
Galaxy Grand 2 သည် Galaxy Grand ဒီဇိုင်းအတိုင်း အနီးစပ်ဆုံး ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို အသုံးပြုထားသည်။ Galaxy Grand 2 တွင် WVGA ၅.၂ လက်မ 720p display အသုံးပြုထားကာ quad-core ပရိုဆက်ဆာကို အသုံးပြုထားသည်။
Galaxy Grand တွင် အသုံးပြုခဲ့သော 1.2GHz clock speed ကိုပင် Grand 2 တွင် ထပ်မံ အသုံးပြုထားသည်။ အခြား hardware feature များမှာ 8-megapixel ကင်မရာနှင့် Android 4.3 ကို အသုံးပြုထားပြီး ဘက်ထရီမှာ 2,600mAh ဖြစ်သည်။ သို့ရာတွင် 4G ကွန်ရက်ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။
Galaxy Grand 2 ကို အဖြူ ၊ အမည်း နှင့် ပန်းရောင် ဟူ၍ အရောင်သုံးမျိုးဖြင့် ရရှိနိုင်ပြီး သတ်မှတ်ထားသည့် နိုင်ငံအချို့တွင်စတင် ရောင်းချ ပေးမည်ဖြစ်သည်။ ရောင်းချမည့် နိုင်ငံ၊
ဈေးနှုန်းနှင့် ရောင်းချမည့် အချိန်တို့ကို ကုမ္ပဏီက ကြေညာထားခြင်း မရှိသေးပေ။
Credit to:Internet Journal












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.