-->

Friday, August 30, 2013

Top 10 Global websites (နာမည်အကြီးဆုံး ၀ဘ်ဆိုဒ် ၁၀ခု) in 2013

http://portnoise.wpengine.netdna-cdn.com/wp-content/uploads/2013/02/TopWebsites.png
မင်္ဂလာပါ။ကျနော် HARRIS မှကြိုဆိုပါတယ်။ကျွန်တော်လည်း ခုလူတွေအားလုံးသိအောင် ၂၀၁၃ မှာ နာမည်ကြီး ၀ဘ်ဆိုဒ် ၁၀ခု ကိုပြဦးပါမယ်ဗျာ။ Screenshot နှင့်တကွကြည့်ပါ။ အားလုံးသိအောင်လည်း ဝေမျှလိုက်ဦးနော်။ ထိပ်ဆုံးက တင်ထားတဲ့ဆိုဒ်က နာမည်အကျော်ကြားဆုံးပေါ့။ ကဲ လေ့လာကြစို့။

http://www.google.com 
ခုလူတိုင်း မရှိမဖြစ်သုံးနေတဲ့ အင်တာနက်သွေးကြော Google Search Engine ပါ။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတိုင်းလိုလိုအသုံးများပါတယ်။
 


http://www.facebook.com 
Facebook ဆိုတာက အလွယ်တကူလူမှုကွန်ယက်တစ်ခုပါ။ ၂၀၀၄ မှ စတင်တည်ထောင်တာဖြစ်ပြီး Mark Zuckerberg မှ တည်ထောင်ထားတာဖြစ်ပါတယ်။ သူက ဒုတိယ နာမည်ကျော် ၀ဘ်ဆိုဒ်အဖြစ်တည်ရှိနေဆဲပါ။ Facebook ကိုကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း အသုံးပြုပါတယ်။

http://www.youtube.com 
၂၀၁၁ ကစပြီး မြန်မာနိုင်ငံကစပြီး YouTube တို့ကို Access Denied အဖြစ်မှ လွှတ်ငြိမ်းခွင့်ပေးခဲ့ပါပြီ။ ခုလူတိုင်းလည်း Tutorials | Game cheats | MTV | Series | Film စသဖြင့် ပါသော ဗွီဒီယိုများ အလွယ်တကူတင်ခွင့်နှင့် ကြည့်ခွင့်များရှိပါတယ်။ YouTube က Google ရဲ့ အမျိုးစုထဲမှာ ပါပါတယ်။


http://www.yahoo.com 
Yahoo! ကို ထောင်တာ ၂၁ နှစ်ကျော်ခဲ့ပါပြီ။ Google မစမီကတည်းက သူက နာမည်ကြီးနေခဲ့တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအရမ်းအသုံးနည်းပါတယ်။ ဒါပေမယ့် Yahoo! ကနာမည်ကြီး စတုတ္တ၀ဘ်ဆိုဒ်နေရာမှာ တည်ရှိနေဆဲပါ။

http://www.baidu.com
တရုတ်လူမျိုးတွေရဲ့ အင်တာနက်ရှာဖွေရေးသွေးကြောတစ်ခုဖြစ်တဲ့ Baidu Search Engine ပါ။ တရုတ်ဟန်းဆက် (Android version) တွေရဲ့ Browser တွေမှာလည်း Baidu Search Engine ပါပါတယ်ဗျာ။ Baidu ဆိုတဲ့နာမည်က ဘီစီ ၈၀၀ ကတည်းက သုံးခဲ့တာ ခုထက်ထိ နာမည်လှလှလေးဖြစ်နေဆဲပါ။



http://www.wikipedia.org
Wikipedia က စာပေ၊ သမိုင်း၊ ပထ၀ီ အစုံစုံလေ့လာလို့ရပါတယ်။ နိုင်ငံတိုင်းလိုလိုဝင်ကြည့်ပြီး Project အဖြစ် လုပ်တယ်။ ဝေမျှကြတယ်လေ။ ဘာသာမျိုးစုံနှင့်လည်း သင်လိုရာကိုဖတ်နိုင်ပါပြီ။


http://www.qq.com
QQ က တရုတ်လူမျိုးရဲ့ အင်တာနက်သွေးကြောနောက်တစ်နေရာမှာပဲဗျာ။ Yahoo! ရဲ့ပုံစံအသွင်ကိုခိုးယူထားတဲ့ QQ တရုတ်ထုတ်ပါ။ Search Engine ဆိုပေမယ့် တရုတ်လိုနားလည်သူတွေပဲ သုံးကြပါတယ်။
http://www.linkedin.com
ဆက်သွယ်ဖို့ကွန်ယက်တစ်ခုပါ။ လင့်တွေပါတွေ share လို့ရပါတယ်။ မြန်မာနိုင်ငံမှာအသုံးနည်းပါတယ်။


http://www.amazon.com
အွန်လိုင်းမှာအလွယ်တကူ သင်လိုချင်ရာ ၀ယ်နိုင်မယ့် Online ဈေးကွက်ပါ။


http://www.live.com
MSN  အကောင့်ကိုဝင်ရမယ့်နေရာပါ။ ပြီးတော့ သူက Microsoft ရဲ့ဆွေမျိုးတော်တွေပါ။

0 မှတ်ချက်:

သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။

Note: Only a member of this blog may post a comment.