-->

Thursday, January 9, 2014

ရန်ကုန်မြို့ ရဲ့  ဈေးအကြီးဆုံးများထဲက အိမ်တစ်လုံး


ကျွန်တော်နည်းပညာအကြောင်းမဟုတ်ပဲ တင်တာကိုတော့ အနူးညွှတ်တောင်းပန်ပါတယ်ဗျာ။ လိုရမယ်ရ သိလိုကြတဲ့ မိတ်ဆွေတွေအတွက် အကျိုးရှိစေအောင် ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။
 
အိမ်တည်နေရာ ရန်ကင်းမိုးကောင်း လမ်းမပေါ်မှာဖြစ်ပြီး ၃ထပ် RC အဆောက်အအုံ ဖြစ်ပါတယ်။ ၁၄ပေ ဟောခန်း ၄ ခန်း၊ ပထမထပ်မှာ မာစတာခန်း ၁၁ ခန်း၊ အပေါ်ဆုံးထပ်မှာ ဟောခန်း ၁ ခန်း၊ ရုံခန်း ၁ ခန်း ပါဝင်ပါတယ်။

အိပ်ခန်းက ၁၂ ခန်း၊ ရေချိုးခန်းက ၁၇ ခန်း ရှိပြီး အိမ်အကျယ် ၇၃၀၀ စတုရန်းပေ ရှိပါတယ်။ ဖုန်း ၂ လုံး ပါဝင်ပြီး ပါဝါမီတာ ၁ လုံး ပါရှိပါတယ်။ ဈေးနှုန်းက အံ့မခန်းပါပဲ။ မြန်မာကျပ်ငွေ သိန်း ၂၉၀၀၀ ကျပ် တိတိ ရှိပါတယ်။ ဒီတော့ ရန်ကုန်မြို့ က ဈေးကြီးပါတယ်ဆိုတဲ့ အိမ်များ စာရင်းထဲကို ပါဝင်သွားမှာ ဖြစ်ပါတယ်။ မိသားစုလိုက်နေနိုင်တဲ့အပြင်၊ ဟိုတယ်၊တည်ခိုခန်းတောင် ပြန်ဖွင့်လို့ရတဲ့ အိမ်အမျိုးအစား ဖြစ်ပါတယ်။

ဈေးကြီးသွားရတဲ့ အကြောင်းအရင်းက အဓိက အချက်အချာကျတဲ့နေရာမှာ တည်ရှိနေလို့ ဖြစ်ပါတယ်။ တိုက်က ၂၀၁၀ ခုနှစ်က ဆောက်လုပ်ခဲ့တာဆိုတော့ ၃၊၄ နှစ်သာ သက်တမ်းရှိသေးတဲ့ တိုက် ဖြစ်ပါတယ်။ သိန်း ၃ သောင်းနီးပါး တန်ဖိုးရှိတဲ့ ယင်းအိမ်ကို http://www.house.com.mm/other-house-yangon-city-6065-16.html ထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။


Aung Ko Htet 
 

Monday, January 6, 2014

VLC Player 2.1.2


Media Player ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် VLC Player ရဲ့ နောက်ဆုံးထွက် Version လေးကို တင်ပေးလိုက်ပါတယ်။ ဒီ player ကတော့ format တော်တော်များများကို support လုပ်တဲ့အတွက် လူကြိုက်များတဲ့ player တစ်ခုဖြစ်ပါတယ်။ Windows Media Player မှာ ဖွင့်လို့မရတဲ့ format တော်တော် များကို လည်း ဖွင့်လို့ရတဲ့ အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ player တစ်ခုဖြစ်ပါတယ်။

