက်ပါ။

Restart ကျသွားပါလိမ့်မယ်။
သူအလိုလို အလုပ်လုပ်ပါလိမ့်မယ် - Step 1> Step2 > Step 3
ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။
Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
Restart ထပ်ကျပြီး ပြန်တက်လာလျှင် Huawei C8813  ကို GSM Sim ထည့်သွင်းအသုံးပြုနိုင်ပါပြီ။


Thursday, August 15, 2013

Samaung Model များအား GSM Network unlock ပြုလုပ်နည်း


Root မလိုပဲ GSM Network unlock ဖြည်တဲ့နည်းပါ။  Samsung တော်တော်များများ မှာ  အလုပ်လုပ်ပါတယ်။MMAS မှလဲတင် ထားတာတွေ့ရပါတယ် ..။  နည်းခြင်းတော့ တူမတူတော့မပြောတတ်ဘူး .။ 

SIM network unlock PIN ဟုတွေ့ရပါမယ်..။  Home key နှိပ်ပြီး ပြန်ထွက်လိုက်ပါ။
မိမိ ဖုန်း Dial Pad မှတဆင့်  *#197328640# ကိုနှိပ်ပါ က  Service Mode သို့ရောက်ပါသွားပါလိမ့်မယ်...။ UMTS ကိုထပ် နှိပ်ပေးပြီး  Debug screen ကိုဆက်နှိပ်ပါ။ Phone Control ကိုနှိပ်ပါ။
Network Lock ကိုနှိပ်ပါ။ ထိုအထဲမှ  Perso SHA256 OFF ကိုနှိပ်ပြီးခနစောင့်ပါ။
ပြီးသွားလျှင်   ပြန်ထွက်လိုက်ပါမယ် (With Back Key )  NW Lock NV Data Initiallize ကိုနှိပ်ပြီး ကိုနှိပ်ပြီးခနစောင့်ပါ ။ ပြီးရင်တော့ဖုန်းကို Reboot ပြန်ချပေးလိုက်ပါ။

All Credit to galaxynote2 root.com

Tuesday, August 13, 2013

C8813 အတွက် Network Unlock Code တောင်းကြရအောင်..


နိုင်ငံခြားကဝယ်လာတဲ့ C8813 တွေဖုန်းကဒ်ထည့်တာ မသိဘူးလေ.. Carrier Lock (Network Lock)
 ဖြစ်နေတာပေါ့.. အဲဒီအတွက် Huawei ဆီက Code တောင်းလို့ရတယ်လို့ facebook မှာ တွေ့ထားတာ တော်တော်ကြာပြီ.. စမ်းပြီးမှ တင်မလို့ဆိုပြီးလုပ်နေတာ. အဲလို ဖုန်းမျိုးလာကို မလာဘူး.. ကိုယ့်ဟာကိုယ်သာ စမ်းကြပေတော့မိတ်ဆွေတို့ရေ..ဒီလိုဗျ..

1. mobile01@mail01.huawei.com ကို Email တစ်စောင်ပေးပို့ရပါမယ်.. ခေါင်းစဉ်ကိုတော့ ပြောမထားဘူးခင်ဗျ..
2. ပေးပို့ရမှာကတော့ ကိုယ့်ဖုန်းရဲ့အချက်အလက်တွေပါ..
model - c8813d
product - 20539054 နမူနာ
imei - 869126015618179 နမူနာ
meid - A0000042FAE9DD နမူနာ
S/N - R3D4CB9340514647 နမူနာ
အဲဒါတွေကို ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်လိုက်ရင် မြင်ရမှာပါ..
3. ပေးပို့လိုက်ရင် Code  ပြန်ပို့ပေးတယ်လို့ပြောတယ်ခင်ဗျ..


အဆင်ပြေပါစေ..

Monday, August 12, 2013

Huawei G610s မြန်မာဖောင့် ထည့်သွင်း အသုံးပြုနည်း ( မြန်မာစာ မှန်ကန်သွားပါပြီ)

