Chrome မှာ Extension တွေကို Manage လုပ်ဖို့ အတွက် Setting ထဲက
Extensioin Page ကို သွားရပါတယ်။ သင် ဟာ Extension တွေကို မကြာခဏ
Enable/Disable လုပ်ပြီးအသုံးပြုသူတစ်ယောက်ဆိုရင် SimpleExtManager ဆိုတဲ့
Chrome Extension ကို အသုံးပြုသင့်ပါတယ်။SimpleExtManager က Extension
တွေကို Browser Toolbar ကနေ လျှင်လျှင်မြန်မြန် Enable/Disable/Uninstall
လုပ်နိုင်သလို Extension တွေ ရဲ့ Option Page
ကိုပါအလွယ်တကူသွားနိုင်ပါတယ်။Extension တွေ သာမကဘဲ App , Theme တွေကို ပါ
Manage လုပ်နိုင်ပါတယ်။ SimpleExtManager ကို အင်စတာလုပ်ပြီးရင်
အိုင်ကွန်ကို Toolbar မှာတွေ့ မြင်နိုင်ပါတယ်။အိုင်ကွန်ကိုနှိပ်ပြီး
Extension တွေကို Enable/Disable လုပ်နိုင်ပါတယ်။အောက်ကို ဆက်ဆင်းသွားရင်
Apps ,Themes တွေကို တွေ့ မြင်နိုင်ပါတယ်။ Gear Icon ကိုနှိပ်ရင်
Extension ရဲ့  Option/Setting Page ကိုရောက်ရှိမှာပါ။
Extension တွေကိုရှာဖွေ ဖို့  Search Box လည်းပါရှိပါတယ်။Search Box ဘေးက Disable All ကိုနှိပ်ပြီး Extension အားလုံးကို Disable လုပ်နိုင်ပါတယ်။ SimpleExtManager ရဲ့  Options မှာ Extension တွေကို Group တွေ ခွဲခြားထားနိုင်ပါတယ်။ Groups တွေ ကို Groups Tab မှာတွေ့ မြင်နိုင်ပြီး Group အလိုက် Enable/Disable လုပ်နိုင်ပါတယ်။အဆင်ပြေပါစေ..












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.