Download Links
Link 1>>Solidfiles
Link 2>>Miloshare

www.mdyblogger98.blogspot.com

Sunday, January 5, 2014

Format Factory 3.2.0



Format Factory ဆိုရင် လူတိုင်းသိကြမယ်ထင်ပါတယ်။ မသိသေးတဲ့လူတွေအတွက် ကျွန်တော် နည်းနည်းရှင်းပြပါ့မယ်။ Format Factory ကို video ဖိုင်ကနေ audio ဖိုင်ပြောင်းတာတို့ video ဖိုင်၊ audio ဖိုင်၊ image ဖိုင် တွေရဲ့ file extension တွေပြောင်းတဲ့နေရာမှာ လည်းသုံးလို့ရပါတယ်။ ဒီဆော့ဝဲကို ဘာကြောင့် လူကြိုက်များရတာလဲဆိုရင်တော့ သူဟာ အသုံးပြုရတာလွယ်ကူပြီး အလုပ်လုပ်တာ မြန်ဆန်တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီးသူဟာ free ပေးတဲ့ software ဖြစ်တာကြောင့် crack လုပ်စရာမလိုပါဘူး။လိုချင်တဲ့လူများ အောက်ပါ လင့်မှာ သွားရောက် ဒေါင်းလုပ် လုပ်ယူနိုင်ပါပြီ။

Format Factory is a multifunctional media converter.
Provides functions below:
All to MP4/3GP/MPG/AVI/WMV/FLV/SWF.All to MP3/WMA/AMR/OGG/AAC/WAV.All to JPG/BMP/PNG/TIF/ICO/GIF/TGA.Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format.
Supports RMVB,WatermarkAV Mux.
Format Factory's Feature:
1 support converting all popular video,audio,picture formats to others.
2 Repair damaged video and audio file.
3 Reducing Multimedia file size.
4 Support iphone,ipod multimedia file formats.
5 Picture converting supports Zoom,Rotate/Flip,tags.
DVD Ripper.
7 Supports 62 languages
OS requirements: All Windows OS

Download Links
Link 1>>Solidfiles
Link 2>>Miloshare

www.mdyblogger98.blogspot.com

Friday, January 3, 2014

GOOGLE CHROME 33.0.1750.5 DEV



Google ရဲ့ chrome browser ဟာဆိုရင် လူသုံးအများဆုံး browser တွေထဲကတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်တွေကတော့ လျှင်မြန်မှု၊ လုံခြုံစိတ်ချရမှု တွေအပြင် design ကိုလဲ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ အသုံးပြုနိုင်တဲ့ အတွက် လူကြိုက်များနေရခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစာပေါ်အောင်လုပ်ဖို့ အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင် ဟောဒီမှာ သွားကြည့်လိုက်ပါ။ official site ကိုဝင်ဒေါင်းမယ်ဆိုရင် downloader ပဲရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မြန်မာပြည်က ကွန်နက်ရှင်နဲ့ သိပ်ပြီးတော့ အဆင်မပြေပါဘူး။ ခု ကျွန်တော်တင်ပေးမှာကတော့ offline သွင်းလို့ရတဲ့ offline installer ဖြစ်ပါတယ်။ 35.3MB ရှိတဲ့ file ကို IDM နဲ့ဒေါင်းပြီး install လုပ်လိုက်ရုံပါပဲ။



Download Link 1>>>Here

Tuesday, December 31, 2013

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

 
iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်

မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ 
မန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။


လုပ်ငန်းစဉ် 
 
မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။

မြန်မာလက်ကွက် အတွက် Install Source (2)
  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard
Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)


မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။
 
ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

Credit To : ကိုမိုးသကြား

Friday, December 27, 2013

iPhone, iPad Reset Settings များအကြောင်း

"Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာများကို ကိုမိုးသကြားဆိုဒ်မှာတွေ့လို့ ရှဲလိုက်ပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...
  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ... 

Credit To : ကိုမိုးသကြား

မြန်မာဖောင့် နှင့် ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...

iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက် Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete" တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်..


Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..

၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)

**2014 Top Cydia Sources**

  • Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
  • Repo Cydia: http://RepoCydia.com
  • BiteYourApple: http://repo.biteyourapple.net
  • HackStor repo: http://cydia.myrepospace.com/Hackstore/
  • HackYouriPhone: http://repo.hackyouriphone.org
  • iHacks: http://ihacksrepo.com
  • insanelyi: http://repo.insanelyi.com
  • idwaneo: http://idwaneo.org/repo
  • ihackstore: http://ihackstore.com/repo
  • theiphonespotrepo: http://apt.theiphonespotrepo.net
  • myrepospace (iAP Cracker): http://cydia.myrepospace.com/urus
  • Xsellize: http://cydia.xsellize.com
  • THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
  • EasyWakeup.net: http://easywakeup.net/repo/
  • iFone1 Norway: http://c.ifon1.no/
  • Ste: (ScuummVM): http://urbanfanatics.com/cydia/
  • Intelliborn (IntelliScreen) : http://intelliborn.com/cydia
  • Games Team source: http://apt.123Locker.com
  • SOSiPhone: http://cy.sosiphone.com/
  • Pushfix: http://cydia.pushfix.info/

