ပန်းသီးချစ်သူများ မင်္ဂလာပါဗျာ..
ကျနော် ဒီနေ့ iphone ရဲ့ Dialer keypad မှာ မိမိစိတ်ကြိုက် Custom image
လေးတွေ ထည့်တဲ့နည်းလေး ပြောပြမှာပါ.ဒီနည်းလေး လိုက်လုပ်ဖို့ လိုအပ်တာလေးတွေ
ကတော့
၁ မိမိဖုန်းက Jailbroken ဖြစ်နေရပါမယ်
၂ iFile ရှိထားရပါမယ်
၃ photo Edit လုပ်ဖို့ PS Touch ရှိထားရပါမယ်
၎ Winterboard ရှိထားရပါမယ်
၅ Cydia ကနေ Color Keypad ကို install လုပ်ထားပေးပါ… ဒါဆို အားလုံးအဆင်သင့်ဖြစ်ပါပီ
ကဲစလိုက်ရအောင်..ပထမဆုံး မိမိအသုံးပြုမည့် ဓာတ်ပုံ ၁၀ပုံကို Ps Touch နဲ့
image size width145 x height145 ရအောင် Edit လုပ်ရပါမယ်. ပီးရင်
၁၀ပုံလုံးကို Png ဖိုင်ဖြင့် Camera Roll ထဲ save ထားလိုက်ပါ.ဒါဆိုရင်
ဓာတ်ပုံပြင်တဲ့ အပိုင်းပီးပါပီ..နောက် iFile ကိုသွားပါမယ်.. iFile > var
> mobile > media >DCIM > 100 Apple အဲ့မှာ အစောက လုပ်ထားတဲ့
ပုံတွေ အောက်ဆုံးမှာ ရှိနေမှာပါ မသေခြာရင် image viewer နဲ့ကြည့်ပီး
တွေ့ပီဆိုရင် ၁၀ပုံလုံးကို copy ကူးပီး back ပြန်ထွက်လိုက်ပါ.. ပီးး iFile
> Library > Theme > Color Keypad Theme > Bundles >
com.appe.TelephonyUI အဲ့မှာခုနကကူးလာတဲ့၁၀ပုံလုံးကို paste ကပ်လိုက်ပါ
ပီးရင် မူရင်းkeypad က keypad-mask-1@2x~iphone.png ဆိုတာလေးကို copy
ကူးထားလိုက်ပါ ..အဲ့ဒါမူရင်းkeypad ရဲ့ နံပါတ် ၁ နေရာက
ပုံဖြစ်ပါတယ်….အဲ့ဒီနေရာမှာ မိမိတို့ပုံလေးတွေ အစားထိုးဖို့
မူရင်းပုံတွေကို delete လုပ်လည်းရပါတယ်..ကျနော်ကတော့ delete
မလုပ်ပါဘူးဖိုင်name ထဲက iphone ရဲ့နောက်မှာ(iphone1.png) 1
လေးထည့်ပေးလိုက်ပါ.
ဒါဆိုရင် ကျနော်တို့ကူးလာတဲ့ ပုံတွေကို file name ပြောင်းလို့ရပါပီ
..ပထမပုံကို အစောက ကူးလာတဲ့ ဖိုင် name ကို past
ကပ်လိုက်ပါ..ဒုတိယပုံကိုလည်း အဲ့လိုပဲ paste ကပ်ပီးဖိုင် name ရဲ့
keypad-mask ရဲ့ နောက်မှာ 2 လေးထည့်ပေးလိုက်ပါ.တတိယပုံအတွက်လည်း ဒီလိုပဲ 3
လို့ထည့်ပေးလိုက်ပါ အဲ့ဒီအတိုင်း ၁၀ ပုံလုံးပြောင်းပေးလိုက်ပါ..အားလုံး
ဖိုင် name ပြောင်းပီးသွားရင် ပီးပါပီ..နောက်ပြန်ထွက် home.. သွား
setting> winterboard> theme မှာ Color Keypad ကိုအမှန်ခြစ်ပီး
Respring ချပေးလိုက်ပါ ဖုန်းပြန်ပွင့်လာရင် မိမိတို့ထည့်ထားတဲ့
ပုံလေးတွေနဲ့ Dialer Keypad လေးလန်းနေပါလိမ့်မယ်..
0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.