
Samsung Galaxy S5 မှာ ပါဝင်တဲ့ Processor ဟာ လက်ရှိ iPhone 5S ကအတိုင်း 64 bit architecture ဖြင့် တည်ဆောက်ထားတဲ့ Processor ဖြစ်ပြီး ကမ္ဘာ့ Processor အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာ ပါဝင်လာစေ မယ် လို့ ဆိုပါတယ်။ ကင်မရာ ရဲ့  Pixel လည်း မြင့်လာပြီး 16 Megapixel ရှိပါတယ်။ Screen လည်း ပိုကြီးလာသလို အရည် အသွေး ကလည်း 2560×1440 resolution ရှိပါတယ်။ ဒီတော့ Samsung Galaxy S5 မှာ ပါဝင်တဲ့ spec တွေကလည်း ၂၀၁၄ ခုနှစ်အတွက် ဖုန်းစာရင်းထဲမှာ ထိပ်တန်းဖြစ်လာအုံးမှာ ဖြစ်ပါတယ်။
Samsung Galaxy S4 ကို ၂၀၁၃ခုနှစ် ဧပြီလကုန်လောက်က ဖြန့်ချိခဲ့ တာ ဖြစ် ပါတယ်။ သို့ပေမယ့် Samsung Galaxy S5 ကတော့ တစ်နှစ် မပြည့်ပဲ အချိန်ခပ်စောစော ထွက်လာနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Ref & Credit: Smart Pro Journal












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.