**မြန်မာစာဖောင့်သွင်းယူရန်**

Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။


iOS 7+ နှင့် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မယ့် AppSync 7+
Source: " http://cydia.appaddict.org " and Appsync for iOS 7.0 + install.

**Working Tweaks with iOS 7+**
  • Accelerate
  • AirPlayServer
  • BadgeClearer
  • DateCarrier
  • Deck
  • F.lux
  • FireWall iP
  • FolderCloser
  • GridLock
  • Icon Renamer
  • MiniPlayer
  • MyWi
  • NoNewsIsGoodNews
  • NoStoreButton
  • OverAchiever
  • PandoraSkips
  • Plugication
  • Poof
  • PrivaCy
  • Repsring
  • ShakeToUndo Killer
  • Signal 2
  • Signal Booster
  • SIGnify
  • Software Update Killer
  • StatusHUD
  • SwipeSelection
  • TimeForAlarm
  • WelcomeMew
  • Five Icon Dock iOS 7
  • Flipswitch
  • HiddenSettings7
  • iCleaner Pro
  • iPhone4Parallax
  • KillBackground7
  • Mobile Terminal
  • Movie Box
  • Music Box
  • MyFile
  • Open
  • Preference Loader (Must Reinstall after every tweak/cydia app install or reboot)
  • Poof
  • Sicarius
  • Speed Intensifier
  • SwipeToRespring
  • HarlemShake7
  • AirDrop Enabler 7.0+
Credit To : ကိုမိုးသကြား

Thursday, December 26, 2013

AusLogics BoostSpeed 6.4.1.0 Full

AusLogics BoostSpeed 6.4.1.0 
ကွန်ပြုတာနှင့်အင်တာနက်ကွန်နက်ရှင်ကိုမြန်ဆန်အောင်လုပ်ဖို့ အကောင်းဆုံးဆော့လ်ဝဲကတော့ Auslogics Boostspeed ဖြစ်ပါတယ်။Disks နှင့် Registry ကို ရှင်းလင်းခြင်း၊Defrag လုပ်နိုင်ပြီး စက်ရဲ့လုပ်နိုင်စွမ်းကိုအမြင့်ဆိုးထိရောက်အောင် လုပ်ပေးပါတယ်။စက်တတ်မြန်ပြီး 
programs များကိုမြန်မြန်ဖွင့်ရုံသာမက Internet Explorer, Firefox တို့ကိုပါ optimize လုပ်နိုင်ပါတယ်၊
ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက်အပြည့်အစုံကိုအောက်မှာဖတ်နိုင်ပါတယ်၊အဆင်ပြေပါစေ။

Download >> Link 1 / Link 2
Features:

Speed Up PC With BoostSpeed
Modify Windows settings, file system and services to greatly increase system performance. Increase startup and shutdown speed, disable annoying CD autorun and error reporting features. BoostSpeed will keep monitoring your system for possible optimizations and let you know if such optimizations are possible. You can also run the System Optimization Wizard to periodically optimize your PC.

Speed Up Internet
Adjust your PC for faster images, music and software downloads, increased browsing speed and reliable Internet connections. View your download speed and graphs. To gain additional performance boost you can also turn on DNS Optimization.

Block Banner Advertisements
Tired of annoying banner advertisements accompanying many web sites? Now you can eliminate advertisements and also speed up your Internet browsing with BoostSpeed Banner Killer! You can add your own web sites to the black list to block them from showing their advertisements.

Keep Disk and Registry Clean
Get rid of junk on the disks and registry of your PC. Remove hazardous and space-wasting files left by untidy programs and crashes of your system. Dramatically increase the performance of your PC by cleaning, optimizing and defragmenting local disks and registry.