 
Huawei G610s ကို zawgyi font အမှန်အကန် မြန်မာစာ မှန်ကန်သွားပါပြီ ။
 HTC ရဲ့ စံပြ Font လုံးဝမသုံးပဲ Zawgyi Fonts ကို သုံးပြီး အောင်မြင်သွားတာဖြစ်ပါတယ်။
 အခု Tool လေးကို Develop လုပ်ထားသူကတော့ ကိုပြည့်စုံ (MobiMax) မှဖြစ်ပါတယ်။
ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်  ကတော့ မိမိ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။အရင်ဆုံးလိုအပ်သော ဖိုင်ကို ဒေါင်းလော့အရင်စဆွဲလိုက်ပါမယ် ။
1. အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။
2. အထဲတွင် Original Fonts.rar  ဖိုင်နှင့် Zawgyi Font One Click Install.rar  ဟု  ရလာတဲ့ ဖိုင်ထဲမှ Zawgyi Font One Click  ကို Rar ဖိုင်ကို ဖြည့်ပါ
3. ထိုအထဲမှ GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
4. ပြီးရင် Press Any Key ကိုနှိပ်ပါ။
5. ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
6. ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင် Myanmar fonts ရရှိမှာဖြစ်ပါတယ်။

မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့

1. Oringinal Fonts.Rar အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။
2. နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။
3. ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။
4. Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ
5. ပြီးလျှင်  Zawgyi Font One Click  ကို  Rar ဖိုင်ကို ဖြည့် ပါ
6. ထိုအထဲမှ GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
7. ပြီးရင် Press Any Key ကိုနှိပ်ပါ။
8. ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
9. ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင်
10. Myanmar fonts ရရှိမှာဖြစ်ပါတယ်။

အဆင်ပြေပါစေ..

Saturday, August 10, 2013

မည်သည့် Galaxy Note 2 နဲ့ S3 မဆို Root မလိုပဲGSM Sim unlock လုပ်မယ်…

http://cloud.addictivetips.com/wp-content/uploads/2012/12/Galaxy-S3-Note-2-Permanent-Unlock.jpg
ကျွန်တော်လိုက်လေ့လာရင်းနဲ့တွေ့လာတဲ့နည်းလေးတစ်ခုပါ။ဘာလဲဆိုတော့ မည်သည့် Note2(AT&T Galaxy Note 2 SGH-i317, T-Mobile Galaxy Note 2 SGH-T999 & etc..,) နဲ့ S3 မဆို Root မလိုပဲ GSM Network unlock ဖြည်တဲ့နည်းပါ။တစ်ချို့လဲသိပြိးသားဖြစ်ပါလိမ့်မယ်။
မသိသေးတဲ့သူတွေအတွက် အသုံးဝင်မယ့်နည်းလေးမို့လို့ကျွန်တော်ပြန်လည်မျှပေးလိုက်ပါတယ်။

၁။  ဖုန်းကိုပါဝါပိတ်ပြီး unlock လုပ်ခြင်တဲ့ Sim card ကိုထည့်ပါ။ပါဝါပြန်ဖွင့်ပါ။
၂။  SIM network unlock PIN ဆိုတဲ့ Screen ကိုတွေ့ရပါလိမ့်မယ်။Home key (or) Back Key နဲ့ပြန်ထွက်လိုက်ပါ။
၃။  ဖုန်း Dial Pad မှ *#197328640# ကိုနှိပ်ပါ။Service Mode ၀င်သွားပါမယ်။
၎။  UMTS ကိုနှိပ်ပါ။
၅။  Debug screen ကိုဆက်နှိပ်ပါ။
၆။  Phone Control ကိုဆက်နှိပ်ပါ။
၇။  Network Lock ကိုနှိပ်ပါ။
၈။  အဲ့မှာ Perso SHA256 OFF ကိုနှိပ်ပြီးစက္ကန့်၃၀ကြာအောင်စောင့်ပါ။
၉။  Menu key နှိပ်ပြီး Back ပြန်ထွက်ပေးပါ။
၁၀။  NW Lock NV Data Initiallize ကိုနှိပ်ပြီး ၁မိနစ်ခန့်စောင့်ပါ။ပြီးရင်တော့ဖုန်းကို Reboot ပြန်ချပေးလိုက်ပါ။
ဖုန်းပြန်တက်လာပြီဆိုရင်တော့ Signal bar တက်လာပြီဖြစ်သလို 3G လဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

All Credit to galaxynote2 root.com

Thursday, July 25, 2013

usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်


အောက်မှာပေးထားတဲ့ zip ဖိုင်လေးကို sd ကဒ်ထဲထဲ့ပြီး သက်ဆိုင်ရာကီးကိုနှိပ်ပြီး recovery ထဲ ၀င်လိုက်ပါ။ ပြီးရင် update from sd card ကနေ ခုနဖိုင်လေးကို ရွေးပေးလိုက်ပါ။ ကျွန်တော့ဆီမှာတော့ U8950D နဲ့စမ်းတာတော့ OK တယ်ဗျာ.... စမ်းကြည့်ပေါ့။ အန္တရာယ်တော့ မရှိပါဘူး။ ကျွန်တော်စမ်းလုပ်ထားတာပါ။ မှားတာပါရင်လည်း ဆရာများက သင်ပြပေးပါလို့....