Optimize Memory and Appearance
Badly written applications constantly steal memory without giving it back. That’s why your PC becomes unstable with time and you have to reboot. BoostSpeed automatically frees up computer memory to gain additional performance boost. You can also manually recover memory and clipboard.

Keep your PC fast and safe
BoostSpeed will detect most of the popular “PC-slowers” – bundle-software (such as eDonkey or Kazaa) which silently download malware and spyware to your computer, taking up internet traffic and slowing down the system. This will also keep your system safe from prying eyes of spyware programs.

Boost Software Products
BoostSpeed can improve performance of different software products, including Microsoft Office, Internet browsers (such as Internet Explorer, Opera, Mozzila), E-mail clients (Outlook, The Bat), MSN Messenger, ICQ, Media Player and others.

System Optimization Tools
Greatly increase your PC startup speed with Autorun Manager, where you can disable or remove the programs which try to load up when Windows starts up. Force-uninstall unwanted software products which take up space on your computer and slow it down.

Networks Tools
Keep your connection alive while you’re away, synchronize your computer clock with atomic clock over the Internet, lookup domain names and IP addresses, measure your Internet connection speed. Troubleshoot and improve your Internet connection and local network with an excellent selection of network management tools.

GlarySoft Glary Utilities Pro v4.2.0.74 Full

 
GlarySoft Glary ကကွန်ပြုတာရဲ့လုပ်ဆောင်နိုင်စွမ်းနှင့်ကာကွယ်နိုင်တဲ့ tweaks နဲ့ utilities တို့စုစည်းထားတာပါ။မလိုအပ်တဲ့ဖိုင်၊ registry အဝင်အထွက်နှင့်အင်တာနက် history တို့ကိုရှင်းလင်းနိုင်ပါတယ်၊Browser ရဲ့လုပ်နိုင်စွမ်းကိုတိုးချဲ့ခြင်း၊ disk space အသုံးကိုပိုင်းခြားခြင်းနှင့် (duplicate) ထပ်နေတဲ့ဖိုင်များကိုရှာဖွေပြီး စီမံခန့်ခွဲနိုင်ပါတယ်၊ပျက်ဆီးနေတဲ့ window shortcut ကိုရှာဖွေ၊ပြုပြင်ခြင်းနှင့်ဖယ်ရှားနိုင်ပြီး ဒီဆော့လ်ဝဲမှာပါတဲ့လုပ်ဆောင်ချက်အပြည့်အစုံနှင့်
ဘယ်စက်မှာအသုံးပြုနိုင်လဲဆိုတာကို အောက်မှာဖတ်နိုင်ပါတယ်၊အဆင်ပြေပါစေ။

Download >> Link 1 / Link 2
Clean Up & Repair
• Disk Cleaner. Removes junk data from your disks and recovers disk space
• Registry Cleaner. Scans and cleans up your registry to improve your system’s performance.
• Shortcuts Fixer. Corrects the errors in your startmenu & desktop shortcuts
• Uninstall Manager. Uninstalls programs completely that you don’t need any more

Optimize & Improve
• Startup Manager. Manages programs which run automatically on startup
• Memory Optimizer. Monitors and optimizes free memory in the background
• Context Menu Manager. Manages the context-menu entries for files, folders …
• Registry Defrag. Defrag the Windows registry to speed up your computer

Privacy & Security
• Tracks Eraser. Erases all the traces, evidences, cookies, internet history and more
• File Shredder. Erases files permanently so that no one can recover them
• File Undelete. Quick and effective way to retrieve accidentally deleted files
• File Encrypter and Decrypter. Protects your files from unauthorized access and use.

Files & Folders
• Disk Analysis. Shows you the disk space usage of your files and folders
• Duplicate Files Finder. Searches for space-wasting and error producing duplicate files
• Empty Folders Finder. Finds and removes empty folders in your windows
• File Splitter and Joiner .. Splits large files into smaller manageable files, and then rejoin them.

System Tools
• Process Manager. Monitors programs that run on your PC and stop spyware and Trojans.
• Internet Explorer Assistant. Manages Internet Explorer Add-ons and restores hijacked settings
• Windows Standard Tools. Provides direct access to the useful windows default functions.

System Requirements:
  • Windows 2000, XP, Vista, Windows 7, Windows 8 (32-bit & 64-bit).