Credit to : ဂျစ်တူး(IT Space)
Huawei Phone Recovery Mode ဝင်ရန် = ဖုန်းကို ပါဝါပိတ်.. Volume Up ခလုတ်နဲ့ Power ခလုတ်ကို တွဲနှိပ်ထားပါ.. update from SD card ကိုရောက်ရန် Volume Up နဲ့ Volume Down ခလုတ်နဲ့ရွေးရပါတယ်..  ရွှေ့ပြီးရင် Home ကိုတစ်ချက်နှိပ်ပေးရပါမယ်..

Friday, July 19, 2013

Viber Free Call App ကိုအသုံးပြုပြီး Android Screen Lock ကို ကျော်ခွခြင်း

အခု အသုံးများနေတဲ့ Viber ဆိုတဲ့ Free Call မှာ အလွယ်ပြောရင် ယိုပေါက်...Hacker စကားအရပြောရင် Exploit ရှိနေပါတယ်... အဲဒီ Exploit ကနေ ဘာလုပ်လို့ရလဲဆိုရင် Screen Lock ကျနေတဲ့ဖုန်းတွေကို အင်တာနက်လေးဖွင့်လိုက်ရုံနဲ့ Screen Lock ဖြေနိုင်ပါတယ်တဲ့.. ကဲ..စိတ်ဝင်စားတဲ့သူများ ကလိကြည့်နိုင်ပါပြီ.ကျနော်လဲတွေ့တွေ့ချင်းဘဲတင်ပေးလိုက်ပါတယ်..အတူတူကလိကြတာပေါ့.. :).အောက်မှာ Video Tutorial လေးပေးထားပါတယ်။အဆင်ပြေကြပါစေ

>>Youtube Video Link Is Here<< 
 Download Video(Youtube မှာကြည့်ရန်အဆင်မပြေသူများအတွက်)

Viber is the most Popular app use by Smartphone users since it allows us to share messages,videos,pictures and the most important Phone calls without any charge.Just the thing it need a internet Connection.Viber lets you call other free contacts (always Viber) using VoIP and save on phone bills.





Viber is very Popular as because it offers too much features and supports all major mobile Platforms.Only and only on Android Over 100 million Viber app has been download through Google Play Store.But according to the latest reports emerged, Viber presents a serious security vulnerability that could allow users to completely bypass the lock screen of your Android device on which Viber installed.


This is means every device consisting viber App is vulnerable at this time devices Samsung, Sony and HTC according to what the security company Bkav Internet Security.

Thursday, July 18, 2013

Android ဖုန်း Lock Patten ဖြည်နည်း

Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ဖုန်းကိုပိတ်ထားသူများ Pattern သို့မဟုတ် Pin မေ့နေတယ်ဆိုရင်....

ဖုန်းထဲမှာ google account ဝင်ထား ဖို့လိုအပ်ပါတယ်။
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ Wi-Fi ချိတ်ထားဖို့ လိုပါတယ်။
ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်း တစ်လုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ။
Answer လုပ်လိုက်ပါ … ပြီးလျှင် Back Key နှိပ်ပြီး Settings >Location & Security ထဲကနေ Disable lock pattern လုပ်ပါ။
ဆက်ပြီးတော့ Settings >Accounts & Sync ကနေ Add Account ပြီးတော့ မိမိ Google account ကိုထည့်လိုက်ပါ။
ဒါဆိုရင် ဖုန်းချလို့ရပါပြီ။
အောက်ပါ အဆင့်တွေဆက်လုပ်ပါမယ် Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင် ” You have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds” ဆိုပြီး ပေါ်လာပါမယ်။ OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ။
သင့်ဖုန်းထဲမှာ ထည့်ထားတဲ့ Username နဲ့ Password ဖြည့်ပြီး Sign in လုပ်လိုက်ပါ။
အကောင့်ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ။
အဲဒီ Patten ကိုတော့ သေချာမှတ်ထားပြီး Continue နှိပ်ပါ။
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ်။
အခုဏကအတိုင်း Patten ပြန်ဆွဲပါ။
ပြီးရင် Confirm နှိပ်ပါ။

ပြီးပါပြီခင်ဗျာ...... နောက်ထပ်နည်းတွေ ရှိပါသေးတယ် အဆင်ပြေတဲ့အချိန် တင်ပေးပါမယ်။